ပြည်သူ့စွမ်းအား အထူးကြီးမား

Type

မရောက်မီက ကြိုနှင့်သည်။
မရိုက်မီက ငိုနှင့်သည်။
မဆောက်မီက ဖြိုနှင့်သည်။


               ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်။
‘ယ’ ရက်နှင့် ‘န’ နာရီတို့သည်   မစမီကတည်း ကပင် ပျက်သုဉ်းပျောက်ကွယ်ခဲ့ရလေပြီ။ 


NLD မှ ဖြစ်လာသည့် NUG နှင့် PDF တို့သည် “ပြည်ဖျက်စီမံကိန်း” ကို စိတ်ကူးနှင့် ရူးခဲ့ကြသည်။ ပြည်သိမ်း၊   ပြည်ဖျက်စီမံချက်သည် ဝက်ဝက်ကွဲ အောင်  အထိတ်တလန့်ဖြစ်ခဲ့သည်။  အံ့သြဘနန်း အောင်ပွဲကြီးခံနိုင်လိမ့်မည်ဟု       စိတ်ကူးယဉ်ခဲ့ကြ သည်။  နွေဦးတော်လှန်ရေးအမည်ခံ၊    ဒီမိုကရေစီ တော်လှန်ရေးအမည်ခံ  အကြမ်းဖက်လုပ်ရပ်များကို လက်တွေ့ကျူးလွန်နေကြသူများသည် ပြည်တွင်းမှ GZ ၊ PDF   လေးများဖြစ်သည်။  လက်တွေ့ကျူးလွန် အောင် သွေးထိုးလှုံ့ဆော်၊ စည်းရုံးဦးဆောင်လမ်းညွှန် နေကြသူများမှာ NLD မှ ပေါက်ဖွားလာသော CRPH နှင့် NUG တို့ဖြစ်သည်။   တကယ်တော့   လေထဲမှ အိပ်မက်သည်  ပျက်စီးလေလွင့်  မျောပါခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ 


ဤသို့ဤပုံ စိတ်ကူးယဉ်အိပ်မက်သည် ယခုမှ ထ၍   ပေါ်ပေါက်လာသည်တော့မဟုတ်ပေ။ NLD ဟူ၍  စတင်ဖြစ်တည်လာကတည်းက   ‘ထိပ်တိုက် ရင်ဆိုင်ရေး’၊ ‘အလုံးစုံပျက်သုဉ်းရေး’ ဝါဒနှင့် မွေးဖွား လာခဲ့သည်။  ၁၉၈၈   ခုနှစ်မှ   စတင်ရေတွက်လျှင် လေထဲတွင်  တိုက်အိမ်ဆောက်ခဲ့သော     နယ်ချဲ့ လက်ပါးစေ တစ္ဆေသရဲတို့၏   “အလုံးစုံ ပျက်သုဉ်း ရေး”  တစ်စစီ၊  တစ်ပိုင်းစီ   ဖြိုခွဲချေမှုန်းရေးသည် နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ကျားကုတ်ကျားခဲ ကြိုးစားပမ်းစား အားထုတ်ခဲ့ကြသည်။ 


သို့သော်  NLD   သည် အစလည်းမကောင်း၊ အလယ်လည်းမကောင်း၊ အဆုံးလည်း  မကောင်းခဲ့ ပေ။  NLD   ပါတီ   စတင်ဖွဲ့စည်းစဉ်က   ပါတီတွင်း လက်ဝဲအုပ်စုများနေရာယူခဲ့သည်။ ဗကပအမာခံ များ သွေးထိုးလှုံ့ဆော်ခဲ့သည်။ အာဏာဖီဆန်ရေး လမ်းကြောင်းပေါ်သို့  ဝန်းရံ တွန်းပို့ခဲ့ကြခြင်းကြောင့် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထင်ပေါ်လာခဲ့သည် ဟုဆိုရမည်။    အာဏာဖီဆန်ရေးလုပ်ငန်းများနှင့် နာမည်ကျော်ခဲ့သည်။ 
မြေပေါ်၊ မြေအောက်

