လေလှိုင်းပေါ်က အချောင်သမားများ

Type

 

ဘမောင်တိုး
 

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေမှာ နိုင်ငံရေးကိုအကြောင်းပြုပြီး အသိအမြင်နည်းပါးမှု၊ အမှောင့်ပယောဂပူးကပ်မှု၊ အတွေးမှား၊ အမြင်မှားမှု၊ သွေးထိုး လှုံ့ဆော်ပေးမှု၊ ထောက်ပံ့မြှောက်ပင့်ပေးမှုတွေကြောင့် တည်ဆဲအစိုးရကို ဆန့်ကျင်ပုန်ကန်သူတွေ ပေါ်ပေါက်လာပါတယ်။   ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ မတူကွဲပြားတဲ့သူတွေကို ဒလန်လို့ သတ်မှတ်ပြီး ညှဉ်းဆဲသတ်ဖြတ်ကြပါတယ်။ မြို့ပေါ်တွေမှာ ဗုံးထောင်ဖောက်ခွဲမှုတွေ ပြုလုပ်ပြီး ကျေးလက်ဒေသအချို့မှာ လက်နက်ကိုင်သောင်းကျန်းမှုတွေပြုလုပ်ကြပါတယ်။

 

ဒီလုပ်ငန်းတွေကို  လူမိုက်တွေကို  ငွေပေးခိုင်း တာ၊ ဒေသခံ PDF နဲ့ GZ လေးတွေ ပြုလုပ်ကြတာ ရှိပါတယ်။ ဒီလိုပြုလုပ်ကြဖို့အတွက် အစောပိုင်း ကတည်းက  NLD  လွှတ်တော် ကိုယ်စားလှယ်တွေက မြှောက်ပင့်ပေးခဲ့ကြပါတယ်။ ဒေသခံ  PDF  လေး တွေ၊ GZ လေးတွေကို EAOs တွေနဲ့ ချိတ်ဆက်ပေးပြီး ဗုံးခွဲနည်း၊ လက်နက်ကိုင်နည်း၊ စစ်သင်တန်းတွေ တက်ဖို့ လမ်းခင်းပေးခဲ့ပါတယ်။ သင်တန်းတွေတက် ပြီး  မြို့ပေါ်နဲ့ ကျေးလက်တွေမှာ  အကြမ်းဖက် အဖျက်လုပ်ရပ်နဲ့   အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ကြတော့ PDF နဲ့ GZ လေးတွေ အဖြစ်ဆိုးနဲ့ ကြုံကြရပါတယ်။ လက်တွေ့မြေပြင်မှာ PDF နဲ့  GZ လေးတွေရဲ့ ဘဝတွေ၊  အသက်တွေ   ရင်းနှီး ပေးဆပ်လိုက်ရတော့ CRPH က နိုင်ငံရေး အချောင် သမားတွေက လွတ်ရာလွတ်ကြောင်း လေလှိုင်းပေါ် ကနေ ဝမ်းနည်းစကားဆိုကြပါတယ်။


အွန်လိုင်းပေါ်က လူတွေ


တစ်ဖက်က  တိုင်းပြည်ဖျက်ဆီးရေးအတွက် အသိမကြွယ်သေးတဲ့ PDF နဲ့ GZ  လေးတွေကို ဖျက်ဆီးရေးလမ်းကြောင်းပေါ်ကို  တွန်းတင်၊  ဘဝတွေပျက်အောင်ဖန်တီးပြီး တစ်ဖက်မှာ မိမိတို့ ဟာ  တရားဝင်အစိုးရလိုလို၊ တရားဝင်လွှတ်တော် ယောင်ယောင်  ဟန်ရေးပြတဲ့  လေလှိုင်းပေါ်က   အစည်းအဝေးတွေကို မကြာမကြာပြုလုပ်ပြကြပါ တယ်။ ဇူလိုင်လ ၅ ရက်နေ့က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဒုတိယပုံမှန် အစည်းအဝေးဆိုပြီး  ကျင်းပခဲ့တာကို  တွေ့ရပါ တယ်။ အစည်းအဝေးကို ယခင်ပြုလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေအတိုင်း   ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ရွေးကောက်ခံဆိုပြီး လွှတ်တော် မတက်လိုက်ရတဲ့          ကိုယ်စားလှယ်တွေက ထူးမခြားနား အစီရင်ခံစာတွေ  ဖတ်ကြပါတယ်။ ဘယ်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အွန်လိုင်း ပေါ်ကို သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ မီဒီယာတွေ တက်ရောက်တယ်လို့ အသိပေးထားပါ တယ်။


