အသိပညာပေးတာတွေကို လိုက်နာကျင့်သုံးပြီးနေထိုင်ကြရင် ရောဂါကူးစက်မှုမှလည်း ကင်းဝေးကြပါလိမ့်မယ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရမ်းဗြဲမြို့နယ်ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးမှူး ဒေါက်တာအောင်နိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
 

မေး    ။    ။    ပြည်သူတွေအနေနဲ့      ကိုဗစ်ရောဂါ             လက္ခဏာတွေရှိလာရင်      ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ။ 
ဖြေ    ။    ။    ပြည်သူများအနေနဲ့ အနံ့မရ၊   ဖျားနာ             ခြင်းတို့ဖြစ်လာရင်    ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊   ကျန်းမာရေးဆရာမများကို ဖုန်းနံပါတ်တွေပေးထားပါတယ်။ သူတို့ကတစ်ဆင့် ဆက်သွယ်ပြီး  မြို့နယ်ဆေးရုံရှေ့မှာ  ဝင်ဝင်ချင်းပဲ ဖျားနာအနံ့မရရင် ပြသရန် နေရာဆိုပြီး သတ်မှတ် ပေးထားပါတယ်။  ရုံးချိန်အတွင်းမှာဆိုရင်  ပြင်ပ လူနာကြည့်သလို    လာရောက်ပြသနိုင်ပါတယ်။ အရေးပေါ်ဖြစ်လာရင်  ပေးထားတဲ့  ဖုန်းနံပါတ် တွေကို ဆက်သွယ်ပြီး လာရောက်ပြသနိုင်ပါတယ်။ မေး    ။    ။    ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို             ရောဂါပိုး ရှိ/မရှိ  ဘယ်လိုစစ်ဆေးပေး နေပါသလဲ။ 
ဖြေ    ။    ။    အနံ့မရဖျားနာပြီးရောက်ရှိလာသူတွေကို             ကျန်းမာရေးဌာနမှ ကျွမ်းကျင်ဓာတ်ခွဲမှူး များက စစ်ဆေးပြီး နှာခေါင်းတို့ဖတ်ယူပြီး ချက်ချင်း အဖြေထုတ်ပေးလျက်ရှိပါတယ်။ 


မေး    ။    ။    ကိုဗစ်ရောဂါပိုး  တွေ့ရှိပြီဆိုရင် ဘယ်လို             ဆောင်ရွက်ပေးပါသလဲ။
ဖြေ    ။    ။    ပထမအနေနဲ့ကတော့ Positive   ဖြစ်             တယ်၊   ပိုးတွေ့တယ်ဆိုရင်  ကုသရေး ဆေးရုံကိုတစ်ခါတည်း   တက်ရောက်စေပြီး  ကုသ ပေးလျက်ရှိပါတယ်။
မေး    ။    ။    ပိုးတွေ့လူနာတွေအတွက်   ကျန်းမာရေး             ဌာနက ဆောင်ရွက်ပေးနေမှု  အခြေအနေ ကို သိချင်ပါတယ်။
ဖြေ    ။    ။    ရမ်းဗြဲမြို့မှာ ဆေးရုံ နှစ်ရုံရှိနေပြီး ဆေးရုံ 
            သစ်မှာပဲ     ကိုဗစ်လူနာတွေအတွက် သီးသန့်ဆရာမတွေထားပြီးတော့ ကိုဗစ်ရောဂါကုသ ရေးဆေးရုံအဖြစ်    သီးသန့်လုပ်ထားပါတယ်။ မြို့ပေါ်က     ပရဟိတအဖွဲ့တွေနဲ့    ပူးပေါင်းပြီး အောက်ဆီဂျင်လိုအပ်ချက်တွေကို ဖြည့်ဆည်းထား ပါတယ်။     အောက်ဆီဂျင်ကိုတော့   ကျောက်ဖြူ မှာသွားရောက်ပြီး  ဖြည့်ဆည်းထားပါတယ်။


