နှစ်တစ်ရာအတွင်း ဖြစ်ထွန်းခဲ့သော အောင်မြင်မှုများ

Type

စာရေးသူ - MARCOS CORDEIRO PIRES 
Source - China Daily Global
 

===============

 

တရုတ်ကွန်မြူနစ်ပါတီသည်  ပါတီထူထောင်သည့် နှစ်တစ်ရာအတွင်း တစိုက်မတ်မတ်ဖြင့် ဦးဆောင် ၍  တရုတ်ပြည်သူများကို  အမျိုးသားပြန်လည် နိုးထရေးအိပ်မက်ဆီသို့ တွန်းပို့နိုင်ခဲ့ပါသည်။


နှစ်ပေါင်း ၄၀၀၀ ကျော် အဆက်မပြတ်ဆက်ခံနိုင်


ကမ္ဘာပေါ်တွင်   နိုင်ငံအချို့သာ    သမိုင်းဝင် ကြီးမြတ်သောယဉ်ကျေးမှုများအနက်  တစ်ခုနှင့် ဆက်နွှယ်သည့်အတိတ်ကို   ပိုင်ဆိုင်ထားပါသည်။ သို့သော်လည်း   တရုတ်ယဉ်ကျေးမှုတစ်ခုတည်း ကသာ နှစ်ပေါင်း  ၄၀၀၀  ကျော် အဆက်မပြတ် ဆက်ခံနိုင်ခြင်းကို ဝါကြွားနိုင်လေသည်။
ဥရောပနယ်ချဲ့ဝါဒ၏    လွှမ်းမိုးမှုအောက် ရောက်ရှိခဲ့ဖူးသည့် အာရှနှင့် အာဖရိကနိုင်ငံ အနည်း ငယ်သည်သာ အတိတ်ကာလကကဲ့သို့  အင်အား ကြီးနိုင်ငံအဖြစ်  ပြန်လည်ထူထောင်နိုင်ခဲ့ပါသည်။ ယင်းအနက် တရုတ်နိုင်ငံလည်း   အပါအဝင်ဖြစ်ပါ သည်။


နိုင်ငံအချို့သည်         သိပ္ပံနှင့်နည်းပညာ နောက်ကောက်ကျမှုကို ကျော်လွှားနိုင်ပြီး ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံများနှင့်    ယှဉ်တွဲနိုင်လေ သည်။ ၁၉၄၉  ခုနှစ်တွင် နှစ်ပေါင်း  (၁၀၀)  တိုင် အရှက်ခွဲခံရပြီးနောက် တရုတ်နိုင်ငံတွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ စာတတ်မြောက်ပြီး သိပ္ပံပညာရှင် ထောင်ဂဏန်းသာ  ရှိခဲ့သည်။  ယနေ့တွင်   တရုတ် နိုင်ငံသည်  အင်ဂျင်နီယာ၊  သင်္ချာ၊  သိပ္ပံပညာနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာသင်တန်း များ  တက်ရောက်သူအများဆုံးနိုင်ငံ   ဖြစ်လာပါ သည်။    ဤအောင်မြင်မှုရလဒ်သည်  တိုင်းပြည်ကို ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးထုနှင့် အကြီးဆုံး ပို့ကုန်နိုင်ငံ၊ သွင်းကုန်နိုင်ငံဖြစ်လာစေပါသည်။


