ကချင်ပြည်နယ် ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို  လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ကြီး  လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်


 

နေပြည်တော် ဇူလိုင် ၅


ကချင်ပြည်နယ်   ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို လက်နက်ကိုင်  သောင်းကျန်းသူများက လက်နက် ကြီး၊  လက်နက်ငယ်များဖြင့်  လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၁၁ နာရီ ၁၀ မိနစ် ခန့်တွင်    ရွှေကူမြို့နယ်ရှိ   မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးကို    လက်နက်ကိုင်သောင်းကျန်းသူများက ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၁၁ နာရီ ၂၅ မိနစ်တွင်   လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး    ထိတွေ့မှုဖြစ်စဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်  မိသားစုများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးအား လက်နက်ကြီး၊   လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်   လက်နက် ကိုင်  သောင်းကျန်းသူများကို    လုံခြုံရေးတပ်ဖွဲ့ဝင် များက       ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ       ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်