
တိုကျို ဇူလိုင် ၁၁
ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ် နှင့်အထက် ၇၅ ရာခိုင်နှုန်းမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီး ဖြစ်ပြီး အများစုမှာ ဇူလိုင်လကုန် ပိုင်းတွင် နှစ်ကြိမ်ကာကွယ်ဆေးထိုးပေးနိုင်တော့မည်ဟု ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သည့်အစိုးရ သတင်းအချက်အလက်များအရ သိရသည်။
ဧပြီလအတွင်းမှ စတင်ကာ သက်ကြီးရွယ်အိုများကိုကာကွယ် ဆေးထိုးနှံပေးမှုများ စတင်ခဲ့ သည်။ စိန်ခေါ်မှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အသက် ၆၅ နှစ်အောက်များကိုကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် လုပ်ငန်းများ ချဲ့ထွင်ခဲ့သော်လည်း ကာကွယ်ဆေးကိုလုံလောက်သည့်ဖြန့်ဝေမှုမပြုလုပ်နိုင်ခဲ့ပေ။
ဇူလိုင် ၉ ရက်အထိ လူပေါင်း ၂၆ ဒသမ ၆၅ သန်း သက်ကြီး ရွယ်အို ၇၅ ဒသမ ၁ သန်းကို အနည်းဆုံးတစ်ကြိမ် ကာကွယ် ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။ ဇူလိုင် ၁၀ ရက်က တိုကျိုတွင် ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ ၉၅၀ ထပ်မံတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၂၂ ရက်အထိ တိုကျိုမြို့သူ မြို့သားများအရေး ပေါ် အခြေအနေအောက်တွင် နေထိုင်ရမည်ဖြစ်သည်။
ကျိုဒို