အသိပေးကြေညာချက်

၁။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    အနေဖြင့် Covid-19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက် အကူဖြစ်စေရန်အတွက်   ဆေးဝါးနှင့်   ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်း   လုပ်ငန်းစဉ်များအား  ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။


၂။    လတ်တလော    Covid-19    ကုသရေးတွင်   လိုအပ်နေသည့် Oxygen Concentrator များ တင်သွင်းမှုအတွက်  FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သည့်အပြင် အကောက် ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ  ကြိုတင်ထုတ်ယူ နိုင်ရန် ဖြေလျှော့ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။


၃။    ယခုအခါ မသမာသူအချို့မှ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်း မှုအား ပိတ်ပင်သည့် ရုံးစာအတုပြုလုပ်၍ စျေးကွက်တွင်စျေးနှုန်းများ ကြီးမြင့်လာစေရန်နှင့်  ပြည်သူလူထု  စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် Social   Media    တွင်  ရေးသားဖော်ပြလာခြင်းအား  စိစစ်တွေ့ရှိ ရပါသည်။


၄။    အဆိုပါ ရုံးစာသည် Fake News(အတု)သာဖြစ်ပြီး  သတင်း အချက်အလက်အတုအပ ပြုလုပ်ဖြန့်ဝေသူများအား ဖော်ထုတ်ပြီး တည်ဆဲဥပဒေများအရ   ထိရောက်စွာအရေးယူ   ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်လိုအပ်သည့် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းမှုအား ဖြေလျှော့၍ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း   လေးစားစွာဖြင့်   အသိပေး     တင်ပြအပ် ပါသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန