အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူတို့၏ အခန်းကဏ္ဍ

Type

ပြည်သူတို့ ပူးပေါင်းပါဝင်ရေး


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို    ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လုပ်ဆောင်လျက်ရှိပြီး    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ      အပြည်ပြည် ဆိုင်ရာသဘောတူစာချုပ်တစ်ခုဖြစ်သည့်    “ကုလ သမဂ္ဂ  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်း ရှင်း”  တွင်  အဖွဲ့ဝင်နိုင်ငံများအဖြစ်  ဝင်ရောက်၍   ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ မိမိတို့နိုင်ငံ သည်လည်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်   ခံယူပြီး လုပ်ဆောင်လျက်ရှိရာ  ထိုက်သင့်သောအောင်မြင်မှု များ ရရှိနေသည်ကို  တွေ့မြင်နေရသည်။    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို     လုပ်ဆောင်ရာတွင်   လက်တွေ့ကျသော   လုပ်ငန်းစဉ်များ၊      ခိုင်မာ အားကောင်းသောဥပဒေများနှင့်        တာဝန်ခံ ဆောင်ရွက်ပေးမည့်အဖွဲ့အစည်းများဖြင့်   ဖွဲ့စည်း ဆောင်ရွက်သွားနိုင်မည့်မူဝါဒများ         ချမှတ် ဆောင်ရွက်နိုင်မှသာ    စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဖြစ်ပါသည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး    လုပ်ဆောင်ရာတွင် တာဝန်ရှိသောအဖွဲ့အစည်းများက    တာဝန်ယူ ဆောင်ရွက်ခြင်းသည်    အဓိကကျသည့်   အခန်း ကဏ္ဍဖြစ်သကဲ့သို့  ပြည်သူလူထုနှင့်  အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏    ပူးပေါင်းပါဝင်မှုသည် လည်း  အရေးကြီးပါသည်။   ထို့ကြောင့်     အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအတွက် မူဝါဒများချမှတ် လုပ်ဆောင်ရာတွင်   အဂတိလိုက်စားမှုတိုက်ဖျက် ရေးအဖွဲ့အစည်းများ၊   တရားစီရင်ရေးအဖွဲ့အစည်း များနှင့်   အခြားသောတရားဥပဒေစိုးမိုးရေး  အဖွဲ့ အစည်းများကဲ့သို့သော     အဓိကတာဝန်ရှိသည့်    အဖွဲ့အစည်းများဖြင့်သာ တာဝန်ယူလုပ်ဆောင်ရန်   ရေးဆွဲချမှတ်ခြင်းသည်       လုံလောက်မှုမရှိဘဲ  ပြည်သူလူထုနှင့်    အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှု၏ အရေးပါပုံကိုလည်း ထည့်သွင်း စဉ်းစားရန်  လိုအပ်ပါသည်။
ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်
မြန်မာနိုင်ငံမှ ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ထားသော ကုလ သမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ကွန်ဗင်း ရှင်း၏ အပိုဒ် ၁၃ (၁) တွင်  “အဖွဲ့ဝင်နိုင်ငံတိုင်းသည် အဂတိလိုက်စားမှုကို  တားဆီးကာကွယ်ခြင်းနှင့်   ဆန့်ကျင်တိုက်ဖျက်ခြင်းပြုရာတွင်        လူ့အဖွဲ့ အစည်း၊  အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့်  လူထုအခြေပြုအဖွဲ့အစည်းများကဲ့သို့သော  အများ ပြည်သူဆိုင်ရာကဏ္ဍ၏ ပြင်ပရှိလူပုဂ္ဂိုလ် တစ်ဦး ချင်းစီနှင့်       အစုအဖွဲ့များမှ   တက်ကြွစွာပါဝင် ဆောင်ရွက်လာစေရေး    မြှင့်တင်ဆောင်ရွက်ရန် သာမက လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စား ခြင်း    တည်ရှိနေမှု၊     ယင်းကိုဖြစ်ပေါ်စေသည့် အကြောင်းများ၊   ယင်း၏   ဆိုးရွားပြင်းထန်မှုနှင့် ယင်းကိုဖြစ်ပေါ်စေသည့်    ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူသို့  အသိပညာပေးမှုများ ကို  အားပေးမြှင့်တင်ရန်အတွက်   သင့်လျော်သည့်  အရေးယူဆောင်ရွက်မှုများကို မိမိနိုင်ငံရှိ ပြည်တွင်း ဥပဒေများ၏ အခြေခံမူသဘောတရားများနှင့်အညီ တတ်နိုင်သည့်နည်းလမ်းများအရ     လုပ်ဆောင် ရမည်။”ဟု    သတ်မှတ်ပြဋ္ဌာန်းထားပြီး   အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပါဝင်လာစေခြင်းကို ခိုင်မာအားကောင်း လာစေရန်အတွက် ဆောင်ရွက်ရမည့်အချက်များကို လည်း သတ်မှတ်ဖော်ပြထားပါသည်။