 


ဤသို့  နာမည်ကျော်လာသည်ကို   မိမိကိုယ် မိမိ  အထင်ကြီး  သွေးနားထင်ရောက်ပြီး တည်ငြိမ် နေသော   မြို့ကြီးအချို့တွင်   ထိပ်တိုက်ရင်ဆိုင်ရေး၊ ဆူပူရေးလုပ်ငန်းများ လုပ်ခဲ့သည်။ မြို့နေပြည်သူများ စိုးရိမ်ထိတ်လန့်ဖြစ်ခဲ့ကြသည်။   ဆူပူရေးလုပ်ငန်း များလုပ်နေစဉ်   ၁၉၈၉   ခုနှစ်   ဧပြီလတွင်    NLD ရန်ကုန်တိုင်းစည်းရုံးရေးမှူးနှင့်အဖွဲ့ တောခိုခဲ့သည်။ တောခိုပြီး  မြို့ပေါ်ပြန်တက်၍  ဇူလိုင်  ၇ ရက်တွင် သန်လျင်ရေနံချက်စက်ရုံကို    ဗုံးဖောက်ခွဲခဲ့သည်။ ယင်းသည်      ပထမဆုံးအဖျက်လုပ်ရပ်ဖြစ်သည်။ ဆက်လက်၍  မကြာခဏဆိုသလို အဖျက်လုပ်ရပ် များ  လုပ်ခဲ့သည်။    မြေပေါ်၊ မြေအောက်    နှစ်ဖက် ညှပ်တိုက်သည့် သဘောမျိုးဖြစ်သည်။ NLD သည် အာဏာဖီဆန်ရေးလမ်းကြောင်းကို     တစ်လျှောက် လုံးသွားခဲ့ပြီး  တစ်ဖက်တွင် မြေအောက်ယူဂျီများက အဖျက်လုပ်ရပ်များနှင့်      အစိုးရအကျပ်အတည်း ဖြစ်အောင် လုပ်ခဲ့သည်။


မြန်မာ့နိုင်ငံရေးသမိုင်းတွင်          တိုင်းပြည်နှင့် အစိုးရကို   မည်သို့မည်ပုံ   တွန်းတိုက်ဖြိုဖျက်သော် လည်း ပြည်ထောင်စုကြီးမှာ မယိမ်းယိုင်၊ အစိုးရမှာ လည်းမယိုင်လဲ     ကျောက်စိုင်ကျောက်သားပမာ မားမားမတ်မတ် ရပ်တည်ခဲ့သည်။  ဖျက်သူတို့သည် သာ    စေတနာမကောင်း၍    ကံမကောင်းကြပေ။ ကိုယ့်ပြုသည့်ကံ ကိုယ့်ထံပြန်၍ ပြုသူသာ ပျက်စီး ခြင်းကိန်း ဆိုက်ကြ၏။ 


တပ်မတော်သည်   နိုင်ငံ့တာဝန်ကို    အတိုင်း အတာတစ်ခုအထိ  ယူခဲ့သည်။   ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်လာအောင်    ရှေးရှုလျှောက်လှမ်းခဲ့ သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးပြီး NLD အပါအဝင် နိုင်ငံရေးပါတီများအားလုံးကို နိုင်ငံ ရေး  စင်မြင့်ပေါ်သို့ တင်ပေးခဲ့သည်။ သို့သော် NLD ပါတီသည်    မူလစရိုက်မပျောက်ခဲ့ပေ။       ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်          ဖြောင့်ဖြောင့် တန်းတန်း မလျှောက်လှမ်းခဲ့ပေ။ 
အစ မကောင်း၍ အကြောင်းမလှ၊
နိဂုံး ဘယ်လို ဆုံးမည်နည်း။


ဆက်၍ ကြည့်ကြပါဦးစို့၊
ဇာတ်စုံ၊ ဇာတ်ခုံအမျိုးမျိုး ခင်းပါလိမ့်ဦးမည်။    အိပ်မက်ပျက်သုဉ်း


