Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ 
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ အပါအဝင်)အား ၂၆-၇-၂၀၂၁ ရက်နေ့မှ ၈-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။