ကချင်ပြည်နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ အာဟာရချက်ပြုတ်ပြိုင်ပွဲကျင်းပ

မြစ်ကြီးနား  သြဂုတ်   ၂၉
ကချင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ တို့က ပြုလုပ်သည့် အာဟာရဖွံ့ဖြိုး ရေး ရက်သတ္တပတ် အထိမ်းအမှတ် ရပ်ကွက်ပေါင်းစုံ      အာဟာရ ချက်ပြုတ်သရုပ်ပြပြိုင်ပွဲ  အခမ်း အနားကို သြဂုတ် ၂၈    ရက်က  မြစ်ကြီးနားမြို့နယ်   စုပေါင်းရုံး အတွင်းရှိ မနောရွှေပြည်ခန်းမ၌     ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တက်ရောက် အားပေးကြသည်။
ဦးစွာ     ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊      ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက  လူတိုင်းအနေဖြင့်    အာဟာရ ပြည့်ဝသည့်   အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးတတ်စေ ရန်၊ အာဟာရချို့တဲ့မှုနှင့် အာဟာရ လွန်ကဲမှုတို့မဖြစ်အောင်  စုံလင် မျှတစွာ    စားသုံးတတ်စေရန်၊ သန့်ရှင်းလတ်ဆတ်၍  ဘေးဥပဒ် အန္တရာယ်ကင်းသော အစားအစာ များကို   ရွေးချယ်ဝယ်ယူစားသုံး တတ်စေရန်၊     ကျန်းမာရေးကို အ‌ထောက်အကူပြုသော  အစား အသောက်ဆိုင်ရာ အလေ့အကျင့် များကို သိရှိလိုက်နာကျင့်သုံးတတ် စေရန်တို့သည် အလွန်ပင် အရေး ကြီးပါကြောင်း၊ သို့ဖြစ်၍ ယခုလို အာဟာရဗဟုသုတ       ဖြန့်ဝေ ကျင့်သုံးခြင်းဖြင့်   ပြည်သူလူထု တစ်ရပ်လုံး     ကျန်းမာရေးနှင့် ညီညွတ်သည့်   စားသောက်မှု အလေ့အထ ပိုမိုထွန်းကားလာစေ ပြီး အာဟာရပြည့်ဝ၍  ကျန်းမာ ကြံ့ခိုင်ထွားကျိုင်းကာ ဉာဏ်ရည် မြင့်မားစွာဖြင့် တိုင်းပြည်အကျိုး အတွက် သယ်ပိုးနိုင်သော   လူ့အဖွဲ့ အစည်းတစ်ရပ်   ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း     တိုက်တွန်း ပြောကြားသည်။
ထို့နောက်   မြို့နယ်ပြည်သူ့ ကျန်းမာရေး       ဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က ကိုယ်ဝန် ဆောင်နှင့်    နို့တိုက်မိခင်များ အာဟာရပြည့်ဝမျှတစွာ ချက်ပြုတ် စားသောက်တတ်စေရန် နည်းလမ်း များနှင့်စပ်လျဉ်း၍   ရှင်းလင်း ဆွေးနွေးတင်ပြပြီး     ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊  ပြည်နယ် တရားလွှတ်တော်  တရားသူကြီး ချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူ များနှင့်   တက်ရောက်လာသူများ က  အာဟာရချက်ပြုတ်   သရုပ်ပြ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်   မြို့ပေါ်ရပ်ကွက်များမှ  ချက်ပြုတ် ရေးအဖွဲ့များ၏  ကျန်းမာရေးနှင့် ညီညွတ်ပြီး     အာဟာရပြည့်ဝ သည့်   အစားအသောက်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကို    လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဇနီး၊   တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုး သမီးရေးရာ     အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက အခမ်း အနား       တက်ရောက်ကြသည့် မူကြိုကလေးငယ်များအား ဗီတာ မင် B1 အားဆေးများကို တိုက်ကျွေး ခဲ့ကြပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များကို ဝေငှပေး ခဲ့သည်။ 
ယင်းနောက် မြို့ပေါ်ရပ်ကွက် များ   ချက်ပြုတ်ရေးအဖွဲ့များက အာဟာရပြည့်ဝသော အစားအစာ များဖြစ်စေရေး  ချက်ပြုတ်သရုပ် ပြသမှုကို     လှည့်လည်ကြည့်ရှု သည်။
ဆက်လက်၍   ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရအသင်း များအား လည်းကောင်း၊ ဗဟုသုတ ကြွယ်ဝသည့်    နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်    မိခင်တို့အား ဂုဏ်ပြုချီးမြှင့်  ငွေများကိုလည်း ကောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား  အာဟာရ ပြည့်ဝညီညွတ်သည့် အစားအစာ များကို   ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။       
 ပြည်နယ်(ပြန်/ဆက်)