မေး    ။    ။    Quarantine   ထားရှိမှု   အခြေအနေကို             ဘယ်လိုလျာထားပါသလဲ။
ဖြေ    ။    ။    မြို့ပေါ်မှာ   Quarantine    Center  ကို             အမျိုးသားဆောင်၊  အမျိုးသမီးဆောင် ဆိုပြီး   ဖွင့်လှစ်ထားပါတယ်။    အမျိုးသမီးများ အတွက်ကို    မိုးလုံလေလုံ  အားကစားခန်းမမှာ ပြင်ဆင်ထားပြီး     အမျိုးသားများအတွက်ကို မင်းတရားဖူးဘုရား   ဓမ္မာရုံမှာ   ပြင်ဆင်ထားပါ တယ်။
မေး    ။    ။    ရောဂါပိုးထိတွေ့သူနဲ့ contact  ဖြစ်သူ             တွေအနေနဲ့    ဘယ်လိုနေထိုင်သင့် ပါသလဲ။  
ဖြေ    ။    ။    အဓိကကတော့     တွေ့ဆုံခဲ့တဲ့     သူက             positive   ဖြစ်သွားပြီး  ကိုယ်လည်း သံသယရှိတယ်ဆိုရင်တော့  မိမိနေအိမ်မှာ  ၁၀ရက် လောက်ခွဲနေပြီး   ကျန်းမာရေးကို  ဂရုစိုက် ပြီးတော့   သီးခြားနေထိုင်သင့်ပါတယ်။


မေး    ။    ။    ဘယ်လိုရောဂါလက္ခဏာမျိုး   ပြသရင်             စိုးရိမ်ရတဲ့ အခြေအနေခေါ်ပါသလဲ။
ဖြေ    ။    ။    ဖျားနာပြီးတော့     အသက်ရှူမွန်းကျပ်             တယ်၊  အောက်ဆီဂျင်   စမ်းသပ်စက် ဝယ်ထားနိုင်ရင်  တိုင်းပြီး အောက်ဆီဂျင်ကျလာမယ် ဒါမျိုးတွေ  ဖြစ်လာရင်တော့   ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး   အကူအညီတောင်းခံပြီး  ကုသပေး လျက်ရှိနေပါတယ်။
မေး    ။    ။    လူနာတွေအတွက်      အောက်ဆီဂျင်             လိုအပ်ချက်များကို  ဘယ်လိုစီစဉ်ထားပါ သလဲ။ 
ဖြေ    ။    ။    ကျွန်တော်တို့မှာ  အောက်ဆီဂျင်ကတော့             နှစ်မျိုးပေးပါတယ်။  ခုလောလောဆယ် ဆေးရုံ နှစ်ရုံခွဲပြီး သုံးနေရပါတယ်။ အောက်ဆီဂျင် ဖြည့်တင်းမှုကတော့  ကျောက်ဖြူ အောက်ဆီဂျင် plant မှ ဖြည့်တင်းပေးပါတယ်။


မေး    ။    ။    ကိုဗစ်ဖြစ်လာရင် ဘယ်လိုစားသောက်             နေထိုင်သင့်ပါသလဲ။ 
ဖြေ    ။    ။    ကိုဗစ်-၁၉ရောဂါဖြစ်လာခဲ့ရင် မိမိတို့ရဲ့ ကျန်းမာရေးကို     အရင်ကထက်     နှစ်ဆပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။  အစားအသောက်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။ သင့်တော်တဲ့   ကိုယ်ကာယလေ့ကျင့်ခန်း   ပုံမှန် လေ့ကျင့်ခန်းမျိုးလည်း   လုပ်ဖို့လိုပါတယ်။  နောက် တစ်ခုကတော့ ကျွန်တော်တို့ ကိုဗစ်စင်တာဆိုရင် ပိုပြီးအဆင်ပြေမယ်လို့  ကျွန်တော်တို့ယူဆထားပါ တယ်။ ဆေးရုံကို ကွင်းပြင်ကြီးထဲမှာ ဆောက်ထား တော့  လေကောင်း လေသန့်ရရှိတယ်။ လေကောင်း လေသန့်ရှူပြီး   အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုမယ်လို့လည်း ထင်ပါတယ်။ 
မေး    ။    ။    ရောဂါကူးစက်ပြန့်ပွားမှု      မရှိအောင်             အသိပညာပေးလုပ်ငန်းကို   ဘယ်လို ဆောင်ရွက်ထားပါသလဲ။
ဖြေ    ။    ။    ကျန်းမာရေး   အသိပညာပေးအနေနဲ့            မြို့ပေါ်ရပ်ကွက်တွေကို  နေ့စဉ်ကားနဲ့ လှည့်လည်ပြီးတော့ တစ်နေ့သုံးကြိမ် ကြေညာပေး တယ်၊ လမ်းတွေမှာလည်း  ပိုစတာတွေ၊  ဗီနိုင်းတွေ ကပ်ထားပေးပြီး  အသိပညာ   တိုးတက်ဖို့အတွက် ဖြန့်ဝေပေးလျက်  ရှိပါတယ်။  အထူးသဖြင့်  Mask ကို လူအဝင်အထွက်များတဲ့ နေရာတွေ၊ ဈေးလို နေရာမျိုးတွေမှာ အခမဲ့   ဖြန့်ဝေပေးလျက်ရှိနေပါ တယ်။ 