ဖွံ့ဖြိုးဆဲနိုင်ငံအနည်းငယ်သည်    မိမိတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့်          ရှုပ်ထွေးလှသော ကာကွယ်ရေးစနစ်နှင့်    အာကာသအစီအစဉ်ကို အောင်မြင်စွာ   တည်ဆောက်နိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင်   တရုတ်နိုင်ငံသည်     လကမ္ဘာ၏ အမှောင်ဘက်အခြမ်းသို့   ဆင်းသက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံ   ဖြစ်လာခဲ့သည်။  ထိပ်တန်း 5G နည်းပညာကို တီထွင်ခဲ့ပြီး လူလုပ်မှတ်ဉာဏ် (AI) မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားသည်။  တရုတ်နိုင်ငံသည် မြန်နှုန်းမြင့်ရထားကဏ္ဍ၌လည်း ရှေ့ပြေးနေရာ တွင်  ရပ်တည်နေပြီး  ဆယ်နှစ်တာကာလအတွင်း အခြားနိုင်ငံများအားလုံး၏ ရထားလမ်း စုစုပေါင်း ထက် ကျော်လွန်သောကွန်ရက်ကို တည်ဆောက် နိုင်ခဲ့သည်။
နယ်ချဲ့ဝါဒနှင့်  ကိုလိုနီဝါဒကို   ခံစားခဲ့ရသော နိုင်ငံအချို့သည် အလွန်အမင်း  ဆင်းရဲနွမ်းပါးမှုကို ဖယ်ရှားရန် မဟာဗျူဟာများအား  နည်းလမ်းရှာဖွေ ရေးဆွဲခဲ့သည်။   အာရှ၊   အာဖရိကနှင့်   လက်တင် အမေရိကရှိ  ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ငတ်မွတ်မှု သည်     ဒဏ်ရာအမာရွတ်တစ်ခု     ဖြစ်လေသည်။ သို့သော်  ၂၀၂၀   ပြည့်နှစ်တွင်  တရုတ်နိုင်ငံသည် နှစ်ပေါင်း  ၄၀  ကြာ   ပြုပြင်ပြောင်းလဲရေးတံခါး ဖွင့်လှစ်မှုဆောင်ရွက်ပြီးနောက်    ငတ်မွတ်မှုနှင့် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို  အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ရာ လူသားသမိုင်းတွင် ထူးခြားထင်ရှား မှု အရှိဆုံးသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါသည်။
ကမ္ဘာတစ်ဝန်းတွင် သန်းပေါင်းများစွာသော လူတို့သည်  ကိုဗစ်-၁၉   ကြောင့်   အသက်ဆုံးရှုံးခဲ့ ရသည်။    ဖွံ့ဖြိုးပြီးနိုင်ငံများစွာသည်    ကမ္ဘာ့ ကပ်ရောဂါကြောင့် GDP သိသိသာသာ ကျဆင်းခဲ့ပြီး စီးပွားရေးတိုးတက်မှုကို    အဟန့်အတားဖြစ်စေခဲ့ သည်။  တရုတ်နိုင်ငံသည်  ထိုဗိုင်းရပ်စ်၏ဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရသော ပထမဆုံးနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် ရောဂါကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး လူတစ်သန်းတိုင်းတွင် သေဆုံးနှုန်း အလွန်နည်းပါးကာ စီးပွားရေးကို ပြန်လည်ထူထောင် နိုင်ခဲ့ရာ ယမန်နှစ်အတွင်း G20 နိုင်ငံများ၌ စီးပွားရေး တိုးတက်သော တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့သည်။ ၎င်းထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးသည် ကမ္ဘာ ပေါ်ရှိ  နိုင်ငံများစွာအား  ကပ်ရောဂါအနိုင်ယူနိုင်ရန် ကူညီပေးလျက်ရှိသည်။ ဘရာဇီးတွင် ကာကွယ်ဆေး ၁၀ မျိုးတွင် ကိုးမျိုးမှာ တရုတ်နိုင်ငံမှဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် တစ်ကိုယ်ကောင်းဆန်မှုများ မြင့်တက် လာနေသော်လည်း တရုတ်နိုင်ငံသည် ကိုဗစ် -၁၉ ဗိုင်းရပ်စ်အား ထိန်းချုပ်သည့် အဓိကအရင်းအမြစ်နှင့်     ကာကွယ်ဆေးထောက်ပံ့သူဖြစ်နေပါသည်။


တရုတ်နိုင်ငံ      အောင်မြင်မှုရရှိရခြင်း၏ အကြောင်းရင်းများကို ရှာဖွေသောအခါ အဖြေနှစ်ခုကို တွေ့ရှိနိုင်ပါသည်။   ယင်းမှာ   တရုတ်ပြည်သူတို့၏ ဆုံးဖြတ်ချက်၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်စွမ်းရည်ပင်ဖြစ်ပါသည်။


