တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကိုင်အကြမ်းဖက်သူအမျိုးသား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်    ၈


တနင်္သာရီတိုင်းဒေသကြီး       ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ် တိုက်ခိုက်သည့်      လက်နက်ကိုင်အကြမ်းဖက်သူ အမျိုးသား နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ  အသေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။


ဖြစ်စဉ်မှာ  ဇူလိုင် ၈ ရက် နံနက် ၄ နာရီခွဲတွင် ထားဝယ်မြို့နယ်  ရောင်းမော်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌    ကျေးရွာအုပ်ချုပ် ရေးမှူးဦးဆောင်သည့် ပြည်သူ ၁၀ ဦးသည် အဆိုပါ ကျောင်း၌ လုံခြုံရေးဆောင်ရွက်ပေးနေစဉ် Dawei  Defence Team (DDT) အမည်ခံ လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၂၀ ခန့်က ဆိုင်ကယ်များဖြင့်  ရောက်ရှိလာပြီး ကျောင်းခြံစည်းရိုးအပြင်ဘက်မှနေ၍ လက်လုပ်ဗုံး၊ လက်လုပ်သေနတ်၊ လက်နက်ငယ်များ ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်း လုံခြုံရေးအဖွဲ့က တူမီးသေနတ်များဖြင့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများ ကျောင်းနှင့်  မီတာ ၅၀ ခန့်အကွာသို့ ဆုတ်ခွာသွားခဲ့သည်။


အကြမ်းဖက်သူများက ကျောင်းလုံခြုံရေးအဖွဲ့ကို  လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းအရ  နံနက် ၅ နာရီတွင် ထားဝယ်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောင်းလုံခြုံရေး အဖွဲ့နှင့်   ပူးပေါင်းရန်  ထွက်ခွာလာခဲ့ရာ   အဆိုပါ ကျောင်း၏  အရှေ့ဘက် မီတာ  ၁၀၀  ခန့်အကွာ၌  လက်နက်ကိုင်အကြမ်းဖက်သူများက လက်လုပ်ဗုံး၊  လက်လုပ်သေနတ်၊ လက်နက်ငယ်များဖြင့် ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၎င်းတို့မှာ စာသင် ကျောင်း၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားပြီး DDT အမည်ခံ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ တင်နိုင်(ခ) ကိုဂျိမ်း (ခ)  ဂျိမ်းစဘွန်း   (၄၈)  နှစ်နှင့်    အမျိုးသား တစ်ဦးတို့ကို လက်လုပ်ပြောင်းချော သေနတ် တစ်လက်၊ ပွိုင့် ၂၂  သေနတ်  အရှည်  နှစ်လက်၊  ပွိုင့်  ၂၂  သေနတ်အတို နှစ်လက်၊  ပွိုင့် ၂၂ ကျည် ၁၅ တောင့်၊ လက်လုပ်ဗုံး သုံးလုံး၊ ဆိုင်ကယ် လေးစီးတို့နှင့်အတူ အသေဖမ်းဆီး ရမိခဲ့သည်။

 


ထိုကဲ့သို့ ကျောင်းလုံခြုံရေး ဆောင်ရွက်နေသည့် ကျေးရွာသားများကို    ချောင်းမြောင်း       ပစ်ခတ် တိုက်ခိုက်ခဲ့သည့် Dawei Defence Team (DDT) အမည်ခံ    လက်နက်ကိုင်   အကြမ်းဖက်သူများကို ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                

 

သတင်းစဉ်