
၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအသစ် ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများ တင်သွင်းနိုင် ရန် ၁-၇-၂၀၂၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ်ထားရှိခဲ့ပြီး အဆိုပြုလွှာများကို ၃၀-၇-၂၀၂၄ ရက်နေ့အတွင်း ပြန်လည်တင်သွင်းရန် ဖိတ်ခေါ်ထားရှိရာ သတ်မှတ်နေ့ရက်၊ အချိန် အတွင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်လောင်း အဆိုပြုလွှာပေးပို့လာသူ (၅၈)ဦး ရှိခဲ့ပါ သည်။
၂။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကောင်စီဝင် အဖြစ် အမည်စာရင်းပေးပို့ခံရသူ(၃)ဦးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဒေါက်တာတင်ထွန်းဦး
( ခ ) ဦးခင်မောင်ကျော်ဒင်
( ဂ ) ဦးခင်မောင်ဇော်
၃။ သတင်းမီဒီယာနည်းဥပဒေများ၊ နည်းဥပဒေ ၁၁၊ နည်းဥပဒေခွဲ(က)နှင့်အညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်(၂/၂၀၂၄)အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ်ဖွဲ့စည်းရန် ကောင်စီဝင် အရေအတွက် အချိုးအစားအရ ပေးပို့လာသည့် နယ်ပယ်ကိုယ်စားပြုသူ (၁၀)ဦး အမည်စာရင်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဒေါက်တာတင်အောင်ခိုင် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ
( ခ ) ဦးသိုက်ထွန်း မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်သူများအသင်း
( ဂ ) ဒေါက်တာဇော်သန်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
(ဃ) ဦးကြည်ညွန့် မြန်မာနိုင်ငံပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း
( င ) ဦးဥက္ကာအေး မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း
( စ ) ဦးတင်ကိုကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်
(ဆ) ဦးမြတ်စိုး(မြတ်စိုး-လှိုင်) မြန်မာနိုင်ငံစာရေးဆရာအသင်း
( ဇ ) ဦးအောင်ကြည် မြန်မာနိုင်ငံစာရေးဆရာအသင်း(အောင်ကြည်ညွန့်-တက္ကသိုလ်)
( ဈ ) ပါမောက္ခ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့
ဒေါက်တာမြသိန်းဟန်
(ည) ဒေါက်တာစန်းဦး မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့
၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဆိုပြုလွှာပေးပို့လာသူ (၅၈) ဦး၏ အဆိုပြုလွှာများအပေါ် သတင်းမီဒီယာနည်းဥပဒေ ၁၁၊ နည်းဥပဒေခွဲ(က)နှင့် အညီ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအတွက် လိုအပ်သောလုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (၂/၂၀၂၄)အရ အောက်ဖော်ပြပါ (၉) ဦး ကို သတင်းမီဒီယာကောင်စီဝင်များအဖြစ် အဖွဲ့မှရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည့်အမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဒေါက်တာခင်မောင်လွင်
( ခ ) ဦးမြင့်သိန်း(မောင်မောင်မြင့်သိန်း)
( ဂ ) ဦးစိန်တိုး(ဆန်းလင်း)
(ဃ) ဦးစန်းလွင်
( င ) ဦးလှထွဋ်ဦး(ကာတွန်းလှထွဋ်)
( စ ) ဦးရဲမင်းစိုး(မောင်မောက်ဝတ်လုံ)
(ဆ) ဦးပြည်စိုးဟန်
( ဇ ) ဒေါ်နှင်းအေးခိုင်
( ဈ ) ဒေါ်နီလာမျိုးဦး
၅။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြုလုပ်ပြီး ရွေးချယ်ရန်ဆုံးဖြတ်ခဲ့သည့် တစ်ဦးချင်းကိုယ်စားလှယ်လောင်း(၁၄)ဦး အမည် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဒေါ်ကေသီခိုင်
( ခ ) ဦးထင်ကျော်မိုး(မြေလတ်ထင်ကျော်မိုး)
( ဂ ) ဒေါက်တာတင်အောင်ရွှေ(တင်အောင်ရွှေ-သုတေသီ)
(ဃ) ဦးတင်ဝင်း(တင်ဝင်းလေး-ကြည့်မြင်တိုင်)
( င ) ဦးအေးချမ်း
( စ ) ဦးသိန်းလွင်(မောင်သိန်းလွင်-လှည်းကူး)
(ဆ) ဦးအောင်စည်ဟိန်း
( ဇ ) ဦးမောင်မောင်ဦး(ဟိန်းလတ်)
( ဈ ) ဦးမင်းသန့်(စစ်မင်းနောင်)
(ည) ဦးခင်မောင်မြင့်
( ဋ ) ဦးအောင်သန်းဦး(ပုသိမ်အောင်သန်းဦး)
( ဌ ) ဦးနေဝင်း(ခ)ဦးရန်ကျော်
( ဍ ) ဦးတင်စိုး
( ဎ ) ဦးသိန်းဆွေမြင့်(ဇေယျာလင်းထွန်း)
၆။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဆိုပြုလွှာ ပေးပို့လာသူများအနက် သတ်မှတ်ထားသည့် အချက်အလက်အထောက်အထားပြည့်စုံမှုမရှိခြင်း၊ သတင်းမီဒီယာနည်းဥပဒေပါ သတ်မှတ်နယ်ပယ် နှင့် ကိုက်ညီမှုမရှိခြင်း စသည့်စိစစ်တွေ့ရှိမှုများကြောင့် အဖွဲ့၏သဘောတူဆုံးဖြတ်မှုဖြင့် (၃၄)ဦး အားပယ်ခဲ့ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့