၂၀၂၁ ခုနှစ်တွင် NLD မိုးပြိုမြေပြို အာဏာယူ ရေးအကြံအစည် မအောင်မြင်သောအခါ ပြည်သူတို့ အား လမ်းမပေါ်သို့ တွန်းထုတ်ခဲ့သည်။ ဆူပူအကြမ်း ဖက်ရေးမအောင်မြင်ပြန်သောအခါ  R2P   ဝင်တော့ မလို၊ UN  လာတော့မလို၊   US     စစ်သင်္ဘောအုပ်စုကြီး ရောက်တော့မလို   ပြည်တွင်းမှ   GZ၊   PDF    တို့ကို မြှောက်ပင့်ပေးခဲ့သည်။  CRPH၊   NUG   နှင့်   NLD လော်ဘီများသည် ယခုအချိန်အထိ တစ်နေ့တစ်မျိုး မရိုးအောင်  သတင်းမှားများ၊ ဝါဒမှိုင်းများ ရိုက်သွင်း ကြသည်။ 


ပြည်တွင်းက GZ နှင့် PDF ဘဝများ၊ အသက် များနှင့် တိုင်းပြည်အလုံးစုံပျက်စီးရေးကို အားထည့် ဖျက်ကြသည်။ ပြည်ပအထောက်အပံ့ခံ ဝါဒဖြန့်ချိ ရေးအဖွဲ့များသည် တိုင်းပြည်ပျက်စီးရေးကို တွန်းပို့ နေသည့် အဓိကလက်သည်များဖြစ်သည်။ တစ်ဖက် လိုက်သတင်းများ၊    မမှန်မကန်သတင်းများဖြင့် တွန်းထုတ်ခဲ့ကြသည်။  ဇွန်  ၃၀  ရက်ကို   D-Day ဟု   လှုံ့ဆော်စစ်ခေါ်ပေးခဲ့သည်။   D-Day   သည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲကြီးစတင်သော နေ့ သင်္ကေတဖြစ်သည်။ D-Day  သည်  Dead-Day  ရလဒ်ထွက်ခဲ့သည်။ အမှန်တကယ်တွင် စိတ်ကူးယဉ် D-Day ကို  လက်တွေ့ဖြစ်အောင် ကြိုတင်ကြံစည် ထားခဲ့သည်။ 
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကို NLD  လုပ်ဆောင်ခဲ့ရာ၌ ၎င်း၏ အန္တိမရည်မှန်းချက်သည် အဆုံးသတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့လေသည်။ ၁၉၈၈ ခုနှစ်က   ဆူပူဆန္ဒပြသူများ    ကြွေးကြော်ခဲ့သည့် “ရလျှင်ရ မရလျှင်ချ” ထုံးနည်းကားအတိုင်း အာဏာ ရရေးကို    ကြံသည့်အတိုင်း     ဖြစ်မလာသောအခါ “အလုံးစုံ  ဖျက်ဆီးရေး”ကို အားထုတ်တော့သည်။ စည်းရုံးသိမ်းသွင်းထားသော ဝန်းရံသူတို့အင်အား ဖြင့် အမိုက်ဇာတ်ခင်းခဲ့ကြသည်။
ယခုလည်း   မြေပေါ်၊ မြေအောက်၊   ပြည်တွင်း ပြည်ပ နှစ်ဖက်ညှပ်တိုက်ခဲ့သည်။  မြေပေါ်တွင် ဆူပူ ဆန္ဒပြမှုများ   ပြုလုပ်နေချိန်တွင်    တစ်ဖက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ   ပြုလုပ်လာခဲ့သည်။ NLD နှင့် NLD မှ မြှောက်ပင့်အားပေး ထောက်ပံ့ပေး သည့်    အကြမ်းဖက်သမားများက အကြမ်းဖက် လုပ်ရပ်များ        ဆက်တိုက်လုပ်ကိုင်လာခဲ့သည်။ အကြမ်းဖက်သမားများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖမ်းဆီး ရမိသလို      အကြမ်းဖက်အဖျက်သမားများ၏ လက်လုပ်သေနတ်၊   လက်လုပ်ဗုံးများအပါအဝင် လက်နက်ပစ္စည်းများ  ပေါင်းစုလိုက်လျှင်  ထောင် သောင်းချီနေလောက်ပြီ။ 


