တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်   ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏  ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ   သြဂုတ်  ၁၈ ရက် တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ဘားအံမြို့နယ်  နောင်လုံကျေးရွာအနီး၌  မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် ထိုင်းနိုင်ငံထုတ်  Smart Fabric Softener  ဆပ်ပြာအမွှေးဆီ အထုပ်  ၁၂၀၀ အပါအဝင်  ကုန်ပစ္စည်းငါးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့်   Nissan Condor Truck  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)  စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၅၀၀၀၀၀  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၈ ရက်တွင် ဒိုက်ဦးမြို့  မြို့အဝင်၌ မြဝတီမြို့မှ တောင်ငူမြို့သို့   မောင်းနှင်လာသည့်    မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်   Vegetable Cooking Oil ငါးလီတာပါ  ဘူး ၁၈၀ အပါအဝင်  ကုန်ပစ္စည်းသုံးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၅၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jinbei Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)  နှင့်   သြဂုတ် ၁၉ ရက်တွင် ဘုရားကြီးမြို့လမ်းဆုံအနီး၌  သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံထုတ် Yum Yum ခေါက်ဆွဲ ခြောက် အထုပ် ၉၀၀ အပါအဝင်  ကုန်ပစ္စည်းနှစ်မျိုး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၈၀၀၀၀) နှင့်  အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် KIA Bongo တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၂၀ ရက်တွင် ပဲခူးခရိုင် နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၃၃၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၄၂၂၆)ကို သစ်တောဥပဒေအရ   လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၃၉၉၂၂၆ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်    တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  စစ်ကိုင်းမြို့ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀) ကိုလည်းကောင်း၊ မုံရွာ မြို့နယ်အတွင်း၌  လိုင်စင်မဲ့ New Anbo  မော်တော်ဆိုင်ကယ်တစ်စီး  အပါအဝင် မော်တော်ဆိုင်ကယ်ခုနစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) ကိုလည်းကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၂၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာ သည့် တရုတ်နိုင်ငံထုတ် Itel Mobile Phone ခြောက်လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀)   ကိုလည်းကောင်း၊    မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် CHIGO Air Conditioner အလုံး  ၆၁၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃၆၀၀၀၀၀)ကိုလည်းကောင်း၊ TMT ဆိပ်ကမ်း၌  ကုန်သေတ္တာနှစ်လုံးအတွင်းမှ Country of Origin လွှဲမှားသည့် CMP ချုပ်ထည် အမျိုးသမီးဝတ် ကုတ် အင်္ကျီ  ၈၅၉၃ ထည်အပါအဝင်  အဝတ်အထည် လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၃၆၇၅၇၀၀) ကိုလည်းကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ်  ၆၈၈၁၇၅၇၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၀ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင် တပ်ကုန်း မြို့နယ်၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၆၂၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၄၀၄၈)ကို  ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်၈၀၇၅၈၈၉၇၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။                                 

သတင်းစဉ်