မိမိတို့အစိုးရအဖွဲ့ဟာ တိုင်းပြည်အတွက် လုပ်ငန်းတွေ နေ့စဉ်နေ့တိုင်း လုပ်ကိုင်နေကြရတာမှာ အချိန်အားရတယ်မရှိဘူး။ တချို့ကိစ္စတွေဟာ တိုင်းပြည်မှာ ဖြစ်နေကြရတာက ဟိုကတစ်မျိုး ဒီကတစ်ဖုံဆိုတာလို ဖြစ်တော့ ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်ဘူး။ ဒီတော့ မိမိတို့အစိုးရအဖွဲ့ တကယ့်အခက်အခဲတွေထဲမှာ အလုပ်လုပ်နေရတော့ တချို့နေရာမှာ မအောင်မြင်တာလေး တွေလည်း ရှိတယ်။ အောင်မြင်တာတွေလည်း ရှိတယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ သတင်းစာဆရာများနှင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)
