
နေပြည်တော် ဇန်နဝါရီ ၃၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ၏ အစီရင်ခံစာပါ အကြံပြုချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စ၊ ကမ္ဘာ့ နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့် စပ်လျဉ်း၍ တတိယ အကြိမ် အစီရင်ခံစာ တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ ကြမ်းကို လွှတ်တော်သို့ တင်ပြထားရှိမှု အခြေအနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်း ပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် မှုများကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်