နှစ်တစ်ရာတိုင် ကြံ့ကြံ့ခံနိုင်ခြင်း

Type

စာရေးသူ -

JIM O'NEILL Source - China Daily

=============

 

နိုင်ငံများသည် နိုင်ငံရေးစနစ် မည်သို့ပင်ရှိစေကာမူ တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား သည့် အောင်မြင်မှုအတွေ့အကြုံများအား သင်ခန်း စာယူနိုင်သည်။


တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခါသမယ၌ စီးပွား ရေးပညာရှင်ရှုထောင့်မှနေ၍  တရုတ်နိုင်ငံအပေါ် မည်သို့ရှုမြင်သင့်သနည်း။


အဓိကအချက်မှာ နှစ် (၁၀၀) ၏ သက်သေ အထောက်အထားများအပေါ် အခြေခံရှုမြင်ပါက တရုတ်နိုင်ငံသည် ရေရှည်ဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ခဲ့သည့် နိုင်ငံအများစုနှင့် နှိုင်းယှဉ်ရုံ သာမက ဆင်တူသော အုပ်ချုပ်မှုပုံစံများရှိသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန် သိသာပေါ်လွင်နေသည်ကို တွေ့နိုင်ပါသည်။ 


ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှုများ


လွန်ခဲ့သော နှစ် (၃၀) ဝန်းကျင်ကာလအတွင်း တရုတ်နိုင်ငံ၏ အောင်မြင်မှုများသည် အများ၏ အာရုံစိုက်ခြင်းခံရသည်မှာ ၎င်း၏အတိုင်းအတာ ပမာဏကြောင့်သာမက      ထိုကာလအတွင်း ထပ်တလဲလဲ ဖြစ်ပွားခဲ့သည့်  ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုများကြောင့်လည်း  ဖြစ်ပါသည်။   တရုတ်နိုင်ငံနှင့် နိုင်ငံတိုင်း မဖြစ်မနေကြုံတွေ့ ခဲ့ရသည့် ကိစ္စရပ်များကို စဉ်းစားကြည့်ပါ။ ၁၉၉၇-၁၉၉၈ ခုနှစ် အာရှအကျပ်အတည်းဟုခေါ်သည့်   အရေးကိစ္စသည်  အခြားအာရှစီးပွားရေးထုများ စွာကို   နှစ်ပေါင်းများစွာ နောက်ကြောင်းပြန်လှည့် သွားစေခဲ့သည်။ ၂၀၀၁ ခုနှစ် ဒေါ့ကွန်းဘပ်ဘယ်လ် (dotcom bubble) အင်တာနက်နှင့်ဆက်နွှယ်သော စီးပွားရေးများ တစ်ရှိန်ထိုး တိုးတက်ပြီးနောက် ပျက်သုဉ်းသွားခဲ့သည်။ ၂၀၀၇-၂၀၀၈ ခုနှစ် ဆိုးရွား လှသော   ဘဏ္ဍာရေးအကျပ်အတည်းကြောင့် စီးပွားရေးထုများစွာနှင့် ၎င်းလူမှုအဖွဲ့အစည်းများ ယနေ့ထိတိုင် ပုံမှန်အခြေအနေသို့ အမှန်တကယ်  မရောက်နိုင်သေးပါ။   လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည်လည်း ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း တစ်ကမ္ဘာလုံး၌  အကြီးမားဆုံး သော စီးပွားရေးဆုတ်ယုတ်မှုကို ဖြစ်စေခဲ့ပါသည်။ 


