ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) မိမိကစ၍ ကာကွယ်ပါ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) မိမိကစ၍ ကာကွယ်ပါ 


ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ်အတိုင်း  အားလုံးကိုယ်စီ  မဖြစ်မနေ လိုက်နာဆောင်ရွက်ကြပါရန် အသိပေး/သတိပေး နှိုးဆော်တိုက်တွန်းအပ်ပါသည် - 


(၁)    အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask) ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကို တွဲဖက်တပ်ဆင်ပါ၊ 
(၂)    တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ 
(၃)    လူစုလူဝေးရှောင်ပါ၊ 
(၄)     လက်ကို စက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊
(၅)    အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက်မကောင်းသော အခန်းများ သို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ 
(၆)    အိမ်ပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို/သွေးတိုး/နှလုံး  စသည့်  နာတာရှည်ရောဂါအခံရှိသူများနှင့်  အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊  
(၇)     အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine)လုပ်ငန်းစဉ် များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ၊ 
(၈)     ပါးစပ်နှင့် နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊
(၉)     တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးပါ၊
(၁၀)     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ 
(၁၁)     သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန် ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ၊ 
(၁၂)     ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ၊ 
(၁၃)    အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask) ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့် လူစု လူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။


(၉-၇-၂၀၂၁)