
နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန် မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၃၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေး ချိန် ၁၆၀၀ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဇူလိုင် ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးကားလမ်း ဟိုတင့် ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးသို့ ယာဉ်မောင်း ဆန်းဝင်းအောင် (၄၁)နှစ် မောင်း နှင်ပြီး အောင်မြင့်ထွန်း(၂၉)နှစ် လိုက်ပါလာသည့် ဆီဘောက်ဆာ ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဆီသိုလှောင်ကန် အတွင်း မူးယစ်ဆေးဝါးများ ထည့်သွင်း သယ်ဆောင်လာ ကြောင်း မသင်္ကာဖွယ်တွေ့ရှိ သဖြင့် ဆီသိုလှောင်ကန်အား ဖွင့်ဖောက်စစ်ဆေးရာ ဒေသ ကာလတန်ဖိုး ငွေကျပ် ၃၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၁၆၀၀ ကီလို သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ သိမ်းဆည်းရမိသော အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှ မန္တလေးမြို့ သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်