၁။ ယခုအခါ နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ တတိယလှိုင်းအဖြစ် တိုင်းဒေသကြီး/ပြည်နယ် များတွင် COVID-19 ရောဂါ သံသယလူနာနှင့် COVID-19 ရောဂါ ပိုးတွ့လူနာ များပြား လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် စေတနာအပြည့်အဝထားကာ အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့သော် အချို့ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပျက်ကွက်နေ၍ လူအင်အား မပြည့်စုံ ခြင်းနှင့် အလွန်ကူးစက်မြန်သော ဗိုင်းရပ်စ်ကူးစက်နေခြင်းတို့ကြောင့် ဝန်နှင့်အား မမျှဖြစ် ကာ ရောဂါကာကွယ် ထိန်းချုပ်မှုနှင့် ကုသရေးတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိပါသည်။
၃။ သို့ပါ၍ အများပြည်သူအကျိုးငှာ ပြည်သူ့ဆေးရုံများ၊ COVID-19 ရောဂါ ကုသရေးဌာနများ၊ အသွားအလာ ကန့်သတ်ထားရှိသော နေရာများတွင် လိုအပ်လျက်ရှိသော အောက်ဖော်ပြပါ လုပ်ငန်းအလိုက် မိမိဆန္ဒအလျှောက် တာဝန်ထမ်းဆောင်လိုသူများရှိပါက ပူးပေါင်းကူညီနိုင် ပါရန် မေတ္တာရပ်ခံအပ်ပါသည်-
(က) COVID-19 ရောဂါကုသရေးလုပ်ငန်း- ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ပညာရှင်
(ခ) ဆေးရုံသုံးပစ္စည်းကိရိယာများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း - ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ
(ဂ) လူနာသတင်းအချက်စီမံခန့်ခွဲမှုလုပ်ငန်း- သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်သူ
(ဃ) လူနာလွှဲပြောင်းပေးပို့ခြင်းလုပ်ငန်း
(င) COVID-19 ရောဂါ ကာကွယ်ရေးထိုးလုပ်ငန်း- ကာကွယ်ဆေးထိုးသူများနှင့် ပတ်သက်၍ သတင်းအချက်အလက် မှတ်တမ်းစာရင်းသွင်းခြင်း ကွန်ပျူတာ ကျွမ်းကျင်သူများ၊ Data Assistants များ
၄။ စိတ်ပါဝင်စားသူ တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Call Center (၀၆၇-၃၄၁၁၅၀၈, ၀၆၇-၃၄၁၁၅၀၉, ၀၆၇- ၃၄၁၁၁၄၄) သို့ သတင်းပေးပို့ ဆက်သွယ်နိုင်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်ရှိသည့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနများနှင့် ဆေးရုံအုပ်ကြီး ရုံးများသို့ ဆက်လက်ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ စားသောက်နေထိုင်ရေး၊ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်း လိုအပ်ချက်နှင့် လူနာလွှဲ ပြောင်းပေးပို့ခြင်းတွင် စက်သုံးဆီလိုအပ်ချက်အတွက် တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။
၅။ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်မိတ်ဆွေများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသူများရှိပါကလည်း COVID-19 ရောဂါကုသရေးဌာနများတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး မိဘပြည်သူများအနေဖြင့် တိုက်တွန်းပေးပါရန် နှိုးဆော်အပ်ပါ သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန