ဝစ်သောက်တို့အတွက် ရခဲသည့် အခွင့်အရေး

 

မှတ်ပုံတင်မဲ့     မော်တော်ဆိုင်ကယ်များကို       တရားဝင် မှတ်ပုံတင်ပေးနေပြီဖြစ်သည်။ ကညနရုံးစိုက်သည့်  တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးပေါင်း ၄၉ ရုံးမှာ One Stop Services    စီမံချက်ဖြင့်      ဆောင်ရွက်ပေးခြင်းဖြစ်ရာ ဝစ်သောက်ဆိုင်ကယ်ကို မျက်နှာငယ်ငယ် စီးနင်းနေမည့် အစား   သက်ဆိုင်ရာသို့     အခွန်အခများပေးဆောင်ပြီး တရားဝင်မှတ်ပုံတင်ဆိုင်ကယ်ကို ရင်ကော့စီးနိုင်ရန် အခွင့် အရေးရခြင်းပင်ဖြစ်သည်။ သည့်အပြင် တစ်ရုံးဝင်၊ တစ်ရုံး ထွက်၊   ဟိုစားပွဲသွား၊  ဒီစားပွဲသွားနှင့်    အခေါက်ခေါက် အခါခါ သွားရမည့်ဒုက္ခများ ကင်းဝေးစေသည့် (OSS) ခေါ် တစ်နေရာတည်းတွင် အပြီးဆောင်ရွက်ပေးမည့် စီမံချက် ဖြစ်ရာ မိမိပိုင် ဆိုင်ကယ်ကို တရားဝင်မှတ်ပုံတင်လိုသူများ အဖို့ အဆင်ပြေလှသည်။


မြန်မာနိုင်ငံတွင် မှတ်ပုံတင်ယာဉ်အစီးရေ ခုနစ်သန်းခွဲ ကျော်ရှိသည့်အနက်           ခြောက်သန်းကျော်ကျော်မှာ ဆိုင်ကယ်များဖြစ်သည်ဟု   ပြီးခဲ့သည့်နှစ်က    မှတ်သားခဲ့ ရဖူးရာ ယခုနှစ်တွင် သည့်ထက်အနည်းငယ် ပိုလာလိမ့် မည်ဟု ခန့်မှန်းနိုင်သည်။ ဆိုင်ကယ်သည် ရန်ကုန်မြို့မှလွဲ၍  တစ်နိုင်ငံလုံးတွင်   တောရောမြို့ပါမကျန်   မရှိမဖြစ်သုံးစွဲ နေကြသော ယာဉ်ဖြစ်သည့်အလျောက် တောင်ပေါ် မြေပြန့် တောတွင်း လယ်ကွင်းပါမကျန် နေရာတကာတွင် တွေ့မြင် ရသည်။    မိမိတို့ငွေကြေးတတ်နိုင်လျှင်    တတ်နိုင်သလို ဂျပန်ဘီး၊ ထိုင်းဘီး၊ အိန္ဒိယဘီးစသည်ဖြင့် ဝယ်ယူစီးနင်း ကြရာ အများစုမှာ အရှေ့မြောက်အိမ်နီးချင်းနိုင်ငံကြီးမှ လာသည့် တရုတ်ဘီးများ ဖြစ်ကြသည်။


 ဆိုင်ကယ်များ၏ အရည်အသွေးအလိုက် တန်ဖိုးများအမျိုးမျိုးရှိကြသော်လည်း တရားဝင် မှတ်ပုံတင်ဆိုင်ကယ် နှင့် တရားမဝင် မှတ်ပုံတင်မဲ့  (ဝစ်သောက်) ဆိုင်ကယ်တို့ မှာ  အမျိုးအစားချင်းတူလျှင်ပင်  တန်ဖိုးချင်းကွာခြားလှ သည်။ ထို့ပြင်တဝ မိမိဆိုင်ကယ်   အခိုးခံရလျှင်ပင် ဆိုင်ရာ သို့ ရဲရဲမတိုင်ရဲကြသည့် အားနည်းချက်ကို အခွင့်ကောင်း ယူကာ ဝစ်သောက်ဆိုင်ကယ်ဆိုလျှင် သူခိုးတို့ကလည်း ရဲရဲတင်းတင်းပင်    ခိုးလေ့ရှိကြပြန်သည်။      မိမိပိုင်သည့် ဆိုင်ကယ်ကလေးကို မှတ်ပုံတင်ကာ တရားဝင်စီးနင်းခြင်း ဖြင့်    တန်ဖိုးလည်း    မြင့်မားသလို     ယာဉ်စစ်ဆေးမှုများ တွေ့သည်နှင့်  နောက်ကြောင်းပြန်ပြေးရသည့်  ဒုက္ခတို့မှ လည်း ကင်းဝေးနိုင်မည်ဖြစ်သည်။


လိုင်စင်မဲ့ဆိုင်ကယ်များကို    တရားဝင်မှတ်ပုံတင်ပေး မည့် စီမံချက်မှာ ရက် ၃၀ သာဖြစ်သည်။  စီမံချက်ကာလ ကျော်လွန်လျှင် ဤအခွင့်အရေးကို မရနိုင်တော့။ ထို့အပြင် စီမံချက်ကာလအတွင်းမှာရော၊ စီမံချက်ပြီးဆုံးပြီးကာလ တွင်ပါ  ယာဉ်မှတ်ပုံတင်စစ်ဆေးမှုများ ခပ်စိပ်စိပ် ထိထိ ရောက်ရောက် ပြုလုပ်ခြင်းဖြင့် တရားမဝင်ဆိုင်ကယ်များ အများအပြားဖော်ထုတ်အရေးယူခံရသည့် အခြေအနေမျိုး လည်း  ရှိလာနိုင်သေးသည်။   ဥပဒေနှင့်အညီ  တရားဝင် မှတ်ပုံတင်ခြင်းအားဖြင့် ဆိုင်ကယ်လည်း တန်ဖိုးမြင့်သလို စီးနင်းသူလည်း  ဣန္ဒြေရရ  လုံခြုံစိတ်ချစွာ  လိုရာခရီးသို့ စီးနှင်သွားလာနိုင်ကြမည်ဖြစ်ပါကြောင်း။         ။