ပြင်ဦးလွင်မြို့နယ်၌ ဓာတ်ငွေ့ကာ ၄၄၆၄ ခုနှင့် ဖုန်းအလုံး၈၀၀ သယ်ဆောင်လာသူအား ဖမ်းဆီးအရေးယူထား

နေပြည်တော် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး   ပြင်ဦး လွင်မြို့နယ်      ရေငယ်ကျေးရွာ Mobile X-ray  စစ်ဆေးရေးဂိတ်၌ ဇူလိုင်လ  ၈ ရက်နေ့က   ဓာတ်ငွေ့ ကာ ၄၄၆၄ ခုနှင့်   ဖုန်းအလုံး ၈၀၀ သယ်ဆောင်လာသူအား  ဖမ်းဆီး အရေးယူထားကြောင်း      သိရ  သည်။
ဖြစ်စဉ်မှာ   ဇူလိုင်လ  ၈ ရက် ညနေ ၅ နာရီခွဲက      ပြင်ဦးလွင် မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲ စခန်းမှ   တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့က ရေငယ်ကျေးရွာ Mobile X-ray စစ်ဆေးရေးဂိတ်၌    မော်တော်ယာဉ်များကို   ရပ်တန့် စစ်ဆေးနေစဉ်   မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့  မဟာအောင် မြေ မြို့နယ်   စင်္ကြာနွယ်စင်ရပ်ကွက် နေ  မောင်မောင်ထွန်း(၃၈)နှစ် မောင်းနှင်လာသော    SGG  5G/ XXXX    HIACE    ယာဉ်ပေါ်မှ  စက္ကူဂျပ်ဖာများဖြင့်   ထည့်ထား သည့်    ဓာတ်ငွေ့ကာ ၄၄၆၄ ခု၊ Redmi Note-9A ဖုန်း  ၂၅လုံးပါ စက္ကူဂျပ်ဖာ ၃၂ ဖာ (အလုံး ၈၀၀)တို့အား     တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့်    ပိတ်ချင်းမြောင်နယ်မြေ  ရဲစခန်း(ပ) ၈၈/ ၂၀၂၁၊  ပို့ကုန်သွင်း ကုန်   ဥပဒေပုဒ်မ ၈ ဖြင့်      အမှုဖွင့်   အရေးယူထားကြောင်း    သတင်း ရရှိသည်။        
         ရဲပြန်ကြား