အွန်လိုင်းပေါ်မှာ အစည်းအဝေးလုပ်တော့ NLD ကိုယ်စားလှယ်တွေ တစ်ထောင်ကျော်ရှိတဲ့အနက် ဘယ်သူတွေဟာ   ဘယ်အဖွဲ့အစည်းမှာ  ပါဝင် လှုပ်ရှားနေကြတယ်ဆိုတာကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။   အကြမ်းဖက်လုပ်ငန်း တွေမှာ ထဲထဲဝင်ဝင်  လုပ်နေတဲ့သူတွေ၊ အားပေး နေတဲ့သူတွေ၊ အွန်လိုင်းပေါ်က CRPH ကလူတွေ၊ NUG က လူတွေကို ကွဲကွဲပြားပြား သိလာရပါတယ်။ 


အချို့ NLD တွေက  ထောက်ခံတာလည်းမပြ၊ ကန့်ကွက်တာလည်းမလုပ်တဲ့  ကိုယ်ပျောက်  NLD တွေလည်း  တွေ့ရပါတယ်။ အားလုံးလူစုံတဲ့အခါမှာ NLD ပါတီက လူတွေဟာ ဘယ်လမ်းစဉ်ကို ရှေးရှု သွားနေတာကို  သိနိုင်မှာဖြစ်ပြီး  NLD  ပါတီကို ဘယ်လိုအဖွဲ့အစည်းအဖြစ် သတ်မှတ်နိုင်တယ် ဆိုတာ ပေါ်လွင်ထင်ရှားလာမှာဖြစ်ပါတယ်။ လက်ရှိ မှာ   နွေဦးတော်လှန်ရေးလို့  ကြွေးကြော်ထားတဲ့ NLD, CRPH, NUG ဟာ လေလှိုင်းပေါ်က   အစိုးရ၊ လေလှိုင်းပေါ်က  လွှတ်တော်၊  လေလှိုင်းပေါ်က တော်လှန်ရေးသာဖြစ်နေပြီး လက်တွေ့မဆန်တဲ့၊ မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ စိတ်ကူးယဉ် သမားတွေလို့ ဆိုလိုရမှာဖြစ်ပါတယ်။ ဒါကို ပြည်သူ တွေအနေနဲ့   အချိန်ကြာလာတာနဲ့အမျှ   ကွဲကွဲ ပြားပြား မြင်သိလာကြပါပြီ။ 


သေတွင်းထဲကိုပို့


CRPH နဲ့ NUG ဟာ   လေလှိုင်းပေါ်ကနေ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊  အစည်းအဝေး တွေကို မရိုးနိုင်အောင် အမျိုးမျိုးအဖုံဖုံ  ပြုလုပ် ခဲ့ကြတာကတော့ အကွက်စေ့လှပါတယ်။ ဒါပေမယ့် လက်တွေ့မပါတဲ့ သဘောတရားတွေဟာ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။  သူတို့လုပ်နိုင်တာတွေ ကတော့ တစ်ဖက်သတ်ဘက်လိုက် လုပ်ပေးနေတဲ့ ကုလသမဂ္ဂ စင်မြင့်နဲ့ အားပေးအားမြှောက်လုပ်ပေး နေတဲ့ ဆရာကြီးတွေနဲ့ လေလှိုင်းပေါ်မှာပဲ စည်းဝါး ကိုက် လုပ်နိုင်ကြပါတယ်။ သူတို့လုပ်တဲ့ အစည်း အဝေးတွေကို ကြည့်မယ်ဆိုရင် ဘယ်သူတွေဟာ လေလှိုင်းပေါ်ကလုပ်တယ်။   ဘယ်သူတွေဟာ ပြည်တွင်းကလုပ်နေတယ်ဆိုတာကို    ရှင်းရှင်း လင်းလင်း   မြင်တွေ့နိုင်ပါတယ်။   လက်တွေ့ လုပ်နိုင်တာကတော့ ပြည်တွင်းက ကိုယ်ပျောက် NLD တွေက PDF နဲ့ GZ လေးတွေကို သေတွင်းထဲကို ပို့နေတာကိုတော့  မြင်ရမှာဖြစ်ပါတယ်။ 


