ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်တော်တွင် ရေဆင်းကောင်းစေရန်နှင့် ရှေးဟောင်းသဲကျောက်ပြားကြီးများကို ညီညာပေါ်လွင်စေရေး ပြုပြင်ထိန်းသိမ်းရန် ရှေး/သုက ကြီးကြပ်၍ လုပ်ငန်းများဆောင်ရွက်နေ

ရန်ကုန်   ဩဂုတ်  ၂၇
ပုဂံရှေးဟောင်း          ယဉ်ကျေးမှု နယ်မြေရှိ   ရွှေစည်းခုံစေတီတော် ကြီး၏  ရင်ပြင်တော်တွင်ရေဆင်း ကောင်းစေရန်နှင့်    ရှေးဟောင်း သဲကျောက်ပြားကြီးများကို ညီညာ ပေါ်လွင်စေရေး ပြုပြင်ထိန်းသိမ်း ရန်    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်     ဦးစီးဌာနမှ ကြီးကြပ်      ဆောင်ရွက်လျက်ရှိ ကြောင်း Bagan Arch မှ ထုတ်ပြန် ထားချက်အရ သိရသည်။
လက်ရှိတွင် ရွှေစည်းခုံစေတီ တော်ကြီး၏     ရင်ပြင်တော်တွင်  မိုးရွာသွန်းပြီးနောက်    ရေတင် ကျန်မှုများဖြစ်ပေါ်၍    ရေဆင်း ကောင်းစေရန် လိုအပ်သည့်ပြုပြင် ထိန်းသိမ်းမှုများ     ဆောင်ရွက် ရန်နှင့် ရှေးဟောင်းသဲကျောက်ပြား ကြီးများကို ညီညာပေါ်လွင်စေရေး ပြုပြင်    ထိန်းသိမ်းရန်အတွက် (၈၇'x၂၆') အတွင်း တစ်မီတာ Grid ကွက်များ   Pattern    ပြုလုပ်၍ စနစ်တကျ    Documentation ပြုလုပ်         ဆောင်ရွက်ခြင်း၊ သဲကျောက်ပြားများကို တိုင်းတာ သုတေသန             ပြုလုပ်ခြင်း၊ သဲကျောက်ပြားများ၏ ကြားလပ် နေသောနေရာတွင်    အစားထိုး ဖြည့်စွက်နိုင်ရေး    ပုံထုတ်ရေးဆွဲ ခြင်း၊ ရေဆင်းကောင်းမွန်စေရေး  သဲကျောက်ပြားကြားတွင် ရှိသော  အင်္ဂတေလွှာများအား ဖယ်ရှား၍ Level ညှိခြင်းလုပ်ငန်းနှင့် ရွှေစည်း ခုံဘုရားရှိ ကျောက်သပိတ်များ၏ ထုံးအင်္ဂတေများ ကြေးချွတ်သန့်စင် ခြင်းလုပ်ငန်းတို့ကို     ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ    ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း    Bagan   Arch  မှ            အသိပေးထုတ်ပြန်ထား သည်။
ပုဂံဒေသသည်        ပူပြင်း ခြောက်သွေ့သော  ရာသီဥတုဖြစ် သော်လည်း   ရာသီဥတုအပြောင်း အလဲများအရ      မိုးသည်းထန်စွာ ရွာသွန်းချိန်တွင်             မိုးရေများ ကောင်းစွာ မစီးဆင်းနိုင်ဘဲ ဘုရား များအနီးတွင် ရေဝပ်ခြင်း၊  ဘုရား စေတီများ၏    ပရိဝုဏ်အတွင်း ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ပုဂံခေတ်ကတည်းက ရှိခဲ့သော  ရေလမ်းကြောင်းများမှာ လမ်းများ ဖော်ဆောင်ခြင်း၊   အဆောက်အအုံ များ ဆောက်လုပ်ခြင်း စသည်တို့ ကြောင့်     ရေလမ်းကြောင်းများ ပိတ်ဆို့၍ ရေဝပ်ခြင်းများဖြစ်ပေါ် လာခြင်းဖြစ်၍      မူလရေလမ်း ကြောင်းကို     ဌာနအနေဖြင့် ပြန်လည်ဖော်ထုတ် လေ့လာခြင်း များ     ဆောင်ရွက်သည့်အပြင် ရှေးဟောင်း      အဆောက်အအုံ ပရိဝုဏ်အတွင်း   ရေမဝပ်စေရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ တွင် အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း   လုပ်ငန်းများကို ထုတ်ပြန်ထားသော    ဥပဒေများ၊ စီမံခန့်ခွဲရေးမူဘောင်များ၊ လမ်းညွှန် ချက်များအရ ဆောင်ရွက်လျက်ရှိ ကြောင်း   ဌာနက    အသိပေးထား သည်။                                 MT