ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်   ဩဂုတ်   ၂၃
ဗဟိုဘဏ်ဒစ်ဂျစ်တယ်   ငွေကြေး ဆိုင်ရာ   ဆွေးနွေးပွဲအခမ်းအနား ကို    ယနေ့နံနက်   ၁၀   နာရီခွဲက မြန်မာနိုင်ငံတော်         ဗဟိုဘဏ် နေပြည်တော်ရှိ     ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊      အဆင့်မြင့် အရာရှိကြီးများ၊ ဖိတ်ကြားထား သော      ဝန်ကြီးဌာနများနှင့် ပြည်တွင်း    ပုဂ္ဂလိကဘဏ်များမှ အဆင့်မြင့်အရာထမ်းများ၊   ပြင်ပ အဖွဲ့အစည်းများမှ   ပညာရှင်များ နှင့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဌာနအသီးသီးမှ    အရာထမ်း/ အမှုထမ်းများ     တက်ရောက် ကြသည်။   
ဦးစွာ  မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ကမ္ဘာ့နိုင်ငံအများစုတွင် ထုတ်ဝေ ပြီး/   ထုတ်ဝေနိုင်ရန်    ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်       ဗဟို ဘဏ်      ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currency-CBDC)    နှင့်    စပ်လျဉ်းသည့် ထုတ်ဝေမှု  နည်းလမ်း၊  လုပ်ငန်း ဆောင်ရွက်မှုစနစ်၊ နည်းပညာပိုင်း ဆိုင်ရာ     အခန်းကဏ္ဍ၊   ငွေရေး ကြေးရေးကဏ္ဍအပေါ် သက်ရောက် နိုင်မှုအခြေအနေနှင့်    စိန်ခေါ်မှု များကို    သုံးသပ်ဆွေးနွေးနိုင်စေ ရန်နှင့် ပြည်တွင်း/ ပြည်ပ အခြေ အနေများ၊   မိမိတို့ရှိ     Digital Ensuring   Level   ရောက်ရှိမှု အခြေအနေ၊    မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက် ရာ၌       နှိုင်းယှဉ်စဉ်းစားမှုများ ပြုလုပ်နိုင်ရန်၊   CBDC   ထုတ်ဝေ သုံးစွဲမှုမပြုမီ  နည်းပညာပိုင်းနှင့် မူဝါဒပိုင်းဆိုင်ရာ အကောင်အထည် ဖော်နိုင်မှုများကို     သေချာစွာ လေ့လာဆန်းစစ်နိုင်ရန်နှင့်  နိုင်ငံ ၏     ငွေပေးချေမှုစနစ်အပါအဝင် ငွေရေးကြေးရေးဆိုင်ရာ စမ်းသပ် လေ့လာမှုများကို    ဆောင်ရွက်နိုင် ရန်၊ ဗဟိုဘဏ်၊ ငွေကြေးအာဏာ ပိုင်အဖွဲ့နှင့်     အခြားသက်ဆိုင်ရာ စည်းမျဉ်း      ထိန်းကျောင်းသူများ အနေဖြင့်    နည်းပညာတိုးတက် ပြောင်းလဲမှုများအပေါ်   မျက်ခြည် မပြတ်စောင့်ကြည့်ပြီး၊  မိမိတို့၏ ငွေရေးကြေးရေး        ကဏ္ဍအပေါ် သက်ရောက်စေမည့် ဆုံးရှုံးနိုင်ခြေ များကို        တတ်နိုင်သလောက် လျှော့ချနိုင်ရန်၊        စည်းမျဉ်း ထိန်းကျောင်းမှုများကို   ခေတ်နှင့် အညီ  ပေါ်ပေါက်လာသည့်  နည်း ပညာရပ်များနှင့်အတူ     လိုက်ပါ ဆောင်ရွက်နိုင်ရန်၊  ဗဟိုဘဏ်၏ မူဝါဒဆိုင်ရာ   အကောင်အထည် ဖော်မှုများအပြင်   နည်းပညာပိုင်း များ၊   ဆိုက်ဘာလုံခြုံရေးဆိုင်ရာ များ  စသည့်အခန်းကဏ္ဍများမှာ လည်း အရေးပါသည့်အခန်းကဏ္ဍ မှ ပါဝင်နေသောကြောင့်  ဌာနများ နှင့်အဖွဲ့အစည်းများမှ  ကျွမ်းကျင် ပညာရှင်များအကြား  