တောင်ကြီးမြို့နယ်၌ ရေခဲသေတ္တာသုံး Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

 

နေပြည်တော်   ဩဂုတ်  ၂၈


ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့၌   ဩဂုတ်    ၂၇   ရက်က ရေခဲသေတ္တာသုံး Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၆ ရက် ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် တောင်ကြီး မြို့ သစ်တောရပ်ကွက်ရှိ “SHABU SHABU” အကင်စုံဆိုင်၌ မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ် ယာဉ်ရှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မိနစ်  ၃၀ ခန့်အကြာတွင်  မီးငြိမ်းသွားခဲ့သည်။   ဖြစ်စဉ်ကိုစိစစ်ခဲ့ရာ ရတနာသီရိရပ်ကွက်နေ ဆိုင်ပိုင်ရှင်ဖြစ်သူ  ဦးဇော်မင်းထွေး   ၄၂  နှစ် သည် အကင်ဆိုင်ကိုပိတ်၍ နေအိမ်သို့ပြန်သွားစဉ်  ဆိုင်ခန်းအတွင်းရှိ ရေခဲသေတ္တာသုံး Safe Guard အပူလွန်ကဲရာမှတစ်ဆင့်   မီးလောင်မှု ဖြစ်ပွားခဲ့ပြီး   ဈေးဆိုင်သုံးပစ္စည်းများ   မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ကြောင့် ဇော်မင်းထွေးအား တောင်ကြီးမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။                         

သတင်းစဉ်