အဖျက်လုပ်ရပ်တားဆီး


သက်သေသာဓကများဖြင့်ဆိုရပါလျှင် မတ်လ ၅ ရက်နေ့မှစ၍ အကြမ်းဖက်သမားများနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။ ဧပြီလ ၂၉ ရက်တွင် KNLA တပ်မဟာ (၅) နယ်မြေအတွင်းရှိ ခင်ကျော်   (UNRA)  ထံမှ    ဖောက်ခွဲရေးသင်တန်း တက်ရောက်၍ မြို့ပေါ်တက်လာသော အကြမ်းဖက် သမား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။ မေ ၁ ရက် တွင် သုံးဦး၊ မေ ၂ ရက်တွင် ၁၁ ဦး၊ မေ ၁၃ ရက်မှ  ၂၇ ရက်အတွင်း   NLD မှ  သိန်းနိုင်နှင့်အဖွဲ့၊ ညီညီနှင့်အဖွဲ့ စသည့် ဆက်စပ်အဖွဲ့ ၂၁ ဖွဲ့ကို လက်နက်ခဲယမ်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။ ဇွန်  ၆   ရက်တွင်    မိတ္ထီလာမြို့နယ်     ရွှေအုန်းပင် စားသောက်ဆိုင်ဝင်းအတွင်း      မြေအောက်ခန်း၌ ဖောက်ခွဲရေးပစ္စည်းများ    ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး        ဖောက်ခွဲရေးပစ္စည်းအမြောက်အမြား ဖမ်းဆီးရမိခဲ့သည်။ 


အကြမ်းဖက်လုပ်ရပ်များအား   ဖန်တီးပေးသည့် အဓိကလက်သည်တို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ ဇွန် ၁၈ ရက်တွင် ပေါင်မြို့ စစ်ဆေးရေးဂိတ်၌ တိုင်းရင်းသားနယ်မြေအတွင်း         ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် NUG အဖွဲ့မှ ရည်မွန်ထံသို့ အကြမ်းဖက်လုပ်ငန်းများနှင့်  ဖောက်ခွဲရေးလုပ်ငန်း များ    ဆောင်ရွက်ရေး    လိုအပ်သောညှိနှိုင်းမှုများ ပြုလုပ်ရန် သွားရောက်ခဲ့သည့် ခင်ကျော်ပါ လေးဦး ကို     ဖမ်းဆီးရမိခဲ့ပြီး    ဆက်စပ်တရားခံတို့ကို လက်နက်များနှင့်အတူ ဘီးလင်းမြို့၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။   ခင်ကျော်၏    ထွက်ဆိုချက်များအရ သာကေတ၊ လှိုင်သာယာ၊ လှိုင်၊ တောင်ဒဂုံ၊ ရန်ကုန် မြို့အတွင်းနှင့်  ပဲခူး၊   သထုံ၊    ဘီးလင်းမြို့များတွင် လူသတ်သမား၊        အကြမ်းဖက်သမားများကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ကြံရာပါတစ်သိုက်


ထို့နောက်   PDF    အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိသူ ကိုကိုနိုင်  (ခ)   ဒေါန   (အမေရိကန်နိုင်ငံသား၊ ဆိုရှယ်ဗီဇာဖြင့်  နေထိုင်သူ)    ကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၂၄ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော တရားခံများ၏ ထုတ်ဖော်ချက်များအရ   မန္တလေးတွင်    ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ရေးလုပ်ရပ်များ ကျူးလွန်နေသူ PDF များအား ဇွန်လ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက် တို့တွင် လက်နက်များနှင့်အတူ အသေ၊ အရှင်ဖမ်းဆီး ရမိခဲ့သည်။ 


