နေပြည်တော်ကောင်စီဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု ကြည့်ရှုအားပေး

လယ်ဝေး   သြဂုတ်   ၂၂
နေပြည်တော်ကောင်စီဝင်   ဗိုလ်မှူးကြီး   ရဲမိုးနှင့် ဦးမြင့်စိုးသည်  ယမန်နေ့နံနက်ပိုင်းက   လယ်ဝေး မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသည့်      အငြိမ်းစားဝန်ထမ်းများအား နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို လာရောက်ကြည့်ရှု အားပေးသည်။
နေပြည်တော်ကောင်စီဝင်များသည်   လယ်ဝေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ  လယ်ဝေးမြို့ မြန်မာ့စီးပွားရေး ဘဏ်တွင်       ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား နေပြည်တော် ကျန်းမာ ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက  ဆီးချိုသွေးချို တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ ဖြစ်ပွားနေ‌ သည့်ရောဂါများအလိုက်   စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့်    ကုသခြင်းများကို (အခမဲ့) ဆောင်ရွက်ပေးနေမှုများကို  ကြည့်ရှုအားပေးကာ ကြက်ဥနှင့်  အာဟာရပစ္စည်းများပေးအပ်သည်။
ထို့နောက် အထူးကုဆရာဝန်ကြီးများအား သစ်သီး ခြင်း ဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ  အငြိမ်းစား ဝန်ထမ်းများအား ဆန်နှင့်  စားသုံးဆီများစျေးနှုန်း ချိုသာစွာ ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။           ဝေကြည်(ပြန်/ဆက်)