
တိုကျို သြဂုတ် ၂၇
တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်သည် ဂျပန်နိုင်ငံတောင်ပိုင်း အမာမီ ကျွန်းစုများပေါ် ကျရောက်လျက် ရှိသည်။ လေပြင်းတိုက်ခတ်မှု များနှင့် ရေကြီးခြင်းများကို သတိ ထားရန် ဒေသခံများကို အကြံပေး ထားသည်။
တိုင်ဖွန်း မုန်တိုင်းသည် လတ်တလောတွင် အနောက် မြောက်ပိုင်းသို့ ဦးတည်နေသော် လည်း ၎င်း၏ လမ်းကြောင်းကို ခန့်မှန်းရခက်သည်။ အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ဂျပန်နိုင်ငံ အနောက်ပိုင်းမှ အရှေ့ပိုင်းထိ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမည်။ လေပြင်းတိုက်ခတ် ခြင်း၊ လှိုင်းကြီးခြင်း၊ မြေပြိုကျခြင်း များကို သတိထားရန် ပြည်သူများ ကို မိုးလေဝသဌာနက တိုက်တွန်း ထားသည်။
အမာမီဒေသတွင် လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီလို မီတာကျော်မည် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် လေတိုက်နှုန်း သည် တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ကျော်ခဲ့ပြီး အိမ်များနှင့် အခြား အဆောက်အအုံများကို အန္တရာယ် ဖြစ်စေခဲ့သည်။
နိုင်ငံတစ်ဝန်း မုန်တိုင်း အန္တရာယ်ပြင်ဆင်မှုများ ဆောင် ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသများ တွင် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ကျူရှုတောင်ပိုင်းတွင် ၂၄ နာရီ အတွင်း မိုးရေချိန် ၃၀၀ မီလီမီတာ ထိရှိခဲ့သည်။ အမာမီဒေသတွင် မိုးရေချိန် ၄၀၀ မီလီမီတာဝန်းကျင် ရရှိခဲ့သည်။
အင်န်အိတ်ချ်ကေ