
စတော့ဟုမ်း ဇူလိုင် ၉
ဆွီဒင်လေဆိပ်တွင် ဇူလိုင် ၈ ရက် က လေယာဉ်ငယ်တစ်စင်းပျက်ကျ ခဲ့ရာ လူအချို့သေဆုံးသွားခဲ့သည် ဟု သိရသည်။
လေယာဉ်ပေါ်တွင် လေယာဉ် မောင်းသူအပါအဝင် လူ ကိုးဦး လိုက်ပါလာပြီး အောရီဘရိုမြို့ လေဆိပ်မှ ၁၆၀ ကီလိုမီတာ အကွာရှိ မြို့တော်စတော့ဟုမ်း သို့ ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ ခြင်းဖြစ်သည်။
ကနဦးပိုင်းတွင် သေဆုံးသူ များစာရင်းကို အာဏာပိုင်များက အတိအကျ ပြောနိုင်သေးပေ။ သို့သော်လည်း ရဲများ၏ သတင်း အရင်းအမြစ်အရ သေဆုံးသူ အချို့ရှိကြောင်း သိရသည်။
လူတစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရပြီးနောက် ဆေးရုံ သို့ ပို့ပေးလိုက်ရသည်ဟု သိရ သည်။
ခရီးသည်များမှာ လေထီးခုန် အဖွဲ့တစ်ဖွဲ့မှ ဖြစ်သည်ဟုလည်း သိရသည်။ လွန်ခဲ့သည့် နှစ်နှစ် ခန့်ကလည်း လေထီးခုန်သမား ရှစ်ဦးနှင့် လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဖြစ်ပွားဖူး သည်။
ဆင်ဟွာ