
မုံရွာ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၄) အစည်းအဝေးကို သြဂုတ် ၂၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လိုအပ်သည့်ပံ့ပိုးမှုများပေးနိုင်ရန်
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း အခြေအနေမှန်ကိုသိရှိ၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည့်ပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးကို လစဉ်ပြုလုပ်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအဖွဲ့ဝင် များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၄) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေ များ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြု ပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များက တိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များ ပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)