ဖမ်းဆီးရမိသည့် ထွန်းတောက်နိုင်နှင့် အဖွဲ့ဝင် များ၏ ထွက်ဆိုချက်အရ NLD များ စီစဉ်ပေးမှုဖြင့် KIA ဌာနချုပ် လိုင်ဇာတွင် စစ်သင်တန်းတက်ရောက် ပြီး မြို့ပေါ်ပြန်လာကြသည့် PDF များအား ဖမ်းဆီး ရမိခဲ့သည်။ ထိုမျှများပြားသော လက်နက်ပစ္စည်း များနှင့် စနစ်တကျလုပ်ကိုင်ပါက    ကြောက်မက် ဖွယ်ရာကောင်းသည့် အန္တရာယ်ဆိုးကြီးနှင့် ကြုံတွေ့  နိုင်ဖွယ်ရာရှိသည်။ ပြည်သူလူထုနှင့် ပူးပေါင်းနိုင်၍ သာ    အန္တရာယ်ဆိုးကြီးကို    အချိန်မီတားဆီးနိုင်ခဲ့ သည်။    

 

          
အထက်ပါဖြစ်စဉ်များတွင်  အသွားစေခိုင်းသူ NLD    လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ကြံရာပါ ခင်ကျော် (UNRA) နှင့် ကိုကိုနိုင် (ခ) ဒေါန အပါအဝင်   ကျူးလွန်သူ PDF   ၁၇၃   ဦးတို့ကို လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊  လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်း များကို ဖမ်းဆီးရမိခဲ့သည်။  ၎င်းတို့သည်  အဓိက ကျပြီး  အများအပြားဖမ်းဆီးရမိသည့်    အဖျက် လုပ်ရပ်များဖြစ်သည်။ အကြမ်းဖက်အဖျက်လုပ်ရပ် ပြုလုပ်ကြသည့်         ကျန်ကျူးလွန်သူများနှင့် လက်နက်ပစ္စည်းများလည်း   ပေါင်းစုလိုက်လျှင် အမြောက်အမြား ရှိသေးသည်။ 


လူမိုက်နှင့်ချိတ်ဆက်


တိုင်းရင်းသားလက်နက်ကိုင်   နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး   သင်တန်း တက်ခြင်း၊   လက်နက်ခဲယမ်း     ဝယ်ယူခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး  ဆောင်ရွက်ခြင်း ကို CRPH နှင့် NUG မှ NLD ရည်မွန်က စေခိုင်းခဲ့ ခြင်းဖြစ်သည်။    ဂျပန်နိုင်ငံတွင်    နေထိုင်သူ ထွန်းအောင်ကျော်    (ABSDF)    ဥက္ကဋ္ဌဟောင်း၊ အမေရိကန်နိုင်ငံတွင်   နေထိုင်သူ အေးမင်းတို့က နိုင်ငံတကာနှင့်   ပြည်တွင်းရှိ   NLD   ပါတီဝင်များ၊ ၎င်းပါတီကို    ဝန်းရံသူ၊    ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့မှုများကိုရယူ၍  အကြမ်းဖက် လုပ်ရပ်များ  ပြုလုပ်ခဲ့သည်မှာ ထင်ရှားပေါ်လွင်နေ သည်။ ခင်ကျော်သည် ၁၉၈၈ ခုနှစ်တွင် ABSDF သို့   ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ABSDF မှ ခွဲထွက်၍     အဖွဲ့ဝင်ခုနစ်ဦးဖြင့်     ဖာပွန်မြို့နယ် လဲဝါကျေးရွာ၌ UNRA ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီး   NUG   မှ   လူမိုက်များနှင့်     ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။


