
ရန်ကုန် ဩဂုတ် ၂၀
U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ အုပ်စုပထမနေ့ကို သြဂုတ် ၂၀ ရက်က ဂျပန် နိုင်ငံ ချီဘားမြို့၌ကျင်းပရာ မြန်မာ ယူ-၁၂ အသင်း တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။
မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပထမနေ့တွင် နှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမပွဲတွင် ဂျပန်ကလပ် တိုဇူကာလူငယ်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင် ရရှိကာ ဒုတိယပွဲတွင် ဂျပန်ကလပ် ကာရှီမာအန် တာလာ လူငယ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည်။ ပထမအဆင့် အုပ်စုပွဲစဉ်များကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ နောက်ဆုံးအဆင့် တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် နောက်ဆုံးအဆင့် တက် ရောက်ခွင့်ရရန် အခြေအနေကောင်းနေသည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၂၁ ရက် (ယနေ့) နံနက်ပိုင်းတွင် ဘာဆာရာဟိုဂိုလူငယ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - MFF