
နေပြည်တော် ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ရေငံကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဩဂုတ် ၂၇ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၂၇ ရက်က ရေငံကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်း ဖက်သမားများရောက်ရှိနေပြီး အင်အားစုဖွဲ့ လျက်ရှိကြောင်း ဒေသခံကျေးရွာသားများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်းနှင့် ၎င်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများသည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းအမှားများ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အပြစ်ပုံချခြင်း စသည့်လှုံ့ဆော် ဝါဒဖြန့်ဝေနေသည့် သတင်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်