မိမိတို့     အာဏာပြန်လည်ရရှိရေးအတွက် လူငယ်လူရွယ်တွေ၊    အသိအမြင်အားနည်းတဲ့ ပြည်သူတွေကို   ချနင်းနေတာ  မြင်တွေ့ရတော့ အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ NLD, CRPH, NUG တို့ရဲ့ လက်တွေ့မပါတဲ့  လုပ်ရပ်တွေ၊ ပြည်သူ တွေကိုစတေးပြီး  တိုင်းပြည်အလုံးစုံ  ပျက်စီးရေး လုပ်ရပ်တွေ တစိုက်မတ်မတ်လုပ်နေတာတွေကို တစ်စတစ်စနဲ့ ပြည်သူတွေ သဘောပေါက်နားလည် လာကြပြီဖြစ်ပါတယ်။ မူလက NLD, CRPH, NUG တို့ကို  ထောက်ခံကြတဲ့  ပြည်သူတွေကိုယ်တိုင် ၎င်းတို့ကို အားမလိုအားမရဖြစ်လာတာ၊ ဝေဖန် ပြစ်တင်ရှုတ်ချတာတွေ     ပြုလုပ်လာကြပါပြီ။ လေလှိုင်းပေါ်ကနေ     ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်ရေးလို့ ကြွေးကြော် ပြီး  လက်တွေ့မှာ  တိုင်းရင်းသားတွေရဲ့အရေးနဲ့ ဝေလာဝေးနေတာဟာ အခုမှမဟုတ်ပါဘူး။ NLD အာဏာရတုန်းကတည်းက ဖြစ်နေတာကို တိုင်းရင်း သားအားလုံး သိကြပါတယ်။ 


အမြီးအမောက် မတည့်


မြေပြင်မှာ PDF နဲ့ GZ လေးတွေ  ဘဝတွေ၊ အသက်တွေ ပေးဆပ်နေရတဲ့အချိန်မှာ လွတ်ရာ လွတ်ကြောင်း လေလှိုင်းပေါ်ကနေ အစည်းအဝေး တွေလုပ်လိုက်၊ ကြေညာချက်တွေ  ထုတ်လိုက်၊ သွေးထိုးမြှောက်ပင့်ပေးလိုက်နဲ့ လက်တွေ့မပါတဲ့ အလုပ်တွေလုပ်နေကြတာဟာ    ရှက်ပေမယ့် အသက်အသေမခံနိုင်တဲ့ နိုင်ငံရေးအချောင်သမား တွေလို့  ဆိုရမှာဖြစ်ပါတယ်။ “အသက်တွေ၊ ဘဝ တွေ စတေးနေရတဲ့ PDF နဲ့ GZ လေးတွေကို ငဲ့ညှာပါဦး၊ သနားပါဦး၊ ရှေ့ကနေ မားမားမတ်မတ် ရပ်ကြပါဦး”လို့   ပြည်သူတွေပြောနေကြတဲ့ အသံတွေကို ကြားနေရပါတယ်။ တကယ်တော့ လေလှိုင်းပေါ် က လွှတ်တော်ဖြစ်ဖြစ်၊ မြေပြင်ပေါ် က လွှတ်တော်ဖြစ်ဖြစ် လွှတ်တော်လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိဖို့လိုပါတယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို  ဖျက်သိမ်းလိုက်ပြီးပြောပြီး   လွှတ်တော်အစည်း အဝေးတွေ    ထလုပ်နေတာ ဟာ   အမြီးအမောက်မတည့်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။


