အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

ဂျကာတာ   ဩဂုတ်   ၂၇
အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံ တို့သည် ၎င်းတို့၏ နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက် ပြီး အခြားသောနိုင်ငံများလည်း ပူးပေါင်းပါဝင်ခြင်း      သို့မဟုတ် လေ့လာစောင့်ကြည့်မှုများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
Super  Garuda  Shield  ဟု အမည်ပေးထားသော ယင်းစစ်ရေး လေ့ကျင့်မှုသည် အင်ဒို-ပစိဖိတ် ဒေသတွင်  အကြီးမားဆုံး  ဘက် ပေါင်းစုံပါဝင်သော     လေ့ကျင့်မှု များထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင်  ယင်းစစ်ရေး      လေ့ကျင့်မှုသည် ဒေသတွင်း လွတ်လပ်ပြီး ပွင့်လင်း မြင်သာမှုကို       ထိန်းသိမ်းရေး အတွက် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုကို   မြှင့်တင်ရန်  ရည်ရွယ် သည်ဟု ဆိုသည်။
အင်ဒိုနီးရှားနှင့် အမေရိကန် နိုင်ငံတို့သည်     ၂၀၀၇     ခုနှစ် နောက်ပိုင်း နှစ်စဉ်စစ်ရေးလေ့ကျင့် မှုများ   ပြုလုပ်ခဲ့ကြသည်။   ၂၀၂၂  ခုနှစ်တွင် အခြားသောနိုင်ငံများမှ  တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ရေး  တိုးချဲ့ခဲ့ကြရာ ယခုနှစ်တွင် နိုင်ငံ  ပေါင်း ၂၀ ကျော်မှ တပ်ဖွဲ့ဝင်များ စေလွှတ်ထားကြောင်း သိရသည်။
တနင်္လာနေ့တွင်         အရှေ့ ဂျာဗားပြည်နယ်ရှိ   ဆူရာ  ဘရာ ရေတပ်အခြေစိုက်စခန်း၌ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ရန် တပ်ဖွဲ့ဝင် များ   စုစည်းခဲ့ကြသည်။   အင်ဒို နီးရှားလေတပ်မှ    ဗိုလ်ချုပ်ကြီး ဝဒ်ယာဂို အစ်ကိုပူထရာက ယခုနှစ် တွင်   ပြုလုပ်သော  ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် စစ်ရေးနယ်ပယ် တွင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်၊ နှစ်နိုင်ငံအကြား နှင့် နိုင်ငံပေါင်းစုံအကြား စစ်ဘက် ဆက်ဆံရေးကို ခိုင်မာအားကောင်း စေရန်ဖြစ်ကြောင်း ပြောသည်။                                                                                                                     
အင်န်အိတ်ချ်ကေ