
နေပြည်တော် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရှမ်းရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရွှေဇေယျုံ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် လေးပါးနှင့် ဒေသခံပြည်သူ ၆၆ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ရောဂါရှာဖွေစစ်ဆေးကုပေးခြင်း များ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို အင်းတိုင် တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်