
ကင်ရှာဆာ ဩဂုတ် ၂၈
မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို)တွင် ကူးစက်မှုပေါင်း ၁၇၈၀၁ ဦးရှိပြီး သေဆုံးသူ ၆၁၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီး ရိုဂါကမ်ဘာ က ဩဂုတ် ၂၇ ရက်တွင် ပြောသည်။
စက်တင်ဘာလအစောပိုင်း လာမည့်စာသင်နှစ်တွင် ကာကွယ် ရေးနည်းလမ်းများကို ပြည်သူများလိုက်နာကြရန် ကျန်းမာရေး ဝန်ကြီးက တိုက်တွန်းခဲ့သည်။ ထို့ပြင် ကာကွယ်ဆေးရသည်နှင့် တစ်ပြိုင်နက် ကာကွယ်ဆေးထိုးနှံကြရန်လည်း ၎င်းကတိုက်တွန်းခဲ့ သည်။ ရောဂါကူးစက်ခံထားရသည်ဟု သံသယရှိသူများမှာ ပဋိပက္ခ ဖြစ်ပွားရာ ပြည်နယ်များမှဖြစ်ပြီး နိုင်ငံအတွင်း ၇ ဒသမ ၃ သန်း သော ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများကို လက်ခံထားရာ ပြည်နယ်များတွင်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့်များ ညှိနှိုင်းမှုမှတစ်ဆင့် မျောက်ကျောက်ရောဂါ ကူးစက်မှု အဆုံးသတ်စေရေး တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာပြင်ဆင်မှု နှင့် တုံ့ပြန်မှုအစီအစဉ်ကို ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ဆင်ဟွာ