တရုတ်နိုင်ငံ အောင်မြင်မှုရရှိသည့်အကြောင်း ရင်းကို နက်နက်ရှိုင်းရှိုင်း  မဆွေးနွေးမီ ကိန်းဂဏန်း အချို့ကို တင်ပြပါရစေ။ ကျွန်တော် ၂၀၀၁ ခုနှစ်က BRIC လေးနိုင်ငံ၏ အစစာလုံး အတိုကောက်ဖြင့် ကမ္ဘာ့အကြီးဆုံးသော ထွန်းသစ်စစီးပွားရေးထု၏ တိုးတက်မှုအလားအလာကို ရည်ညွှန်းရန် စိတ်ကူး ရခဲ့စဉ်က တရုတ်နိုင်ငံ၏  စီးပွားရေးပမာဏမှာ အမေရိကန်ဒေါ်လာတစ်ထရီလီယံခန့် ရှိခဲ့သည်။ အာရှအကျပ်အတည်းက စီးပွားရေးတိုးတက်မှုကို တားဆီးလိုက်သော်လည်း တရုတ်နိုင်ငံသည် ဆယ် နှစ်အတွင်း ကိန်းဂဏန်းနှစ်နေရာဖြင့် လက်တွေ့ GDP တိုးတက်မှုကို   ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့တွင် လက်ရှိ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဖြင့် တွက်ချက်ပါက   တရုတ်နိုင်ငံ၏  စီးပွားရေး ပမာဏသည် အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံနီး ပါး ရှိနေပြီး ၂၀၀၁ ခုနှစ်၏ ၁၅ ဆခန့် ရှိနေပြီကို တွေ့ရပါသည်။ ၎င်းပမာဏသည် ကမ္ဘာ့တတိယ အကြီးဆုံး စီးပွားရေးထုဖြစ်သော ဂျပန်နိုင်ငံထက် သုံးဆ များပြားပြီး အနည်းဆုံးအနေဖြင့် အမေရိကန် စီးပွားရေးပမာဏ၏ လေးပုံသုံးပုံရှိကာ အခြား BRIC နိုင်ငံများ၏ စီးပွားရေးပမာဏ အားလုံးပေါင်းထက် နှစ်ဆကျော် ရှိပါသည်။ ပြီးခဲ့သည့် ပုံမှန်မဟုတ်သော တစ်နှစ်အတွင်းတွင်     တရုတ်နိုင်ငံသည်     GDP တိုးတက်မှု အပေါင်းလက္ခဏာ နှစ်ရာခိုင်နှုန်းခန့်ကို      အောင်မြင်စွာ   ဖော်ဆောင်နိုင်ခဲ့ပါသည်။  တရုတ်နိုင်ငံ ၏  ယနေ့စီးပွားရေးပမာဏသည် ၂၀၁၉ ခုနှစ်ကထက်  ပိုမိုကြီးမားပေသည်။   ယင်းသည်  အခြားစီးပွားရေး ထုများ မရောက်ရှိနိုင်သည့် အခြေအနေဖြစ်ပါသည်။ ဝယ်ယူနိုင်မှုစွမ်းအား ကွာခြားမှုနှုန်းဖြင့် တွက်ချက် ပါကလည်း  တရုတ်နိုင်ငံ၏   စီပွားရေးပမာဏသည်  အမေရိကန်ထက်   ကြီးမားသည်ကို   တွေ့ရပါသည်။


ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစွမ်းရည်ဖြစ်နိုင်ခြေရှိ


ထိုကဲ့သို့    သိသာသောတိုးတက်မှုကြောင့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစွမ်းရည် သည် ဖြစ်နိုင်ခြေရှိလာသည်။  ယင်းကြောင့်လည်း တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု သိသိသာသာကျဆင်းမှုတွင်  အဓိကကျနေသည်။ တရုတ်နိုင်ငံ၏  အကြွယ်ဝဆုံးအလွှာ၏  ချမ်းသာ ကြွယ်ဝမှုသည် သိသိသာသာမြင့်တက်နေသော်လည်း လူတစ်ဦးချင်း ပျမ်းမျှ GDP သည် အမေရိကန်ဒေါ်လာ ၁၁၀၀၀ မှ ၁၂၀၀၀ ဝန်းကျင် ရှိနေသည်။ တရုတ် ကွန်မြူနစ်ပါတီ၏   ဆန္ဒအရ ၂၀၃၅ ခုနှစ်တွင် နှစ်ဆတိုးရန် မျှော်လင့်ရပါသည်။


နောက်ထပ် ကျွန်တော် ဥပမာပေးလိုသော စာရင်းဇယားတစ်ခုမှာ ခန့်မှန်းတွက်ချက်မှုအရ တရုတ်နိုင်ငံသား သန်း ၃၀၀ ခန့်၊ အဓိကအားဖြင့် မြို့ပြတွင် နေထိုင်သူများ၏ တစ်ဦးချင်း ပျမ်းမျှ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၀၀၀ ဝန်းကျင် ရှိသည်ကို တွေ့ရသည်။ ယင်းသည် ဗြိတိန်၏ ပျမ်းမျှအဆင့် အတန်း ဖြစ်သည်။ ဗြိတိန်၏ လူဦးရေသည် ၆၅ သန်းခန့် ရှိသည်။ ဗြိတိန်နိုင်ငံသား တစ်ယောက်အနေ ဖြင့် ယင်းသည် တော်တော်လေး ဆင်ခြင်ဖွယ်ကောင်း လှပါသည်။ တရုတ်နိုင်ငံ၏ စီမံအုပ်ချုပ်မှုစနစ်သည် ကျွန်တော်တို့နိုင်ငံနှင့်တူညီသည့် ကြွယ်ဝမှုကို ဖန်တီး ပေးနိုင်ခဲ့သည်။ သို့သော် ၎င်း၏လူဦးရေသည် ကျွန်တော် တို့နိုင်ငံ၏ လေးဆရှိလေသည်။ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဖြေဆိုရန် ပိုမိုခက်ခဲသော အစိတ်အပိုင်း ဖြစ်သည်။
အခြားသူများ ဖော်ပြသည်ကို မြင်ရခဲသော အချက်တစ်ချက်ကို ကျွန်တော် စဉ်းစားမိပါသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် စီမံအုပ် ချုပ်မှုပုံစံနှင့် အမှန်တကယ် တိုက်ရိုက်သက်ဆိုင် နိုင်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။ ကျွန်တော်၏ နိုင်ငံတကာဘဏ္ဍာရေး နောက်ခံကြောင့် ကျွန်တော် သည်   ရှေ့တွင်ဖော်ပြခဲ့သည့်    နိုင်ငံတကာ အကျပ်အတည်းနှင့်  ရိုက်ခတ်မှု အကြိမ်များစွာကို အလွန်ဂရုပြုမိသည်။ ဘာကြောင့်မှန်းမသိ၊ ၎င်းတို့ သည် တစ်နည်းနည်းဖြင့် ကွဲပြားမှုရှိကြသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့အား လျော်ကန်စွာ တုံ့ပြန် နိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဘေးပတ်ဝန်းကျင်နိုင်ငံ များ၏ ငွေကြေးများ ဆုတ်ယုတ်ခဲ့သော်ငြားလည်း တရုတ်နိုင်ငံသည် ယွမ်ငွေ ဖောင်းပွမှု၏ ဖိအားနှင့် သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့သည်။ ထိုစဉ်က အခြေအနေသည် ဆိုးရွားသောပျက်စီးမှု ဖြစ်စေနိုင် ခဲ့သည်။  ယင်းနောက်ပိုင်းတွင်   တစ်ခါတစ်ရံ ပေါ်ပေါက်ခဲ့သော ဘဏ္ဍာရေးစျေးကွက်ဖိအားများကိုလည်း  တရုတ်နိုင်ငံက  နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်ခဲ့သည်။


