အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်နေသလို ကမ္ဘာကြီးကို လွှမ်းမိုးကူးစက်တော့မယ့် ဒယ်လ်တာ ကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်

 

ထွန်းကျော်

ဒယ်လ်တာနဲ့ ဒယ်လ်တာပလက်စ် ကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ်တွေ ပေါ်ပေါက်လာခြင်းက အိန္ဒိယနိုင်ငံကို နောက်တစ်ကြိမ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေကို သတိကြီးကြီးထားဖို့ သတိပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။
 

အိန္ဒိယနိုင်ငံအတွက် စိန်ခေါ်မှုကြီး 
အိန္ဒိယအစိုးရက   ကိုဗစ်-၁၉    အသွင်ပြောင်းမျိုးစိတ်သစ် ဒယ်လ်တာပလက်စ်ဟာ စိုးရိမ်ရမယ့်အနေအထားတစ်ခုလို့ ကြေညာ ချက် ထုတ်ပြန်လိုက်ပြီးနောက်   သီတင်းပတ်နှစ်ပတ်အကြာမှာ ကျန်းမာရေးကျွမ်းကျင်သူတွေက  AY.1  သို့မဟုတ် B.1.617.2.1 လို့ခေါ်တဲ့ သန္ဓေပြောင်းမျိုးစိတ်သစ်မှာ  SARS-CoV-2   ပရိုတိန်း အစွယ်အပွားရဲ့ထူးခြားတဲ့ သန္ဓေပြောင်းလဲမှုရှိတယ်လို့ ပြောကြား လိုက်ပြီး ဒါဟာ နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကို  အရှိန်အဟုန်နဲ့ထိုးပေးနေတဲ့   အိန္ဒိယနိုင်ငံအတွက် တောင်မှ   စိန်ခေါ်မှုကြီးတစ်ခုလို့   သတိပေး  ပြောကြားလိုက် ပါတယ်။
ထိတ်လန့်ကြောက်ရွံ့နေကြ
အိန္ဒိယနိုင်ငံမှာ ပထမဆုံး ဒယ်လ်တာပလက်စ် ကူးစက်ဖြစ်ပွားမှု ကို ဇွန် ၁၁ ရက်မှာ တွေ့ရှိခဲ့ပါတယ်။ 
ပထမပိုင်းမှာ ဒယ်လ်တာပလက်စ်ဟာ စိတ်ဝင်စားစရာကောင်း တဲ့ သန္ဓေပြောင်းမျိုးစိတ်တစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။ နောက်ပိုင်း မှာ ကူးစက်ပြန့်ပွားမှုတိုးလာတဲ့ စိတ်ဝင်စားစရာလက္ခဏာတွေရှိတဲ့ သန္ဓေပြောင်းမျိုးစိတ်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယအကျော့ ကူးစက်ဖြစ်ပွားမှု အတွက် ဒယ်လ်တာ ကိုဗစ်-၁၉ သန္ဓေပြောင်းမျိုးစိတ်သစ်ကို ပြစ်တင် ခဲ့ကြပါတယ်။ ထို့အတူ ဒယ်လ်တာပလက်စ်သန္ဓေပြောင်း မျိုးစိတ် ကြောင့်လည်း ကိုဗစ်-၁၉  တတိယအကျော့ ကူးစက်ဖြစ်ပွားလာနိုင်မှု အပေါ် ထိတ်လန့်ကြောက်ရွံ့လာကြပါတယ်။ 
ကာကွယ်ဆေးထိုးပြီးတဲ့သူတွေတောင်ကူးစက်ဖြစ်ပွား 
လေ့လာမှုတွေအရ ဒယ်လ်တာပလက်စ်ဟာ လျင်မြန်စွာအသွင် ပြောင်းနိုင်ပြီး လွယ်ကူစွာကူးစက်ပျံ့နှံ့နိုင်သလို အဆုတ်ဆဲလ်တွေ ကိုလည်း ပိုပြီးအားကောင်းစွာချည်နိုင်ကြောင်း  ဘနာရက်စ်ဟိန္ဒူ တက္ကသိုလ်ရဲ့  ဆေးဘက်ဆိုင်ရာ  သိပ္ပံအင်စတီကျုရဲ့   မော်လီကျူး ဆိုင်ရာ    ရောဂါပြီး    ပညာပါမောက္ခ   ဆူနစ်ကေဆင်းဂ်က ပြောပါတယ်။
ဒေလီရဲ့ လေးပုံပုံ  သုံးပုံလောက်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တွေဟာ သန္ဓေပြောင်းမျိုးစိတ်ကြောင့် ဖြစ်ပါတယ်။ ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသွားတဲ့သူတွေတောင် ကူးစက်ဖြစ်ပွားမှုတွေ ဖြစ်ပါတယ်လို့ ဒေလီ သုတေသီတွေက ပြောပါတယ်။