ကိုကိုနိုင် (ခ) ဒေါန  (NDF   အဖွဲ့၏   နိုင်ငံတကာ ဆက်သွယ်ရေးတာဝန်ခံ)  သည်    PDF    သင်တန်း အတွက် လိုအပ်သော စစ်အသုံးအဆောင်ပစ္စည်းများ နှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးအတွက် NUG မှ ရည်မွန်၊    ဂျပန်နိုင်ငံမှ    ထွန်းအောင်ကျော်၊    ပြည်ပ ရောက် NLD ပါတီဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်        ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ထွန်းအောင်ကျော်သည် NDF (National Defense Force) အားဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။   ပြည်ပရောက်     NLD    အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီရရှိရေး နှင့် NUG အဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ ပြည်တွင်း၌ အကြမ်းဖက်လုပ်ငန်းများ     အကောင်အထည်ပေါ် အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။


အဖျက်စီမံချက် 


NLD လက်ပါးစေ NUG သည် နိုင်ငံတော်အုပ်ချုပ် ရေးယန္တရား ပျက်ပြားစေရန်အတွက် အဆင့်သုံးဆင့် ဖြင့်    လုပ်ဆောင်နေပြီး    ပထမအဆင့်အနေဖြင့် သင်တန်းဆင်း PDF များ မြို့ပေါ်သို့ ပြန်ရောက်ပါက စက်ရုံ/ အလုပ်ရုံများအား မီးရှို့/ ဖောက်ခွဲဖျက်ဆီး ခြင်းတို့အပြင်   အုပ်ချုပ်ရေးမှူးများအား    အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဒုတိယအဆင့် အနေ ဖြင့် ဒေသအလိုက် PDF များသည် EAOs အဖွဲ့များနှင့် ပူးပေါင်း၍ တပ်ဌာနချုပ်များကို စီးနင်းတိုက်ခိုက်ခြင်း၊ တတိယအဆင့်အနေဖြင့်    နိုင်ငံတကာအဖွဲ့အစည်း များထံမှ ငွေကြေးနှင့်လက်နက်များ လက်ခံရယူ၍ အင်အားပိုမိုကြီးမားအောင် လုပ်ဆောင်ခြင်းတို့ကို ကြံစည်ထားသည်။ 


သို့သော်    အကြံအစည်     အထမမြောက်မီ ပျက်ပြုန်းကျဆုံးရလေသည်။ NUG ၏အကြမ်းဖက် လုပ်ရပ်များကြောင့်   နိုင်ငံအတွင်း   အပြစ်မဲ့ပြည်သူ ၁၈၉ ဦး သေဆုံးကာ မီးရှို့ဖျက်ဆီးခံရသော  စာသင် ကျောင်း ၆၀၊  အုပ်ချုပ်ရေးမှူးရုံး   ၇၄   ရုံး၊   ရဲကင်း/ရဲစခန်း ၃၅ ခုရှိပြီး စာသင်ကျောင်းများ ဗုံးပေါက်ကွဲမှု ၂၃၂ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်း/ရဲစခန်း ဗုံးပေါက်ကွဲမှု ၆၆ ကြိမ် စုစု ပေါင်း    ဗုံးပေါက်ကွဲမှု    အကြိမ် ၄၈၀    ရှိခဲ့သည်။ ယင်းတို့ကို နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ခြင်း  မရှိပေ။ 
စေခိုင်းသူ CRPH ၊ NUG နှင့် NLD နှင့် ပြည်တွင်း၊  ပြည်ပ  အပေါင်းပါတို့၏ အကြမ်းဖက်ဖျက်ဆီးရေး လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများနှင့် အများ ပြည်သူအဆောက်အအုံများ ပျက်စီးခဲ့ရသော်လည်း မကောင်းမှုဟူသည် ကြာရှည်ခံရိုး ထုံးစံမရှိဆိုသကဲ့သို့ အကြမ်းဖက်အဖျက်သမား လူ၊ လက်နက်များ လုံးဝ ရေစုန်မျောခဲ့ရသည်။   မကောင်းမှုကို   တာစူ၍မရ ပြိုကွဲခဲ့ရသည်။   အာဏာပြန်လည်လိုချင်မက်မော သော    စိတ်ကူးယဉ်အိပ်မက်များဖြင့်     သူတစ်ပါး အထောက်အပံ့များနှင့်    အထောက်အပံ့ပေးသည့် လက်နက်များကို အားကိုးခဲ့ကြသည်။ မိမိနိုင်ငံ၊ မိမိ လူမျိုးကို အနိုင်ကျင့်ဗိုလ်ကျသတ်ဖြတ်ပြီး နိုင်ငံခြား သား၊ မျက်နှာဖြူ၊  မျက်နှာမည်း  နယ်ချဲ့လက်သစ်များ ကို     ဆရာတင်သည့်    စီမံပုံအလွဲအမှားများအား  ပြည်သူတို့     နားလည်လာကြသည်။     ရှောင်ဖယ် လက်မခံကြတော့ပါ။ 


