ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိမှုအခြေအနေ

 

နေပြည်တော်     ဩဂုတ်    ၂၀
ယနေ့  မွန်းလွဲ ၁၂ နာရီခွဲ  တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၂၉ ပေ (၁၃၅၀ စင်တီ မီတာ) အောက်   သုံးပေခွဲခန့် (၁၀၆ စင်တီမီတာ)တွင်   ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်  ၃၆  နာရီအတွင်း  ယင်းမြို့၏  စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၃၂ ဒသမ ၈၁ ပေ (၁၀၀၀ စင်တီ မီတာ) အောက် သုံးပေကျော် (၉၆ စင်တီမီတာ)တွင်   ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မင်းကင်းမြို့နယ်နှင့် မုံရွာမြို့နယ် များအတွင်းရှိ    မြစ်ကမ်းအနီးနှင့်   မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင် ကြပါရန် အကြံပြုအပ်ပါသည်။           
 မိုး/ဇလ