
ဟောင်ကောင် ဇူလိုင် ၉
အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဇူလိုင် ၉ ရက်က ဖော်ပြလိုက်ပြီးနောက် ပိုမိုတင်းကျပ်သည့် ကိုဗစ်-၁၉ ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုသည် တစ်နေ့အတွင်း ၃၈၁၂၄ ဦးတိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၄၅၅၉၁၂ ဦးအထိ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် သေဆုံးသူ ၈၇၁ ဦး တိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၄၆၃၁ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။
တောင်ကိုရီးယား
မကြာသေးမီရက်များအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဆိုးလ်မြို့တွင် အတင်းကျပ်ဆုံး လူမှုဝေးကွာ စည်းမျဉ်းများကို နှစ်ပတ်ကြာ ချမှတ်မည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီ နှင့်နှိုင်းယှဉ်ကြည့်ပါက ဇူလိုင် ၈ ရက်ညက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၃၁၆ ဦး ရှိလာခဲ့ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၆၅၃၄၄ ဦးရှိလာခဲ့သည်။ ဇူလိုင် ၈ ရက် က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဇူလိုင် ၇ ရက်က စံချိန်တင်ကူးစက် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသည့် အရေအတွက် ၁၂၇၅ ဦးထက် အနည်းငယ် ပိုများလာခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုစံချိန်ကို ဒုတိယနေ့ အဖြစ် ဆက်လက်ချိုးခဲ့သည်။
ထိုင်း
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွား ကတည်းက ဇူလိုင် ၉ ရက်နေ့သည် ကိုဗစ်-၁၉ ဒုတိယကူးစက်မှုအများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၂၀၇ ဦး ရှိခဲ့သည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် တင်းကျပ်သည့် လူမှုဝေးကွာ စည်းမျဉ်းစည်းကမ်း များကို ထပ်မံချမှတ်ခဲ့သည်။
နီပေါ
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို မြှင့်တင် သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် နီပေါအစိုးရဝယ်ယူ ခဲ့သည့် တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးပထမ အသုတ်သည် မြို့တော်ခတ္တမန္ဒူသို့ ရောက်ရှိ ခဲ့သည်။
ဖိလစ်ပိုင်
ဖိလစ်ပိုင်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသည့် ၅၈၈၁ ဦး ရှိကြောင်းဖော်ပြ မှုနှင့်အတူ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၁၄၆၁၄၅၅ ဦးရှိလာခဲ့သည်။ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၇၀ ဦး ထပ်မံသေဆုံးမှုနှင့် အတူ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂၅၇၂၀ ဦးရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမားရေးဌာနက ဆက်လက်သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၉၈၈ ဦး တိုးလာပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၅၉၀၄၅ ဦးရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများ အနက် ၇၈၉ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၉၉ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဌာန က ဆက်လက်သတင်းထုတ်ပြန်ဖော်ပြသည်။
သြစတြေးလျ
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၌ ပြည်သူ့ကျန်းမာရေးအကြံပြုချက်များနှင့် ပတ်သက် ပြီး ပြောင်းလဲမှုများရှိခဲ့ကြောင်း ကိုဗစ်-၁၉ တုံ့ပြန် ရေးဝန်ကြီး ခရစ်ဟစ်ကင်စ်က ပြောခဲ့သည်။
ပါကစ္စတန်
ပါကစ္စတန်နိုင်ငံတွင် ဇူလိုင် ၈ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၃၇ ဦး တိုးလာကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲမှုနှင့် စစ်ဆင်ရေးဌာနက ပြောကြားလိုက်သည်။ ယခုအခါတွင် ပါကစ္စတန် နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၉၆၉၄၇၆ ဦး ရှိလာပြီဖြစ်သည်။ ထို့အတူ ကိုဗစ်-၁၉ ကင်းစင်သွားသူ စုစုပေါင်း ၉၁၁၃၈၃ ဦး ရှိလာ ခဲ့သည်။
အိန္ဒိယ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း ၄၃၃၉၃ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၀၇၅၂၉၅၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရ သည်။ ထို့ပြင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်းမှာ ၄၀၅၉၃၉ ဦး ရှိလာပြီဖြစ် သည်။
ဆင်ဟွာ