
နေပြည်တော် ဩဂုတ် ၂၃
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီသည် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက် နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၂ ရက်တွင် ရန်ကုန် မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စင်း ရောက်ရှိအသင့်စောင့်ဆိုင်း လျက်ရှိသည့်အပြင် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘောလေးစင်း ရောက်ရှိဆိုက်ကပ်၍ ဒီဇယ်ဆီတန် ၇၀၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁၀၀၀ ကျော်အား သိုလှောင်ကန်များတွင် ချယူ ဖြည့်တင်းလျက်ရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘော များလည်း အစီအစဉ်အတိုင်းဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည့်အပြင် တိုင်းဒေသကြီး / ပြည်နယ်များသို့ ပို့ဆောင်မည့်ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး သီလဝါသိုလှောင်ကန်စခန်းများရှိ
ဆီဖြည့်တင်းပေးမှုများ အဆင်ပြေ ချောမွေ့စေရေးတို့ကိုလည်း ကြီး ကြပ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံအနှံ့အပြားတွင် မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံး ဆီများ သယ်ယူပို့ဆောင်မှု ပုံမှန် ထက် အနည်းငယ်နှောင့်နှေး ကြန့်ကြာမှုကြောင့် အဓိကအား ဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ယာဉ် တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခြင်း အား လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ် လပ်မှု မရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ ဆိုင် ၁၀၀ ခန့်၊ ရန်ကုန် တိုင်းဒေသကြီးရှိ ဆိုင် ၂၀၀ ခန့်၊ မန္တလေးတိုင်းဒေသကြီးရှိ ဆိုင် ၇၀၀ ခန့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဆိုင် ၂၅၀ ခန့်တို့ အပါအဝင် နိုင်ငံအဝန်းအရောင်း ဆိုင် ၃၀၀၀ ကျော်တို့သို့ ဆီတင် ယာဉ် ၁၀၀၀ ကျော်အထိ တိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိပြီး လိုအပ် သည့်အရောင်းဆိုင်များသို့ အရေး ပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုး ဖြန့်ဖြူးခဲ့ရာ ယနေ့အထိ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ စုစုပေါင်းဂါလန် သုံးသန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့သည့် အပြင် ဆီတင်ယာဉ် (Bowser) များ အရောင်းဆိုင်များသို့ အချိန်မီ ရောက်ရှိ ဖြည့်တင်းနိုင်မှုတို့ ကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်တန်းစီဝယ်ယူမှုများ လျော့ နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ပြန်လည်ရောက်ရှိ ခဲ့ပြီး ဆက်လက်တိုးမြှင့် ဖြန့်ဖြူး ပေးရန် စီစဉ်လျက်ရှိသည်။
ထို့အပြင် အရောင်းဆိုင်များ တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်း များသည်လည်း ယမန်နေ့ထက် အသီးသီးလျော့နည်း ကျဆင်း လျက်ရှိကြောင်းနှင့် ပြည်ပမှ စက်သုံးဆီများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး ကောလာ ဟလများကြောင့် အများပြည်သူ များ လိုအပ်သည်ထက် ပိုမို၍ ဝယ်ယူမှု များပြားသည့်အတွက် လိုအပ်သလောက်သာ ဝယ်ယူ ကြရန်နှင့် အရေးကြီးအသုံးများ သည့် အရောင်းဆိုင်များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်