ပြည်သူတို့၏အခန်းကဏ္ဍ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်  ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုဆိုသည်မှာ လိုအပ်သော ကိရိယာတစ်ခုဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အများ ပြည်သူအကျိုးဖြစ်ထွန်းရေးလုပ်ငန်းများတွင်  ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများရရှိခြင်း လည်းဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်လာစေ ခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ သဘောထားအမှန်ကိုသိရှိ၍ ထည့်သွင်းနိုင်စေရန်၊ ပြည်သူလူထု၏  အတွေ့အကြုံ၊  ဗဟုသုတများကို ထည့်သွင်းအသုံးပြုခြင်းဖြင့် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များကို   ထိရောက်ကောင်းမွန်စေရန်၊ တရားမျှတမှုနှင့်      သာတူညီမျှရှိစေရေးအတွက် လူ့အဖွဲ့အစည်းမှ သဘောထားသံများကို ကြားသိ နိုင်စေရန်၊ အများပြည်သူဆိုင်ရာဆုံးဖြတ်ချက် ချမှတ် မှုများ တရားဝင်မှုမြင့်မားစေရန်နှင့် လိုအပ်ချက်များ ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ပါသည်။ 
အဂတိလိုက်စားမှု     တိုက်ဖျက်ရေးဆောင်ရွက် မှုများတွင် တက်ကြွစွာဆောင်ရွက်နေကြသော နိုင်ငံ သားများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်။ ၎င်းတို့သည်   အဂတိလိုက်စားမှု  ဖြစ်စဉ်များကို အလေးထားစောင့်ကြည့်ခြင်း၊ အဂတိလိုက်စားမှုများ အကြောင်းနှင့် ၎င်း၏ဆိုးကျိုးသက်ရောက်မှုများ အား အခြားပြည်သူများသို့ လှုံ့ဆော်အသိပေးနိုင်ခြင်း နှင့်   နိုင်ငံရေးသမားများနှင့်     နိုင်ငံရေးပါတီများ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို စောင့်ကြည့်အကဲ ဖြတ်ခြင်းများကို   လုပ်ဆောင်ကြပါသည်။   ထိုသို့ ပြုလုပ်ခြင်းအားဖြင့်    အဆိုပါ   နိုင်ငံရေးအလွှာရှိ လူပုဂ္ဂိုလ်များအား   အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်သည့်အပြုအမူ၊     အမူအကျင့်များကို မွေးမြူသည့်အလေ့အထများ        ဖြစ်ပေါ်စေပြီး ကျင့်ဝတ်နှင့်အညီ    နေထိုင်ရေးနှင့်    သန့်ရှင်းသော အစိုးရဖြစ်ပေါ်လာစေရေးတို့ကို ဦးတည်ဖြစ်ပေါ်စေ ပါသည်။


ပြည်သူတို့၏တာဝန်


အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်ရာ တွင် ပြည်သူလူထု၏  ပူးပေါင်းပါဝင်မှုသည်  အခြား သော     အများပြည်သူဆိုင်ရာ   လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့်ပုံစံနှင့်မတူညီဘဲ ကွဲပြားခြားနား ပါသည်။ အဂတိလိုက်စားမှုသည် ရေးဆွဲပြဋ္ဌာန်းထား သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လွဲမှားစွာ အသုံးချမှုများ   ဖြစ်ပေါ်စေခြင်းနှင့်    တန်းတူအခွင့် အရေး      မရရှိစေခြင်းများကို     ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း များ ထိရောက်အောင်မြင်စေရေးအတွက်    အစိုးရ ဝန်ထမ်းများ၏အပြုအမူ၊ အနေအထိုင်နှင့် ဆုံးဖြတ် ချက်ချမှတ်မှုများကို စောင့်ကြည့်ခြင်း၊ အဂတိလိုက်စား မှုနှင့် ဆက်နွှယ်နေသောပြစ်မှုများကို  သတင်းပေး တိုင်ကြားခြင်းနှင့် သင့်လျော်သောအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနည်းလမ်းများ          ချမှတ် ဆောင်ရွက်ပေးရန်     တောင်းဆိုမှုများပြုလုပ်ခြင်း     စသည့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို လုပ်ဆောင် မည့်   ပြည်သူလူထု၏  အသိအမြင်ကျယ်ပြန့်မှုနှင့်    လူမှုရေးဆိုင်ရာတာဝန်ယူမှုသည် အရေးကြီးပါသည်။ 


