ထိုင်းရောက်မြန်မာများအား ဩဂုတ်လလယ်မှ စ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်း၍ PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများ အနေဖြင့် ရက်ချိန်းတိုကင်မလိုအပ်ဘဲ ပြုလုပ်နိုင်ကြောင်း သံရုံးကြေညာ

 

ရန်ကုန်  ဩဂုတ်  ၁၃


ဩဂုတ်  ၁၇ ရက်ကစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်း (ရပ်ဆိုင်း)သွားမည်ဖြစ်ကြောင်းနှင့်  PJ နိုင်ငံကူးလက်မှတ်အသစ်    ပြုလုပ်လိုသူများအနေဖြင့်    ရုံးဖွင့်ရက်များတွင်    မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင်မလိုအပ်ဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်ကြောင်း  ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံရုံးက  အသိပေး ကြေညာထားသည်။


ထိုင်းနိုင်ငံရောက်  PJ   နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အား ဩဂုတ်  ၁၃  ရက်တွင်  ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံရုံးက အသိပေးကြေညာထားခြင်းဖြစ်သည်။  


သံရုံး၏ ထုတ်ပြန်ကြေညာချက်အတွင်း   PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ၂၀၂၅  ခုနှစ် ဇွန်   ၃၀  ရက်တွင်    သက်တမ်းကုန်သူများအား စာအုပ်အသစ်ပြုလုပ်ပေးရန်အတွက် ၂၀၂၃   ခုနှစ် ဒီဇင်ဘာ   ၂  ရက်မှစတင်၍    စနေနေ့တိုင်း လူကိုယ်တိုင်   ရက်ချိန်းတိုကင်လာရောက်ယူခြင်း ကို စီစဉ်ခဲ့ကြောင်း သိရသည်။


ယခုအခါ    ရက်ချိန်းတိုကင်ရယူသူ     အရေ အတွက်မှာ အလွန်နည်းပါးသွားပြီဖြစ်၍ လာမည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ ရက်   (စနေနေ့)  မှစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို  ရပ်ဆိုင်း (ရပ်ဆိုင်း)သွားမည်ဖြစ်ကြောင်းနှင့်     PJ   နိုင်ငံကူးလက်မှတ် အသစ်  ပြုလုပ်လိုသူများအနေဖြင့်   ရုံးဖွင့်ရက်များ တွင်   မြန်မာသံရုံး၊    ကောင်စစ်ဌာနသို့   ရက်ချိန်း တိုကင်မလိုအပ်ဘဲ     ကိုယ်တိုင်လာရောက်ပြုလုပ် နိုင်ပါကြောင်းလည်း ပါရှိသည်။


၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ သက်တမ်း ကုန်သူများကို   ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးထုတ်ပြန် ချက်တွင် ပါရှိသည်။


MT