လေလှိုင်းပေါ်ကနေ  အားပေးအားမြှောက် လုပ်နေတဲ့ နိုင်ငံရေးဂုရုကြီးတွေဟာ သူတို့ကိုယ် တိုင်လည်း  ရှေ့တန်းက  မားမားမတ်မတ်မရပ်တည် နိုင်သလို  သူတို့ရဲ့သားသမီး၊ မိသားစုဝင်တွေ PDF နဲ့ GZ လေးတွေနဲ့အတူ ပါဝင်လှုပ်ရှားနေကြသလား လို့ မေးခွန်းထုတ်ရင် မသိချင်ယောင်ဆောင်နေကြ မှာ  သေချာပါတယ်။  တော်လှန်ရေးလုပ်တယ် ဆိုတာ    တော်လှန်ရေးကြီးကို   မဆင်နွှဲခင်မှာ   မြေပေါ်၊ မြေအောက် တော်လှန်ရေးငယ်လေးတွေ အရင်လုပ်ကြပါတယ်။   မြေပေါ်တော်လှန်ရေး လုပ်ရင် အဖမ်းခံရနိုင်လို့ မြေပေါ်မှာ ခဏလုပ်၊ မြေအောက်ကို ခဏဝင်လုပ်ကြရပါတယ်။ ယခု တော်လှန်ရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေက မြေပေါ်မှာလည်း မလုပ်၊  မြေအောက်မှာလည်း မလုပ်ဘဲ   လေထဲမှာလုပ်နေကြတာ   အတော် ထူးဆန်း အံ့သြဖွယ်ရာ  ရှားမှရှား နိုင်ငံရေးသမား တွေပါပဲ။ 


လိမ်ညာပြောဆိုကြ


အများပြည်သူကို လှုံ့ဆော်တဲ့အခါမှာတော့ ဒါဟာ   ပြည်သူတွေရဲ့တိုက်ပွဲ၊   ပြည်သူတွေ ဦးဆောင်တဲ့   ပြည်သူ့တော်လှန်ရေး၊   ပြည်သူ့ တိုက်ပွဲဆိုပြီး ကြွေးကြော်နေပေမယ့်   လေလှိုင်း ပေါ်မှာတော့ CRPH  လွှတ်တော်ကိုယ်စားလှယ် တွေ၊   NUG အစိုးရအဖွဲ့ဝန်ကြီးတွေ မကြာမကြာ ဖွဲ့စည်းခန့်အပ်နေတာတွေကို  ကြည့်မယ်ဆိုရင်  ပြည်သူတွေကို  အသုံးချပြီး  အာဏာရရှိရေး ကြံစည်နေကြတာကို ရှင်းရှင်းလေးပဲ  တွေ့နိုင်မှာ ဖြစ်ပါတယ်။ PDF နဲ့ GZ လေးတွေ     အကြမ်းဖက် တိုက်ခိုက်ကြလို့ လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်း ရင် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေပါတယ် လို့ လိမ်ညာပြောဆို ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ တွေဟာ  အေးချမ်းစွာ နေထိုင်ကြတဲ့ ပြည်သူ တွေကို  အနှောင့်အယှက် မပေးဘဲ   အကာအကွယ် ပေးလျက်ရှိပါတယ်။ ဆူပူအကြမ်းဖက်တိုက်ခိုက်၊ မီးရှို့၊ ဗုံးခွဲ၊ လူသတ်တဲ့သူတွေကိုသာ နှိမ်နင်း နေတာ ဖြစ်ပါတယ်။  


CRPH, NUG ဟာ NLD က  မွေးဖွားလာတဲ့ သားသမီးတွေဖြစ်ပါတယ်။ ယနေ့ CRPH, NUG ရဲ့ လုပ်ရပ်တွေကို NLD က  သိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ အားပေးသည်ဖြစ်စေ၊ အားမပေးသည် ဖြစ်စေ ဘယ်လိုပဲလုပ်လုပ် ဘယ်လိုပဲဖြစ်ဖြစ် NLD ပဲ တာဝန်ရှိပါတယ်။ သားသမီးမကောင်း မိဘ ခေါင်း ဆိုသလို NLD ပဲတာဝန်ခံရမှာဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့ NLD ဟာလည်း ဒီပုံဒီနည်းအတိုင်း      စခန်းသွားခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ မြေပေါ်နဲ့ မြေအောက် NLD ဟာ   သူ့လမ်းသူသွားနေတယ်ဆိုပေမယ့်   နှစ်ကိုယ့် တစ်စိတ်ပါပဲ။  မျက်မြင်မှာ  သူ့လမ်းသူသွားနေ တော့ မြေပေါ်မှာ NLD ရပ်နိုင်ခဲ့ပါတယ်။ ၂၀၂၁ မှာ NLD ဟာ အားလုံးလေလှိုင်းပေါ်ရောက်နေကြပါ တယ်။   ပြီးရင်   အားလုံးမြေအောက်ကို ရောက်ကုန် ကြမှာ  ဖြစ်ပါတယ်။ 


