
နေပြည်တော် ဩဂုတ် ၂၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ် ကြားထားသည့် ဧည့်သည်တော် များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြေးခုန်ပစ် အားကစားနည်းသည် မျက်မှောက် ခေတ်ကာလ အားကစားပြိုင်ပွဲ ကြီးများတွင် အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည့် အပြင် လူသားတို့၏ စွမ်းရည်ကို ဖော်ထုတ်ပြသရာ ရှေးဦးလမ်းပြ အားကစားနည်းလည်း ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ အပါအဝင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကဲ့သို့ အားကစားပြိုင်ပွဲကြီး များတွင် ရွှေတံဆိပ် စုစုပေါင်း ၄၀ ကျော် ချီးမြှင့်လေ့ရှိသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအလိုက် အဆင့် ရပ်တည်မှု မြင့်မားစေရန်အတွက် ပြေးခုန်ပစ် အားကစားနည်းတွင် အောင်မြင်မှုရရှိရန် အသက် သွေးကြောပမာ အရေးကြီးပါ ကြောင်း။
ထို့ကြောင့် နိုင်ငံတော်က မြန်မာ့အားကစားကဏ္ဍကို အစွမ်း ကုန် အားပေးချီးမြှောက်နေသည့် အချိန်တွင် အားကစားသမားများ အနေဖြင့် အောင်မြင်လိုသည့် စိတ် ကို အခြေခံကာ လုံ့လဝီရိယဖြင့် အားထုတ်ကြိုးပမ်း သင်ယူ လေ့ကျင့်ပြီး ယခုပြိုင်ပွဲတွင် မိမိ တို့၏ အစွမ်းအစအရည်အသွေး ကို ဖော်ထုတ်ပြသကြစေလို ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရပြီး တိုင်းတစ်ပါးမြေ တွင် အမိမြန်မာနိုင်ငံတော်၏ အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိကြသည့် နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင် ပြေးခုန် ပစ် အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားရင်း ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေး လိုက်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာ ဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။ (အပေါ်ပုံ)
ဆက်လက်၍ မြန်မာ့လက် ရွေးစင် ပြေးခုန်ပစ်အားကစား သမားဟောင်း ဒေါ်ဂျနီဖာ တင်လေးက နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရရှိခဲ့ သည့် ဆုတံဆိပ် ၁၄ ခုအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုများ ပြခန်းတွင် မှတ်တမ်းတင် ထိန်းသိမ်းထားရှိ ရန်အတွက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ သည် အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
ယနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင် အမျိုးသား/ အမျိုးသမီး (မီတာ ၄၀၀၊ ၁၀၀ x ၄ လက်ဆင့် ကမ်းနှင့် တန်းမြင့်ခုန်)ပြိုင်ပွဲများ၊ အမျိုးသား (မီတာ ၁၀၀၀၀ လမ်းလျှောက်နှင့် မီတာ ၃၀၀၀) ပြိုင်ပွဲများ၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် အမျိုးသား/ အမျိုး သမီး သံပြားဝိုင်း ပစ်ပြိုင်ပွဲများ၏ လူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲ ၌ ၂၀၀၆ ခုနှစ်တွင် ပြည့်ဖြိုးထွန်း (ရန်ကုန်တိုင်းဒေသကြီး)တင်ထား သောစံချိန် ၄၉ မိနစ် ၂၁ ဒသမ ၀၃ စက္ကန့်အား သန့်ဇင်အောင် (ရှမ်း ပြည်နယ်)က ၄၈ မိနစ် ၄၈ ဒသမ ၁၄ စက္ကန့်နှင့် နိုင်လင်းထွန်း (ရှမ်းပြည်နယ်)က ၄၇ မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သံပြားဝိုင်းပစ် ပြိုင်ပွဲ တွင် နန်းအွမ်ဆိုင်ခမ်း (ရှမ်း ပြည်နယ်) သည် ၂၀၁၉ ခုနှစ်တွင် မူကိုဖော (ကယားပြည်နယ်) တင် ထားသော စံချိန် ၃၅ ဒသမ ၀၈ မီတာထက်သာလွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့်လည်းကောင်း စံချိန်သစ်များ တင်နိုင်ခဲ့ကြသည်။
ဩဂုတ် ၂၄ ရက် နံနက် ၆ နာရီခွဲ မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁) တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈) နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် (အမျိုးသမီး) မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုး သား/ အမျိုးသမီး(ကြိုးတပ်သံလုံး ပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊ မီတာ ၂၀၀ ပြိုင်ပွဲ နှင့် မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲ)၊ (အမျိုးသမီး) မီတာ ၂၀၀၀ တားဆီး ကျော် အပြေးပြိုင်ပွဲတို့ကို ဆက်လက် ကျင်းပသွားမည်ဖြစ် သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ က အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေ ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန် ထက်မြက်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရေး ရည်ရွယ် ချက်များဖြင့် ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော် ဝဏ္ဏ သိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့် ရေးကွင်းအမှတ်(၁) တို့တွင် ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း အင်အား ၄၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ရာ အားကစားကို စိတ်ပါဝင်စား သည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်