
ရန်ကုန် ဩဂုတ် ၁၃
၂၀၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) ပထမနေ့ကို သြဂုတ် ၁၃ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်းအနိုင်ရပြီး အား/ကာ သိပ္ပံအသင်း ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၇ မိနစ်တွင် ဝင်းစန္ဒာ က ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူ ခဲ့သော်လည်း ၃၈ မိနစ်တွင် လှယဉ်ဝင်းက မြဝတီအသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရှိရန် ကြိုးပမ်းခဲ့ပြီး မြဝတီအသင်းအတွက် အနိုင်ဂိုးကို ၈၇ မိနစ်တွင် လှယဉ်ဝင်းက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို မြဝတီ အသင်းအတွက် နှစ်ဂိုးသွင်းယူခဲ့ သည့် လှယဉ်ဝင်းက ရရှိသည်။ ယခုပွဲအပြီးတွင် မြဝတီအသင်း က ၁၂ ပွဲကစား ရမှတ် ၂၀ ရထား ပြီး ရှမ်းယူနိုက်တက် အသင်းမှာမူ ၁၁ ပွဲကစား ၁၁ ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
စလင်းကွင်း၌ ကျင်းပသည့်ပွဲ တွင် အား/ကာသိပ္ပံအသင်းက သစ္စာအားမာန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုး များကို ကိုးမိနစ်တွင် လင်းမြင့်မိုရ်၊ ၁၄ မိနစ်တွင် ရွှေရည်ထွန်းနှင့် မိနစ် ၃၀ တွင် နုနုတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို အား/ကာသိပ္ပံအသင်းမှ လင်း မြင့်မိုရ်က ရရှိသည်။ ယခုပွဲအပြီး တွင် အား/ကာသိပ္ပံအသင်းက ၁၁ ပွဲကစား ၂၉ မှတ်၊ သစ္စာအားမာန် အသင်းက ၁၁ ပွဲကစား ၁၂ မှတ် ရရှိသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MWL