ပေါင်းတည်မြို့နယ်နှင့် ကလေးမြို့တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား

နေပြည်တော်   ဩဂုတ်    ၂၂
ပဲခူးတိုင်းဒေသကြီး ပေါင်းတည် မြို့နယ်     ပျံချီတက်ကျေးရွာရှိ နေအိမ်များကို  လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး  တို့ကိုလည်း     ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်    ဩဂုတ်   ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း    တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်း တု၊ သတင်းအမှားများကို ပြည်သူ များ   အထင်အမြင်လွဲမှားစေရန် အတွက် လုပ်ကြံရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ပေါင်းတည်မြို့နယ်မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ     ဩဂုတ်  ၂၀ ရက်က   ပျံချီတက်ကျေးရွာ အနီးတစ်ဝိုက် တွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး    ဆောင်ရွက်ခဲ့ သော်လည်း      ၎င်းကျေးရွာမှ နေအိမ်များ၊ ကားနှင့် ဆိုင်ကယ် များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက    မီးရှို့ဖျက်ဆီးခဲ့ခြင်း   မရှိကြောင်း   သိရသည်။
အလားတူ     စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ သုံးအိမ်စု ကျေးရွာနှင့်  ရှားတောကျေးရွာ တို့ကို ဩဂုတ် ၂၀ ရက်က လုံခြုံ ရေး    ပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင်  ပြည်ဖျက်မီဒီယာများက မဟုတ် မမှန်     စွပ်စွဲရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၂၀ ရက်က ရှားတောကျေးရွာအတွင်း အကြမ်းဖက်သမားများ ရောက်ရှိ နေပြီး   ဒေသခံပြည်သူများအား အဓမ္မ    လူသစ်စုဆောင်းခြင်းနှင့် ငွေကြေး      ကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း   သတင်း အရ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက       ရှားတော ကျေးရွာအတွင်း ရောက်ရှိနေသည့် အကြမ်းဖက်သမားများကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ    အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက် သေဆုံးမှုများစွာဖြင့်  အနောက် တောင်ဘက်သို့    ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း၊     ၎င်းတို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ    လိုက်လံ တိုက်ခိုက်ခြင်း မရှိစေရန်အတွက်  ရှားတောကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ ရကြောင်းနှင့် ၎င်းတို့ထံမှ အကြမ်း ဖက်သမား အလောင်းနှစ်လောင်း၊ သေနတ် လေးလက်၊ လက်ပစ်ဗုံး  နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို  သိမ်းဆည်းရမိခဲ့ကြောင်း    လုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏    ပြော ကြားချက်အရ သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များက    လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက်    နယ်မြေ လုံခြုံရေး      ဆောင်ရွက်ခဲ့သည့် မြို့ရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက        မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး    ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း စသည့်    တစ်ဖက်သတ်    စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကိုသာ ရည်ရွယ် ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း  သတင်းရရှိ သည်။
သတင်းစဉ်