တိုင်းပြည် နှင့် လူမျိုးကို မီးလောင်တိုက်သွင်းကာ ဖျက်ဆီးဖို့သက်သက် ယုတ်မာရက်စက်သည့် ကြံစည် ချက်များ ဖြစ်သည်။ ယခုအခါ တိုင်းပြည်ဖျက်ဆီး  နေသူများကို    အပြီးတိုင်ချေမှုန်းနေပြီဖြစ်သည်။ တိုင်းပြည်နှင့်  လူမျိုးအားလုံး  အမြန်ဆုံးအေးချမ်း လုံခြုံလိုပါက   သတင်းမှန်သိရသမျှကို သက်ဆိုင် ရာသို့        အမြန်ဆုံးသတင်းပို့ကြစေလိုပါသည်။   ဤတာဝန်သည်  မိမိနိုင်ငံ၊   မိမိလူမျိုးအကျိုးစီးပွား  မပျက်စီးရေးအတွက် ပြည်သူအားလုံးက ပူးပေါင်း ပါဝင်လုပ်ဆောင်ရမည့် အဓိကအချက်ပင်ဖြစ်သည်။  ပြည်သူလူထု   ပူးပေါင်းကူညီမှုဖြင့်     အကြမ်းဖက် အဖျက်အန္တရာယ်ကို      ကာကွယ်နိုင်ခဲ့သည်မှာ ပြည်သူလူထု အကျိုးစီးပွားအတွက်ပင်ဖြစ်ပါသည်။


အကျိုးအကြောင်း၊ အဆိုးအကောင်းနှင့်
အဟောင်းအသစ်၊ ဖြစ်ပျက်ခြင်းမှာ
ဤလူ့ရွာ၌
ထင်လာနိမိတ်၊ ကြေးမုံရိပ်ဝယ်
အစိပ်အကျဲ၊ အမည်းအဖြူ    
အပူအအေး၊ နီးဝေး၊ ထက်အောက် 
ဖြောင့်ကောက်၊ တွင်းပြင်၊ ပီပီထင်၏။
ဆင်ခြင်တွေးဆ၊ သိလိုက်ရသော်
လောကအမြင် ရှင်းလိမ့်မည်။    ။ 


လေးမြိုင် (၂၀၀၄ တစ်သက်တာ စာပေဆုရှင်)
ဆရာကြီး ဦးလေးမြိုင် ဖွဲ့ဆိုခဲ့သော အထက်ပါ စာချိုးလေးကဲ့သို့ပင်   အကျိုးအကြောင်း    အဆိုး အကောင်းတို့ကို  ပြည်သူအများ အမှန်သိထားပါက အဖျက်သမားများ   ခိုစရာနေရာမရှိပေ။    ထိုအခါ နိုင်ငံတစ်ဝန်း   အေးချမ်းပါဘိ။   ပြည်တွင်းသစ္စာ ဖောက်      လောက်ကောင်များ      ဖယ်ရှားရှင်းလင်း လိုက်ပါက ပြည်ပရန်စွယ်  ဝင်လာနိုင်ဖွယ်မရှိပေ။     “ပြည်သူ့စွမ်းအား အထူးကြီးမား”  သည်ဟု ဆိုချင် ပါသည်။        ။


n