CBDC  နှင့် စပ်လျဉ်းသည့် လေ့လာထားရှိမှု များကို အမြင်ချင်းဖလှယ်ဆွေးနွေး မှုများ       ဆောင်ရွက်နိုင်ရန်တို့ အတွက်  ယနေ့   ဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင်     တွဲဖက်တာဝန် ထမ်းဆောင်နေသော     ပါမောက္ခ ဒေါက်တာမင်းသိန်းက     “ဗဟို ဘဏ်         ဒစ်ဂျစ်တယ်ငွေကြေး” ခေါင်းစဉ်ဖြင့်          လည်းကောင်း၊ မြန်မာနိုင်ငံတော်      ဗဟိုဘဏ်၊ နိုင်ငံတကာ       ဆက်ဆံရေးဌာန၏ ညွန်ကြားရေးမှူး    ဒေါ်နှင်းထက် ထက်ဝင်းက     “ဗဟိုဘဏ်ဒစ်ဂျစ် တယ်ငွေကြေး   ထုတ်ဝေမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု      စနစ်နှင့် ထုတ်ဝေမှုစင်္ကြံများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊        Myanmar Payment Union ၏ဥက္ကဋ္ဌ ဦးမင်း ဝင့်ဦးက  “ဒစ်ဂျစ်တယ်ငွေပေးချေ မှုအကြောင်း”       ခေါင်းစဉ်ဖြင့် လည်းကောင်း၊    သတင်းအချက် အလက်နည်းပညာနှင့်   ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၏     ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက် က      “Protecting    Digital Currencies:     The  Role   of Cybersecurity    in   CBDC” ခေါင်းစဉ်ဖြင့်    လည်းကောင်း၊ Myanmar         Information Technology Pte.Ltd ၏ Deputy Managing Director  ဦးနေလင်း သန်းက“Digital Transformation in  Finance  Industry:     The Promise     of    Blockchain Technology”    ခေါင်းစဉ်ဖြင့် လည်းကောင်း၊     မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ အလုပ် အမှုဆောင်   ဒေါ်ပန်းအိဖြူက “Blockchain Enable the Future of Multi-CBDC Cross-border Payments”            ခေါင်းစဉ်ဖြင့် လည်းကောင်း     ဆွေးနွေးတင်ပြ ခဲ့ကြသည်။
ထို့နောက်      ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာ နိုင်ငံတော်        ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊    အဆင့်မြင့် အရာရှိကြီးများ၊  ဖိတ်ကြားထား သည့် ဝန်ကြီးဌာနများနှင့်  ပြင်ပ အဖွဲ့အစည်းများမှ     အဆင့်မြင့် အရာထမ်းများ၊   ပညာရှင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဌာန အသီးသီးမှ တက်ရောက်လာကြ သည့်    အရာထမ်း/  အမှုထမ်း များက    တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍        မေးခွန်းများ မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေး ခြင်းနှင့် ၎င်းတို့၏  လေ့လာတွေ့ ရှိချက်များနှင့်    အတွေ့အကြုံ ဗဟုသုတများကို  ရင်းနှီးပွင့်လင်း စွာ   အမြင်ချင်းဖလှယ်ဆွေးနွေး ခြင်းများကို    ပြုလုပ်ခဲ့ကြောင်း သိရသည်။     သတင်းစဉ်