ပိုမိုကောင်းမွန်သောဘဝ ထောက်ပံ့ပေးရန်ကတိပြု


၁၉၁၉ ခုနှစ် မေလတွင် တရုတ်လူငယ်များသည် ဗာဆိုင်းစာချုပ် (the Treaty of Versailles)    ကို ရှုတ်ချကြောင်းဖော်ပြခဲ့သည်။        အကြောင်းမှာ ထိုစာချုပ်တွင် တရုတ်နိုင်ငံရှိ ဂျာမန်၏ အကျိုးစီးပွား အား    ဂျပန်ဆီသို့     လွှဲပြောင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ တော်လှန်ရေးသတိစိတ်သည် ၁၉၂၁ ခုနှစ် ဇူလိုင်လတွင်  တရုတ်ကွန်မြူနစ်ပါတီ ထူထောင်သည့် အလျောက် မြင့်တက်လာခဲ့သည်။ ထိုစဉ်က မက်ခ် ဝါဒအတွေးအခေါ်နှင့် ရုရှားတော်လှန်ရေးအောင်မြင် မှုက နယ်ချဲ့ဝါဒ၊ ဂိုဏ်းဂဏစွဲနှင့် အကျင့်ပျက်ခြစား မှုတို့ကို ဆန့်ကျင်တိုက်ဖျက်ရန် နှိုးဆွပေးခဲ့သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီသည် နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်ရှိရုံသာမက ဆိုရှယ် လစ်ဝါဒလမ်းစဉ်တစ်ခုကို   ဖော်ထုတ်ခဲ့ပြီး    မြို့ပြ အလုပ်သမားလူတန်းစားနှင့်  လယ်သမားအမြောက် အမြားအတွက် ပိုမိုကောင်းမွန်သောဘဝ ထောက်ပံ့ ပေးရန် ကတိပြုခဲ့ပါသည်။
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရရှိခဲ့သည့် ကြီးမြတ်သောအောင်မြင်မှုသည် ပင်ပန်း ဆင်းရဲလှသော ရုန်းကန်မှုနှင့် ဇွဲသတ္တိရှိစွာ ကြိုးပမ်း အားထုတ်မှုကြောင့်    ရရှိလာခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းမှ  အတိုက်အခံဝါဒီများကို ဆန့်ကျင်ရုံသာ မက ဂျပန်စစ်ဝါဒ၊  နယ်ချဲ့ဝါဒတို့ကိုလည်း ဆန့်ကျင် ရသည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ    ကြံ့ခိုင်မှုနှင့် နိုင်ငံတော်တည်ငြိမ်မှုသည်  ခက်ခက်ခဲခဲအကောင် အထည်ဖော်ခဲ့ရခြင်းဖြစ်သည်။ ၎င်းအနက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ် တွင်ဖြစ်ပွားသော အကုန်အကျများသော စစ်ပွဲလည်း ပါဝင်လေသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုနှင့်မတူသည့်     ဆိုရှယ်လစ်စနစ် လမ်းကြောင်းကို    မပြတ်ရှာဖွေနေသောကြောင့် တရုတ်ကွန်မြူနစ်ပါတီ   ခေါင်းဆောင်ပိုင်းသည် “ခုန်ပျံကျော်လွှားမှု” (၁၉၅၈-၁၉၆၀) နှင့် “ယဉ်ကျေး မှုတော်လှန်ရေး”   (၁၉၆၆-၁၉၇၆)   ကဲ့သို့သော အမှားများကို  ဖြစ်စေခဲ့သည်။   သို့သော် ၎င်းသည် နောက်ပိုင်းအဆင့်အတွက်    အကျိုးရှိသောအတွေ့ အကြုံဖြစ်စေခဲ့သည်။  ၁၉၇၈   ခုနှစ်တွင်    ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်မှု စတင်ခဲ့သည်။


အာမခံချက်ပေးနိုင်ခဲ့


အနောက်တိုင်း   လေ့လာသုံးသပ်သူများသည် ဥက္ကဋ္ဌ မော်စီတုန်းခေါင်းဆောင်မှုကာလက အမွေ အနှစ်၊    အတွေ့အကြုံများနှင့်    တိန့်ရှောင်ဖိန် ခေါင်းဆောင်မှုကာလကို  ခွဲခြား၍ တရုတ်သမိုင်းကို ပိုင်းခြားရှုမြင်ကြလေ့ရှိသည်။ ယင်းသည် မှားယွင်းမှု တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မော်စီတုန်း ၏အမွေအနှစ်များ  မရှိပါက   တိန့်ရှောင်ဖိန်ခေတ် ကာလ၏အရှိန်အဟုန်ဖြင့်    ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာနိုင်မည်မဟုတ်ပေ။       တရုတ်ကွန်မြူနစ် ပါတီသည်  မော်စီတုန်း၏ ခေါင်းဆောင်မှုအောက်၌ နိုင်ငံတကာဖိအားများအကြားတွင်    ကျေးလက်နေ ပြည်သူများအား  ကျေးလက်မြေယာများ   ခွဲဝေပေး ခဲ့ပြီး အမျိုးသမီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မြှင့်တင် ပေးခဲ့သည်။  အုပ်စုလိုက်ပညာရေးလှုပ်ရှားမှု  စီစဉ် ပေးခဲ့သည်။ အကြီးစားစက်မှုဌာန ထူထောင်ခဲ့သည်။ အင်အားတောင့်တင်းသော ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ခဲ့သည်။    တစ်နည်းဆိုရသော် ၎င်းသည်       နိုင်ငံ၏အချုပ်အခြာအာဏာနှင့်     နောက်တစ်ဆင့်        လုပ်ဆောင်ချက်များကို အာမခံချက်ပေးနိုင်ခဲ့သည်။


