SINGHA-SAT TDT Prachinburi 2024 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကျော်သက်ဦး ချန်ပီယံဆုရရှိ

 

ရန်ကုန်  ဩဂုတ်  ၂၃


သြဂုတ် ၂၂ရက်မှ ၂၃ရက်အထိ ထိုင်းနိုင်ငံ Kabinburi Sport Club ၌ကျင်းပသည့် Thailand PGA Tour ၏ပြိုင်ပွဲတစ်ခုဖြစ်သော   SINGHA - SAT    TDT Prachinburi   2024   ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ကျော်သက်ဦး ချန်ပီယံ ဆုဆွတ်ခူးရရှိခဲ့သည်။ ကျော်သက်ဦးသည်   ယင်း ပြိုင်ပွဲတွင် ၆၄+၆၉ ချက်ဖြင့် နှစ်ရက်ပေါင်း ၁၃၃ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက်လျှော့ ရိုက်ကာ ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီး တွင် ကျော်သက်ဦး(မြန်မာ)က ပထမ၊ Donla-phatchai NIYOMCHON (ထိုင်း)က သတ်မှတ်ရိုက်ချက် ထက် ၁၀ ချက်  လျှော့ရိုက်ပြီး  ဒုတိယ၊ Gorrwich YEAMSIRI  (ထိုင်း)က     သတ်မှတ်ရိုက်ချက်ထက် ကိုးချက်လျှော့ရိုက်ပြီး တတိယဆု  ရရှိခဲ့သည်။  ယခုပြိုင်ပွဲ တွင်ကစားသမား ၁၁၇ ဦး   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။   ကျော်သက်ဦးသည် ချန်ပီယံဆု ရရှိခဲ့သဖြင့် ဆုဖလားနှင့် အတူ ဆုကြေးအဖြစ် ထိုင်းဘတ်ငွေ ၁၀၀၀၀၀ ဆွတ်ခူးရရှိ ခဲ့သည်။ ကျော်သက်ဦးသည် All Thailand Golf Tour နှင့် Thailand PGA Tour အစရှိသော နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


ကိုညီလေး၊ ဓာတ်ပုံ-Thailand PGA Tour