နိုင်ငံအများစုနှင့် မတူသည့်အချက် 


၂၀၀၇-၂၀၀၈  ခုနစ်   ဘဏ္ဍာရေးအကျပ် အတည်းအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်အပေါ် မှီခိုမှု အနေအထားသည် ပိုမိုများပြားခဲ့သည်။ ၎င်းသည် နည်းလမ်းရှာ၍ လျင်မြန်စွာ   တုံ့ပြန်နိုင်ခဲ့ပြီး စီးပွားရေးမှီခိုမှုကို   တန်ဖိုးနိမ့်တင်ပို့မှုများမှ ရွှေ့ပြောင်းကာ လုပ်အားခများ မြင့်တက်စေခဲ့ပြီး ယွမ်ငွေ တန်ဖိုးမြင့်တက်လာစေခဲ့သည်။ ထို့ပြင် ပမာဏ ကြီးမားသော ပြည်တွင်းအခြေခံအဆောက် အအုံ နှိုးဆွမှုအစီအမံများက စီးပွားရေးအား ပြည်တွင်းမောင်းနှင်မှုကို      ပိုမိုအားထားသော   အနေအထား သို့ ပြောင်းလဲသွားစေခဲ့သည်။    ပြီးခဲ့သည့် ၁၅ လအတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ ကြောင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော   တရုတ်နိုင်ငံကို  ကနဦး  အကျိုးဖျက်ဆီးမှု ဖြစ်လာ စေခဲ့သော်လည်း   တရုတ်နိုင်ငံသည်   ၎င်းကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီး ပုံမှန်အနေအထားတစ်ခု သို့   ရောက်ရှိနေပြီဖြစ်သည်။ ယင်းသည် ကမ္ဘာ့ အခြားဒေသ၊ နိုင်ငံအများစုနှင့် မတူသည့်အချက်ပင် ဖြစ်သည်။


၎င်း၏ဗဟိုချက်သည် တရုတ်ကွန်မြူနစ်ပါတီ ၏ ရှင်းလင်းပြတ်သားသော   ခေါင်းဆောင်မှု သာမကဘဲ    ကောင်းမွန်သော    ပညာရေး၊ လေ့ကျင့်မှု   ခံယူထားသော   အစိုးရဝန်ထမ်းနှင့် ဗျူရိုကရက်အဖွဲ့များကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ သည် လျင်မြန်စွာ၊ လေးလေးနက်နက်တွေးခေါ်၍ မူဝါဒတုံ့ပြန်မှုများကို   အကောင်အထည်ဖော် ဆောင်ပြီး အကျပ်အတည်းများကို ကျော်လွှားနိုင် စေခဲ့သည်။ ယင်းသည် အခြားနိုင်ငံများစွာ မလုပ် ဆောင်နိုင်သောအရာပင်  ဖြစ်သည်။ ထို့ကြောင့် ၎င်းအပိုင်းတွင် အခြားနိုင်ငံများ အတုယူနိုင်ပါ သည်။ လေးလေးနက်နက် တွေးတော၍ ပြတ်ပြတ် သားသားဆုံးဖြတ်ရန်  အလိုအပ်ဆုံးအချိန်တွင် နိုင်ငံရေးစနစ်ဖြင့်   ထိန်းချုပ်ထားမှုမဖြစ်စေ ရပါ။
လေ့လာသင်ယူထိုက်


လာမည့်နှစ် (၁၀၀) အတွင်း တရုတ်နိုင်ငံသည် အခြားသူဆီမှ အတုယူသင့်သည့်အရာများ ရှိနိုင် မည်လား။ ယင်းသည် အခြားဆောင်းပါးတစ်ပုဒ်၏ အဓိကအကြောင်းအရာ ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်တော်အကြံပြုလိုသည်မှာ    တရုတ်နိုင်ငံ စီးပွားရေး ပိုမိုကြီးထွားလာသည်နှင့်အမျှ ကမ္ဘာ့ အခြားဒေသများအတွက် ပိုမိုအရေးပါလာလေ သည်။  ၎င်းသည် သံတမန်ဆက်ဆံရေး  ဆော့ဖ် ပါဝါအချို့  လိုအပ်ကောင်းလိုအပ်နိုင်ပြီး အခြား နိုင်ငံများက တူညီသည့်ပုံစံ သို့မဟုတ် စီမံအုပ်ချုပ် မှုကို ရွေးချယ်ခြင်း  မပြုနိုင်သည်ကို သတိပြုမိ လိမ့်မည်။ ထို့ပြင် တရုတ်နိုင်ငံ၏ပုံစံသည် အခြား နေရာတွင် အလွယ်တကူ   ပြောင်းလဲနိုင်မည်  မဟုတ်ပါ။ သို့သော်  စီးပွားရေးစိန်ခေါ်မှုများ ကျော်လွှားရာတွင် ဖြစ်ထွန်းခဲ့သော    ၎င်း၏ အောင်မြင်မှုများကို ကမ္ဘာ့အခြားဒေသများက လေ့လာသင်ယူထိုက်ပါသည်။        ။