
နေပြည်တော် ဩဂုတ် ၂၄
နေပြည်တော် ကောင်စီနယ်မြေ အတွင်း ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ယနေ့ နံနက်ပိုင်းတွင် ဒေသတွင်းရှိ ချောင်းမြောင်းများ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါချောင်းများ ဧရိယာ ဝန်းကျင်ရှိ လူနေအဆောက်အအုံ အချို့ ရေဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသများ ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ကူညီ စောင့်ရှောက်မှုပေးနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။
ကန်ရေပြည့်ရန် နှစ်ပေခန့်လို
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ် ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့တွင်း ငလိုက်ချောင်း နှင့် ဆင်သေချောင်းတစ်လျှောက် ရေစီးဆင်းမှု၊ ချောင်းဧရိယာ ဝန်းကျင်ရှိ လူနေအဆောက်အအုံ အချို့ ရေဝင်ရောက်မှုအခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။ ကြည့်ရှုစစ်ဆေးမှုများ အရ ငလိုက်ရေလှောင်တမံသည် ကန်ရေပြည့်သို့ ရောက်ရှိရန် နှစ်ပေခန့်လိုအပ်နေသေးကြောင်း သိရှိရပြီး ငလိုက်ချောင်းအတွင်း တိုက်ရိုက်စီးဝင်သည့် တောင်ညို ချောင်းနှင့် တံခွန်တိုင်ချောင်းများမှ ရေစီးဆင်းမှု များပြားခြင်းကြောင့် ငလိုက်ချောင်း အောက်ပိုင်းရေလျှံ မှုဖြစ်ပေါ်ခဲ့ပြီး ချောင်းဧရိယာ အတွင်းရှိ လူနေအိမ်အချို့တွင် ရေဝင်ရောက် နစ်မြုပ်ခြင်းသာ ဖြစ်သည်။
ရေကျော်စီးဆင်းခြင်းမဟုတ်
ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း၌ ဆင်သေ ချောင်းအပါအဝင် အခြားချောင်း ငယ်များတွင်လည်း ရေစီးဆင်းမှု များပြားကြောင်းသိရှိရပြီး အဆိုပါ ရေစီးဆင်းမှုများမှာ ရေလှောင် တမံများ၏ ရေပိုလွှဲမှ ရေကျော် စီးဆင်းခြင်းကြောင့် မဟုတ်ဘဲ ဩဂုတ် ၂၃ ရက်၌ ဥတ္တရသီရိ မြို့နယ်တွင် ၄ ဒသမ ၈၈ လက်မ၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄ ဒသမ ၃၃ လက်မနှင့် အခြားမြို့နယ်များ အတွင်း မိုးသည်းထန်ပျံ့နှံ့စွာ ရွာသွန်းခဲ့ခြင်းကြောင့်သာ ဖြစ် ကြောင်း၊ နေပြည်တော်ဧရိယာရှိ အဓိက ရေလှောင်တမံများဖြစ် သည့် ငလိုက်ရေလှောင်တမံတွင် ကန်ရေပြည့်ရန် နှစ်ပေခန့်၊ ဆင်သေရေလှောင်တမံတွင် ၂၂ ပေ ခန့်နှင့် ရေဆင်းရေလှောင်တမံ တွင် ၁၃ ပေခန့် လိုနေပြီး ပေါင်းလောင်းရေလှောင်တမံတွင် သာ ရေပိုလွှဲမှ ငါးပေခန့် ရေကျော် စီးဆင်းလျက်ရှိကြောင်း၊ ရေအား လျှပ်စစ်ထုတ်လုပ်လျက်ရှိသည့် ပေါင်းလောင်း ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်စီးဆင်းလာ သောရေများသည့် ပေါင်းလောင်း ချောင်းမှ စစ်တောင်းမြစ်အတွင်း သို့ ပုံမှန်စီးဆင်းလျက်ရှိသဖြင့် ဒေသ၏ရေကြီးရေလျှံမှု ဖြစ်ပေါ် ရန် မရှိကြောင်း။
ယာယီရေကြီးရေလျှံမှုဖြစ်ပေါ်
နေပြည်တော် ကောင်စီ နယ်မြေအတွင်း ၌ ယမန်နေ့ညနေ ပိုင်းနှင့် ညပိုင်းတွင် သည်းထန်ပျံ့နှံ့ စွာရွာသွန်းခဲ့သည့် မိုးရေများ စီးဝင်မှုမှတစ်ဆင့် ချောင်းမြောင်း များ ယာယီရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရေများ ပြန်လည်လျော့ကျ လာလျက်ရှိ ကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေလှောင်တမံ များ အားလုံးကြံ့ခိုင်မှုကောင်းမွန် ပြီး စိုးရိမ်ရန်အခြေအနေ မရှိ ကြောင်း သိရသည်။
သတင်းစဉ်