
မန်စီးတီးအသင်း ကွင်းလယ် ကစားသမား ဖီးလ်ဖိုဒင်သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (ပီအက်ဖ်အေ) ၏ အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့ပြီး ချယ်ဆီးအသင်း တောင်ပံကစားသမား ကိုးပဲလ်မာ က တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ ကြောင်း သိရသည်။
ယင်းမှာ ၂၀၀၉ - ၂၀၁၀ ခုနှစ်နောက်ပိုင်း ပီအက်ဖ်အေ အမျိုးသားတစ်နှစ်တာ အကောင်း ဆုံးကစားသမားဆုနှင့် လူငယ် အကောင်းဆုံး ကစားသမားဆု တို့ကို ဆွတ်ခူးနိုင်သည့် ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ သည်။ ဖိုဒင်သည် ၂၀၂၃-၂၀၂၄ ရာသီတွင် ၃၅ ပွဲပါဝင်ကစားကာ ၁၉ ဂိုးသွင်းယူပေးပြီး မန်စီးတီး အသင်းကို စံချိန်တင် လေးကြိမ် ဆက် ပရီမီယာလိဂ်ဖလား ဆွတ်ခူးရရှိရန် ကူညီပေးထားနိုင် သူ ဖြစ်သည်။
ထို့ပြင် ဖိုဒင်သည် ပရီမီယာ လိဂ်ဖလားကို ခြောက်ကြိမ် ဆွတ်ခူးထားနိုင်သည့် အသက် အငယ်ဆုံး ကစားသမားအဖြစ် လည်း မှတ်တမ်းဝင်ထား သည်။
ဖိုဒင်သည် ယမန်နှစ်က ပရီမီယာလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကိုလည်း အသင်း ဖော် ဟာလန်း၊ ရိုဒရီ၊ ပဲလ်မာ၊ အိုဒီဂတ်၊ ဝတ်ကင်စ် တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိထား သူ ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ချယ်ဆီး တောင်ပံကစားသမား ပဲလ်မာ သည် အသင်းအတွက် ၎င်း၏ ပွဲဦးထွက်ရာသီတွင် ပရီမီယာလိဂ် ၃၄ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၂ ဂိုး သွင်းယူပေးထားနိုင်သည်။ ပဲလ်မာသည် အာဆင်နယ်အသင်း မှ ဆာကာ၊ မန်ယူကစားသမား နှစ်ဦးဖြစ်သည့် မိုင်နူးနှင့် ဂါနာချို၊ ခရစ္စတယ်ပဲလေ့စ် ကစားသမား ဟောင်း အိုလစ်၊ ဘရိုက်တန် အသင်းမှ ပက်ဒရိုတို့ကို ကျော်ဖြတ် ကာ အမျိုးသားတစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အောင်ဇော်