တိုင်းပြည်ဖျက်ဆီးသူ


NLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာ မှုလုပ်ခဲ့တာတွေ၊  ရွေးကောက်ပွဲကာလကစလို့ ဆူပူအကြမ်းဖက်မှုတွေ  လုပ်ခဲ့တာတွေကို   NLD နိုင်ငံရေးသမားတွေရော၊ NLD ကို ဝန်းရံသူတွေရော၊ မီဒီယာတွေရော  ဒီလုပ်ရပ်တွေကို   ဘယ်သူမှ ထုတ်ဖော်ပြောကြားခြင်း   မရှိကြပါဘူး။   နိုင်ငံ့ တာဝန်ယူထားစဉ်ကာလအတွင်း ဘဏ္ဍာငွေကြေး အရှုပ်တော်ပုံတွေနဲ့    တိုင်းပြည်ဖျက်ဆီးမယ့် လမ်းကြောင်းကို  ကြိုတင်ကြံစည်ခဲ့တာတွေကို လည်း  ဘယ်သူမှ  ထုတ်ဖော်ပြောဆိုခဲ့တာတွေ မရှိခဲ့ပါဘူး။ ပြည်သူတွေကို နိုင်ငံရေးမှိုင်းမိအောင်၊ PDF နဲ့ GZ လေးတွေကို အကြမ်းဖက်သမားဖြစ် အောင်    ဖန်တီးပေးတာ  NLD ပဲ  ဖြစ်ပါတယ်။  ပြည်တွင်း/ပြည်ပက ရတဲ့ငွေနဲ့ လက်နက်ဝယ်ဖို့၊ လူငယ်တွေကို    အကြမ်းဖက်သင်တန်းတက်ဖို့ လုပ်တဲ့ လွှတ်တော်အမတ်ဟောင်းတွေ၊ လေလှိုင်း ပေါ်က   အကြမ်းဖက်အစိုးရဆိုတဲ့သူတွေဟာ ပြည်သူနဲ့    တိုင်းပြည်ကို   ဖျက်ဆီးနေတဲ့သူတွေ ဖြစ်ပါတယ်။ 


NLD ဟာ CRPH, NUG, PDF ကိုယ်ပွားတွေ ဘယ်လိုပဲအမည်ပြောင်းပါစေ၊   NLD  နိုင်ငံရေး သမားတွေဟာ ၁၉၈၈ ခုနှစ်ကတည်းက တိုင်းပြည် နဲ့ လူထုကို နိုင်ငံရေးအဆိပ်ခတ်ခဲ့တာ ယနေ့ထက် တိုင်ပါပဲ။ ဒီမိုကရေစီကို မြတ်နိုးပါတယ်၊ တန်ဖိုး ထားပါတယ်ဆိုပြီး     တိုင်းပြည်ကောင်းကျိုး ဖြစ်မလာဘဲ  တိုင်းပြည်ဆိုးကျိုးဖြစ်လာရတာ တွေကို  သေချာစေ့ငုလေ့လာကြည့်မယ်ဆိုရင် NLD အာဏာရရေးအတွက် တိုင်းပြည်နဲ့လူထုကို ချခင်းခဲ့တဲ့   လေလှိုင်းပေါ်က  အချောင်သမား၊ မြန်မာနိုင်ငံရဲ့  အဖျက်သမားလို့  ဆိုလိုက်ချင်ပါ ကြောင်း။    ။