ဒီနှစ်အကုန်မှာ တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးပေးမယ်
အိန္ဒိယနိုင်ငံရဲ့ထိပ်တန်း ဗိုင်းရပ်စ်ကျွမ်းကျင်သူနဲ့ အိန္ဒိယ SARS-CoV-2   မျိုးရိုးဗီဇလေ့လာမှုအဖွဲ့ဝင်ဟောင်း   ရှာဟစ်ဂျမေးလ်က သန္ဓပြောင်းကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ  ကိုဗစ်-၁၉   ကာကွယ်ဆေး နဲ့ အစောပိုင်းကူးစက်ဖြစ်ပွားမှုတွေရဲ့ ခုခံစွမ်းအားတွေကိုတောင် ရှောင်ရှားနိုင်တယ်ဆိုတဲ့ သဘောပြောခဲ့ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုရဲ့ခြေရာကောက်လိုက်ရင် ပြည်သူ့ ကျန်းမာရေးကိုလည်း ကြိုတင်ထိန်းသိမ်းရင်း ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကိုလည်း   နိုင်ငံအနှံ့   လွှမ်းခြုံထိုးပေးရမှာပဲလို့   ပြည်သူ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင် အနန့်ဘန်က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ဇန်နဝါရီ ၁၅ ရက်က စတင်ခဲ့ပါတယ်။ ဒီနှစ်ကုန်မှာတော့ တစ်နိုင်ငံလုံးကို ကာကွယ်ဆေးအပြည့်အဝ ထိုးပေးနိုင်ဖို့ လုပ်ဆောင်လျက် ရှိပါတယ်။ အခုအချိန်ထိတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၆၄သန်းကျော် ထိုးနှံပေးခဲ့ပြီးပါပြီ။
ကမ္ဘာကြီးကိုလွှမ်းမိုးလာမယ်    
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လွန်ခဲ့တဲ့သီတင်းပတ်က ဒယ်လ်တာ သန္ဓေပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ နီးပါး ကူးစက်ပျံ့နှံ့လျက်ရှိပြီး မကြာမီလအနည်းငယ်အတွင်းမှာ ကူးစက်မှုအမြင့်ဆုံး   သန္ဓေပြောင်းမျိုးစိတ်သစ်အဖြစ်   ကမ္ဘာကြီးကို လွှမ်းမိုးလာနိုင်ခြေရှိတယ်လို့ ပြောကြားထားပါတယ်။
ဒယ်လ်တာသန္ဓေပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ လျင်မြန် စွာတိုးလာသလို အဲဒီမျိုးစိတ်သစ်ဟာ မကြာမီလအနည်းငယ်အတွင်းမှာ တခြားအသွင်ပြောင်းကိုဗစ်-၁၉ မျိုးစိတ်သစ်တွေထက် ကြောက်စရာ ကောင်းစွာနဲ့ ကူးစက်ပျံ့နှံ့လာမှာဖြစ်ပါတယ်။
ကြောက်စရာအကောင်းဆုံး မျိုးစိတ် 
အခုအချိန်အထိ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ မျိုးစိတ်တွေ အနက်  ဒယ်လ်တာ  ကိုဗစ်-၁၉   မျိုးစိတ်သစ်ဟာ   ကြောက်စရာ အကောင်းဆုံး သန္ဓေပြောင်းမျိုးစိတ်သစ်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ် ဂီဘရီ ယက်စ်ဆုက ပြောလိုက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုး ထားတဲ့ ကမ္ဘာ့လူထုဆီ လျင်မြန်စွာကူးစက်ရောက်ရှိလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။     ။
ကိုးကား - ဆင်ဟွာ