တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကျင်းပ

နေပြည်တော်  ဩဂုတ်  ၂၃
တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီး       ခေါင်းဆောင်များ ညီလာခံ  (3rd ASEAN Women Leaders’ Summit)ကို ယနေ့တွင် Video Conferencing  စနစ်ဖြင့် လာအိုနိုင်ငံမှ     အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ     အာဆီယံ အမျိုးသမီးရေးရာ     ဝန်ကြီးများ အဆင့်     Focal Point   ဖြစ်သူ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊     အာဆီယံ အမျိုးသမီးကော်မတီ    (ACW) Focal Point    နှင့်    အာဆီယံ အမျိုးသမီး၊    ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ အာဆီယံအမျိုးသမီး အခွင့်အရေးများဆိုင်ရာ ကိုယ်စား လှယ်     မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊   ဘာသာရပ် ဆိုင်ရာ တာဝန်ခံများက  Online ဖြင့် တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအို နိုင်ငံ၏ ဝန်ကြီးချုပ် H.E Sonexay Siphandone   နှင့်  တာဝန်ရှိသူ များက       အဖွင့်အမှာစကား ပြောကြားကြသည်။
ယင်းနောက် တတိယအကြိမ် မြောက်        အာဆီယံအမျိုးသမီး    ခေါင်းဆောင်များ         ညီလာခံ ၏        ဆောင်ပုဒ်ဖြစ်သော “Strengthening Care Economy and    Resilience    Towards ASEAN Community Post-2025” နှင့်စပ်လျဉ်း၍ Plenary Session တွင်       အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက     Panelist  များအဖြစ်    ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့်    အမြင်များကို  ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အဆိုပါ  Plenary Session တွင်       ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ အနေဖြင့်   ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးများအပေါ် အလေးထား တန်ဖိုးထားမှု    ဓလေ့များသည် လူမှုအဖွဲ့အစည်းအတွင်း အမြစ် တွယ်လျက်ရှိပြီး    အိမ်ထောင်စု များအလိုက် ပြုစုစောင့်ရှောက်မှု ပေးသူ အမျိုးသမီးများကို  အသိ အမှတ်ပြု    ထောက်ပံ့ကူညီပေး လျက်ရှိပါကြောင်း၊ အာဆီယံလူမှု ကာကွယ်စောင့်ရှောက်ရေး ခိုင်မာ အားကောင်းစေရေး     ကြေညာ စာတမ်း၊  အာဆီယံလူမှုစီးပွားဘဝ စောင့်ရှောက်  အကာအကွယ်ပေး ရေးဆိုင်ရာ  မူဘောင်တို့နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်     အမျိုးသားအဆင့် လူမှုကာကွယ်    စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ချမှတ်ဖော်ဆောင်ခဲ့ပြီး အဆိုပါအစီအစဉ်၏        လုပ်ငန်း နယ်ပယ် (၈) ခုအနက်  ကိုယ်ဝန် ဆောင်မိခင်များနှင့်     ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ် နှင့်အောက် ကလေးသူငယ်များ အား  ထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးပင်စင်     ထောက်ပံ့ခြင်း တို့ကို ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်မှ စတင်ပြီး   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
 ထိုသို့     ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်     မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် နှစ်နှစ်နှင့်အောက် ကလေးသူငယ် များအား  ထောက်ပံ့ခြင်းအစီအစဉ် အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အကျိုးခံစားခွင့်ရှိသူ   ၂၉၀၀၀၀ ကို     စုစုပေါင်းငွေကျပ်ဘီလီယံ သန်းပေါင်း ၁၄ ဘီလီယံ ထောက်ပံ့ နိုင်ခဲ့ပါကြောင်း၊   လူမှုရေးပင်စင် ထောက်ပံ့ခြင်းအတွက်      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကျိုးခံစား ခွင့်ရှိသူ ၁၆၀၀၀၀ ကို    စုစုပေါင်း ငွေကျပ်ဘီလီယံသန်းပေါင်း ၁၆ ဘီလီယံ ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ထို့အပြင်    ဝန်ကြီးဌာနအနေဖြင့် သက်ကြီးသူများ        နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ် ထားရှိပေးပြီး     သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး    သင်တန်း များပြုလုပ်ပေးခြင်း၊  သက်ကြီးသူ များဖြင့် ပါဝင်စုဖွဲ့ ထူထောင်ထားရှိ သည့်အဖွဲ့များသို့  နှစ်စဉ် ငွေကြေး ထောက်ပံ့ပေးခြင်းတို့ကို    ဆောင် ရွက်ပေးလျက်        ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများကို  ကိုင်တွယ်ဖြေရှင်းနိုင်ရန် ၂၄ နာရီ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု ကို   ၂၀၁၆  ခုနှစ်မှ    စတင်ခဲ့ပြီး သတင်းပေးပို့     တိုင်ကြားလာသူ များကို လူမှုရေးရာဖြစ်ရပ် စီမံ ခန့်ခွဲမှု လုပ်ငန်းလမ်းညွှန်များနှင့် အညီ    ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့အပြင် ကလေးသူငယ် များအတွက်   အနာဂတ်သင်ယူမှု နှင့်    ဘဝသာယာရေးတို့အတွက် ခိုင်မာသော     အခြေခံအုတ်မြစ် ချမှတ်နိုင်စေရန်အတွက်    ရှေးဦး အရွယ်        ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးတိုးတက် ရေး      (ECCD)  လုပ်ငန်းများကို  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ     တစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်း      ၂၇၀၀ နှင့်     မိခင်ဝိုင်း   ၅၃၅     ဝိုင်းတို့ကို တည်ထောင်       ဖွင့်လှစ်နိုင်ခဲ့ပါ ကြောင်း။
မသန်စွမ်းသူများ   အတွက် လည်း      မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)  ကို   ရေးဆွဲပြီး ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ပြုစုစောင့်ရှောက်သူများကို ဂုဏ်ပြု ခြင်းနှင့်  မြှင့်တင်ပေးခြင်း စသည့် အခြေခံအချက်များကို အတူတကွ ဆောင်ရွက်ခြင်းဖြင့်     အာဆီယံ ဒေသအတွင်းရှိ အမျိုးသမီးများ၊ ပြုစု        စောင့်ရှောက်သူများနှင့် မိသားစုများအတွက်     ကူညီ ထောက်ပံ့မှုများရရှိစေမည်ဖြစ်ပါ ကြောင်း      ဆွေးနွေးပြောကြား သည်။
ထို့နောက်      လာအိုနိုင်ငံ ဝန်ကြီးချုပ်က    နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး ညီလာခံကို ရုပ်သိမ်း သည်။ အာဆီယံနိုင်ငံများမှ လူမှု စီးပွားဘဝစောင့်ရှောက်ကာကွယ် ပေးရေးလုပ်ငန်းများ   အကောင် အထည်ဖော်    ဆောင်ရွက်လျက် ရှိသော အစိုးရဌာနဆိုင်ရာများကို Care   Economy  Award     ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ    မြန်မာနိုင်ငံ အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ Care Economy Award  ဆုကို ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်