မေး    ။    ။    ယနေ့ထိပိုးတွေ့   လူနာဦးရေ/  ဆေးရုံ             တက်ရောက် ဆင်းလူနာဦးရေ  ပြန်လည် ကျန်းမာလာမှု အခြေအနေများ သိချင်ပါတယ်။ 
ဖြေ    ။    ။    ၁၅ - ၇ -၂၀၂၁ရက်နေ့အထိ  ဒီနေ့လက်ရှိ             အချိန်အထိ လူနာ ၂၁ဦးရှိပါတယ်၊ ဆေးရုံ ဆင်းသွားတာ သုံးဦးရှိတယ်။  ကျန်ရှိနေတဲ့  ၁၈ဦးက ကျန်းမာလျက်    ရှိနေပါတယ်။   အဲဒီအထဲမှာ အောက်ဆီဂျင်   ပေးနေရတာက     အသက် ၇၀ အရွယ်တစ်ဦးရှိပါတယ်။      ကျန်တဲ့လူနာတွေ ကတော့ အောက်ဆီဂျင်ပေးစရာမလိုပါဘူး။
မေး    ။    ။    ကာကွယ်ဆေးထိုးဖို့      ကျန်နေသူတွေ             ထိုးနှံပေးသွားဖို့       စီစဉ်ထားမှု အခြေအနေကို သိချင်ပါတယ်။
ဖြေ    ။    ။    ကာကွယ်ဆေးထိုးဖို့   ကျန်ရှိနေသူများ             အတွက်ကိုလည်း    ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ပထမအကြိမ် ဘယ်နှဦး ထိုးနိုင်တယ်။ ဒုတိယအကြိမ်က  ဘယ်နှဦးထိုးခဲ့တယ်၊  တွက်ချက် ထားပြီးဖြစ်ပါတယ်။ရရှိလာတဲ့ ဆေးအပေါ်မှာ မူတည် ပြီးတော့   ခွဲတမ်းရရင်  ဦးစားပေးစနစ်နဲ့ ထိုးသင့်  ထိုးထိုက်တဲ့ သူတွေကို  ထိုးပေးသွားမှာဖြစ်ပါတယ်။


မေး    ။    ။    အခြားဖြည့်စွက်    ပြောကြားလိုမှုရှိပါက             ပြောကြားပေးစေလိုပါတယ်။
ဖြေ    ။    ။    အခုအချိန်မှာ    လူတွေက       အစိုးရိမ်            လွန်နေကြတဲ့အချိန်လည်း     ဖြစ်နေ တယ်။   အလွန်အကျွံကြီးလည်း မစိုးရိမ်ကြပါနဲ့၊  မစိုးရိမ်ဘဲလည်း   ပေါ့ပေါ့ဆဆ    မနေကြပါနဲ့။       ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ထားတာတွေရှိတယ်။  လိုက်နာ သင့်တဲ့အရာတွေ၊    ကျင့်ကြံသင့်တဲ့အရာတွေကို  စဉ်ဆက် မပြတ်လေ့လာပြီး    ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန Website ထဲဝင်ကြည့်လို့လည်း ရသလို  အသိပညာ ပေးလက်ကမ်း  စာစောင်တို့ကို   စဉ်ဆက်မပြတ် ဖတ်ရှုပြီး  အသိပညာပေးတာတွေကို   လိုက်နာ ကျင့်သုံးပြီးနေထိုင်ကြရင်   အားလုံးအဆင် ပြေပြီးရောဂါကူးစက်မှုကနေလည်း ကင်းဝေးကြပါ လိမ့်မယ်လို့  ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။  


ရမ်းဗြဲ(မြို့နယ် ပြန်/ဆက်)