တိန့်ရှောင်ဖိန်၏  ခေါင်းဆောင်မှုအောက်တွင် နိုင်ငံ၏    “အခြေခံပဋိပက္ခ”   သည်    အဆင့်လိုက် ရုန်းကန်ခြင်းမဟုတ်တော့ဘဲ နောက်ကောက်ကျ မှုနှင့်    ဆင်းရဲနွမ်းပါးမှုကို  တိုက်ဖျက်ခြင်း ဖြစ်လာပါသည်။     အခက်အခဲအချို့ရှိသော်ငြား လည်း     ထိုကဲ့သို့ နည်းလမ်းသစ်သည် နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီ တည်ငြိမ်မှုရှိရေးအတွက် ကြီးမားစွာ      အကျိုးဆောင်ပေးနိုင်ခဲ့ပါသည်။ တိန့်ရှောင်ဖိန်ခေတ်ကာလသည် တရုတ်နိုင်ငံအား  ကမ္ဘာ့စီးပွားရေးသို့  ပြန်လည် ဝင်ရောက်နိုင်စေခဲ့ပြီး     စျေးကွက်စီးပွားရေးကို         ပြန်လည်မိတ်ဆက် ပေးခဲ့ကာ “တရုတ်ဝိသေသဆောင်သော  ဆိုရှယ် လစ်ဝါဒ”   ကို   ပုံဖော်ပေးခဲ့သည်။  ကျန်ဇီမင်းနှင့်  ဟူကျင်ထောင်း          စသည့်နောက်မျိုးဆက်   ခေါင်းဆောင်များသည်လည်း     တိန့်ရှောင်ဖိန် လမ်းစဉ်အတိုင်း တစိုက်မတ်မတ်လျှောက်လှမ်း၍  စီးပွားရေးကို အားကောင်းလာစေကာ   တရုတ် ပြည်သူများ၏   လူနေမှုဘဝ    အဆက်မပြတ် ကောင်းမွန်လာစေရေးအတွက်  အခြေခံအုတ်မြစ် ချမှတ်ပေးခဲ့ပါသည်။


ပြဿနာအားလုံးကို ကျော်လွှားနိုင်


တရုတ်နိုင်ငံစီးပွားရေး လျင်မြန်စွာ တိုးတက် မှုကြောင့်  ရရှိလာသော  အောင်မြင်မှုများသည် ပဋိပက္ခအသစ်များကို ဖြစ်လာစေပါသည်။ လက်ရှိ တွင်    သမ္မတရှီကျင့်ဖျင်၏    ဦးဆောင်မှုဖြင့် ထိုပဋိပက္ခများကို ဖြေရှင်းလျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်မှစ၍    ပုံစံသစ်မြို့ပြဖြစ်ထွန်းလာမှုဖြစ်စဉ် (urbanization)  အား  တွန်းအားပေးဆောင်ရွက် ရေး၊        ကျေးလက်လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေး စသည့်စိန်ခေါ်မှုအသစ်များ ပေါ်ထွက် လာခြင်း၊   ဝင်ငွေကွာဟချက်   ကြီးမားလာခြင်း၊ စက်မှုထွန်းကားမှု၏ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုများ၊        အလယ်အလတ်ဝင်ငွေ ထောင်ချောက်၏   ကန့်သတ်ချက်များ၊     နိုင်ငံ ပေါင်းစုံပါဝင်မှုဝါဒ (Multilateralism) အကျပ် အတည်း၊ အမျိုးသားရေးဝါဒ ကမ္ဘာ့အဆင့်တွင် ပေါ်ပေါက်လာခြင်း၊ ထိုင်ဝမ်ခွဲထွက်ရေးသမားများ ၏ ဖိအား၊ အမေရိကန်က စတင်ခဲ့သော ကုန်သွယ် ရေးစစ်ပွဲ၊ မကြာမီက ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ       စသဖြင့်ပေါ်ပေါက်ခဲ့သည်။ ဤပြဿနာအားလုံးသည်         ရှုပ်ထွေးသော အကြောင်းအရာများ ဖြစ်သည်။  သို့သော် သန်းချီ သောအမှုထမ်းများနှင့်    တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏အတွေ့အကြုံနှင့်   တရုတ် ပြည်သူတစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှုတို့ဖြင့် ဤပြဿနာအားလုံးကို  ကျော်လွှားနိုင်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၄၉ ခုနှစ်တွင် ဆိုရှယ်လစ်စနစ် နှင့်   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်သောနိုင်ငံ   ဖြစ်လာပါ လိမ့်မည်။


တရုတ်ကွန်မြူနစ်ပါတီသည်          ၎င်း၏ တိုးတက်မှုဖြစ်စဉ်အတွင်း     အမှားကျူးလွန်ခဲ့ ဖူးသကဲ့သို့ အောင်မြင်မှုများလည်း ရရှိခဲ့ပါသည်။ သို့သော်  ချိန်ခွင်လျှာသည်  အောင်မြင်မှုဘက်သို့ အမြဲသိသိသာသာ အလေးသာနေပါသည်။        ။