ဆောင်ရွက်ရမည့်နည်းလမ်းများ


ပြည်သူတစ်ဦးချင်းစီ     အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် အတွက်   အဂတိလိုက်စားမှုများကို  သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းထံ သတင်းပို့တိုင်ကြားစေခြင်း သို့မဟုတ် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော် ပြောဆိုစေခြင်း၊ အဂတိလိုက်စားမှု လုံးဝမရှိစေရေး နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသည့်   ယဉ်ကျေးမှု တစ်ရပ်ဖြစ်ထွန်းလာစေရေးအတွက် သင်တန်းများ ပေးခြင်း၊       စိတ်ဓာတ်နိုးကြားတက်ကြွစေမည့် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခြင်းများ      စသည့် နည်းလမ်းများကို  လုပ်ဆောင်သွားရန်  လိုအပ်ပါသည်။ နည်းပညာတိုးတက်လာနေသည့်    ယနေ့ခေတ်တွင် အဂတိလိုက်စားမှုများကို သတင်းပေးတိုင်ကြားရာ တွင် အွန်လိုင်းအသုံးပြု၍ အီးမေးလ်ဖြင့်သော်လည်း ကောင်း၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် SMS အသုံးပြု၍ ဖြစ်စေ၊ Application အသုံးပြု၍ဖြစ်စေ အလွယ်တကူ တိုင်ကြားနိုင်ပြီဖြစ်သည်။    နိုင်ငံတကာရှိ  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး    အဖွဲ့အစည်းများ   အနေ ဖြင့် Website   များ   တည်ထောင်၍  သတင်းပေး တိုင်ကြားခြင်းများကို      လက်ခံရုံသာမက  အဂတိ လိုက်စားမှု      တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရေးအတွက်  အများပြည်သူ အသိပညာပေးရေးလုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိသည်။    အဂတိလိုက်စား မှုကို ထိထိရောက်ရောက်    တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထု   ပူးပေါင်းပါဝင်မှု     ရှိလာစေရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် တာဝန် သိစိတ်ဖြင့်   တာဝန်ယူမှုရှိစေရေးသာမက   ထိုသို့ ပူးပေါင်းပါဝင်   ဆောင်ရွက်လာစေရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဆောင် ရွက်ပေးရမည် ဖြစ်ပါသည်။ 


ပြည်သူလူထု၏ မျှော်လင့်ချက်


လူ့အဖွဲ့အစည်း၊   နိုင်ငံများအလိုက်    အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင်   ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပုံစံသည် ၎င်းတို့၏ပြဋ္ဌာန်းထား သည့်   ဥပဒေများနှင့်    နိုင်ငံရေးအခြေအနေပေါ် မူတည်၍  ကွဲပြားခြားနားလေ့ရှိသည်။  ပြည်သူ လူထု၏ အစိုးရရုံးဌာနများအပေါ် မျှော်လင့်ထား သည့်အချက်မှာ    သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ကျင့်ဝတ်နှင့် မလျော်ညီသည့်    အပြုအမူ များ    မပြုလုပ်ဘဲ     တာဝန်ယူမှု၊   တာဝန်ခံမှုများ ရှိရေးပင်ဖြစ်ပြီး  အပြန်အလှန်အားဖြင့်    အစိုးရ ရုံးဌာနများအနေဖြင့်လည်း        အများပြည်သူ၏   ယုံကြည်မှုကို ရရှိထိန်းသိမ်းရန် ကျင့်ဝတ်နှင့်အညီ    လုပ်ဆောင်ပြီး   တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို  လုပ်ဆောင် ပေးရန်လိုအပ်သည်။   အစိုးရရုံးဌာနများအပေါ်  ပြည်သူလူထု၏ယုံကြည်မှုများရရှိရန်   ခက်ခက် ခဲခဲအချိန်ယူလုပ်ဆောင်ရသော်လည်း  ယုံကြည်မှု  ပျောက်ဆုံးရန်အတွက်မူ      လွယ်ကူလှသည်ကို သတိပြုရမည်ဖြစ်သည်။        ပြည်သူလူထု၏ ယုံကြည်မှုပျောက်ဆုံးသွားလျှင်  ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်   ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှုများ  လျော့နည်းသွားပြီး အဂတိ လိုက်စားမှုများဆီသို့     ဦးတည်သွားနိုင်သည်။   ထိုနည်းတူစွာ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ သည်လည်း   အောင်မြင်နိုင်မှု    နည်းပါးသွားနိုင် ပါသည်။


အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု


တိုးတက်ပြောင်းလဲလာသော         ယနေ့ နည်းပညာခေတ်တွင်    အရပ်ဘက်လူမှုအဖွဲ့အစည်း များသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့အတွင်း   ဖွဲ့စည်း ထားခြင်းသာမဟုတ်ဘဲ နိုင်ငံအဆင့်၊ နိုင်ငံတကာ အဆင့်   ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။  ထို့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် စီးပွားရေး၊ လူမှုရေးနှင့်   သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေး စသည့်အကြောင်းအရာများတွင်   ၎င်းတို့အခန်းကဏ္ဍ၏       အရေးပါမှုတိုးလာပြီး   အုပ်ချုပ်မှုဖြစ်စဉ်များအပေါ် လွှမ်းမိုးမှုရှိလာသည်။  အဂတိလိုက်စားမှုတိုက်ဖျက်ရေး   လုပ်ဆောင်ရာ တွင်  အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့်     ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ     အသိ ပညာပေးခြင်းနှင့်    သုတေသနပြုလုပ်ခြင်းများ၊ အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေရှိသည်များကို စောင့်ကြည့်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ    အကြံဉာဏ်ပေးခြင်း စသည့်နည်းလမ်း များစွာရှိသည်။          


အချို့သော   အရပ်ဘက်လူမှုအဖွဲ့အစည်းများ သည် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၏ လှူဒါန်း ထောက်ပံ့ငွေများဖြင့် ရပ်တည်နေရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အလှူရှင်များအလိုကျ  လိုက်ပါဆောင်ရွက် ခြင်းမျိုးများရှိနိုင်ပြီး          ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသည်များ     ဖြစ်နိုင်သည်။  ထိုသို့ အယောင်ပြအဂတိလိုက်စားမှု တိုက်ဖျက်ရေး အရပ်ဘက်        လူမှုအဖွဲ့အစည်းများရှိနေခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ်      မှန်မှန်ကန်ကန် လုပ်ဆောင်နေသော အခြား  အရပ်ဘက်လူမှုအဖွဲ့  အစည်းများအပေါ် ပြည်သူလူထု၏     ယုံကြည်မှုများ လျော့နည်းကျဆင်းလာနိုင်သည်။
နိုင်ငံအများစုတွင် ရောဂါတစ်ခုကဲ့သို့ နှစ်ကာလ ကြာမြင့်စွာ    အမြစ်တွယ်နေပြီး   နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပေါ် စေသည့် အဂတိလိုက်စားမှုများကို ပပျောက်သွား အောင်    နိုင်ငံတော်မှ    အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်မှုများ တွင်  ပြည်သူလူထုနှင့်  အရပ်ဘက်လူမှုအဖွဲ့အစည်း များအနေဖြင့်     ပူးပေါင်းပါဝင်လုပ်ဆောင်ကြရာ၌ ထိရောက်အောင်မြင်မှုရှိစေရန်အတွက် နိုင်ငံတော် မှ ချမှတ်ပြဋ္ဌာန်းထားသော   မူဝါဒများ၊  ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ     စိတ်ဝင်တစား အလေးထား     ပါဝင်ဆောင်ရွက်ကြပါရန်    ဆန္ဒပြု တိုက်တွန်းလိုက်ရပါသည်။      ။


(ကုလသမဂ္ဂအဂတိလိုက်စားမှု      တိုက်ဖျက် ရေး ကွန်ဗင်းရှင်းနှင့်    ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး   (UNODC) မှ     ထုတ်ဝေသော  E4J   University    Module    Series:    Anit-Corruption မှ  Anti   -  Corruption   Module 10:   Citizen Participation  in     Anti-Corruption      Efforts     တို့အား      ကိုးကား  ပါသည်။)
n