
နေပြည်တော် ဩဂုတ် ၂၇
သာယာဝတီ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် အကျဉ်းသား ၄၀ ကျော် ကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ပြီး တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများ လည်း ခံနေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၁၉ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံ သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
အကြောင်းမဲ့ရိုက်နှက်ခြင်းမရှိ
ဖြစ်စဉ်အား စိစစ်ရာတွင် သာယာဝတီ ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ တရားရုံးက ပြစ်ဒဏ်ပေးထား သော အကျဉ်းသားများသာရှိကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ သာယာဝတီ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည့် အကျဉ်းသား ၃၀၀ ကို အကျဉ်းထောင်အတွင်း သို့ တားမြစ်ပိတ်ပင်ထားသောပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ရှာဖွေခြင်း သာ ဆောင်ရွက်ခဲ့ခြင်းရှိပြီး ထောင်ပြောင်း အကျဉ်းသားများ ရောက်ရှိချိန်တွင် အကြောင်းမဲ့ရိုက်နှက်ခြင်း မရှိသည့်အပြင် ထောင်တွင်းဆေးရုံတွင် ဦးခေါင်းနှင့် အခြား ဒဏ်ရာရှိသည့် အကျဉ်းသားများလည်း မရှိကြောင်း။
ထို့ပြင် တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခြင်း မရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားရန် လိုအပ် သည့် အကျဉ်းသားအချို့ကိုသာ ရက်သတ္တ တစ်ပတ်စောင့်ကြည့်ရန် တိုက်၌သီးခြားထားရှိခြင်းသာဖြစ်ကြောင်း၊ ထောင်တွင်း နေထိုင်မှုစည်းကမ်းများအတွက် သင်ကြား ပြောဆိုခြင်းသာရှိပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းများမရှိဘဲ ရိုက်နှက်ပါက ဥပဒေ အရ အရေးယူမှုရှိကြောင်း၊ အကျဉ်းထောင် ဝန်ထမ်းများသည် ဥပဒေနှင့်အညီသာ အုပ်ချုပ် ဆောင်ရွက်လျက်ရှိသည့်အတွက် Khit Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ထားခြင်းသာဖြစ်သည်။
ကျော်မိုးအောင်