အခု လိုနေတဲ့ အောက်ဆီဂျင်ပြဿနာတို့၊ ခုတင်မရှိတဲ့ပြဿနာ၊ ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းတဲ့ပြဿနာတွေလည်း လျော့သွားမယ်။ ကာကွယ်ဆေးကြောင့် ဒီလိုရောဂါဖြစ်ပွားမှုလှိုင်းတွေကို ရင်ဆိုင်တဲ့အခါမှာ ကာကွယ်၊ ထိန်းချုပ်၊ ကုသတဲ့အပိုင်းမှာလည်း အားစိုက်ရတာ တော်တော်လျော့သွားပါ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၂ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။        ။    နိုင်ငံတစ်ဝန်း       ကိုဗစ်-၁၉   တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန  ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့    တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
မကြာခင် ရောက်ရှိလာမယ့် ကိုဗစ်ကာကွယ် ဆေးတွေနဲ့  ဒီကာကွယ်ဆေးတွေကို   မည်သည့် ဦးတည်အုပ်စုတွေကို ထိုးနှံပေးသွားဖို့ရှိပါသလဲ၊ လက်ရှိ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေ မှာ ကာကွယ်ဆေးထိုးနှံတဲ့အတွက် ဘယ်လောက်အထိ ထိရောက်မှုရှိသလဲဆိုတာကို သိပါရစေ။

 


ဒေါက်တာသန်းနိုင်စိုး။        ။    မကြာခင်မှာ  ကာကွယ် 

 


            ဆေးတွေက ပြန်လည် ပြီး အသုတ်လိုက်၊ အသုတ်လိုက် ရောက်ရှိလာမယ် ဆိုတဲ့အကြောင်းကို ဒီနေရာကနေ သတင်းကောင်း ပေးလိုပါတယ်။ နိုင်ငံတော်အကြီးအကဲ ပြောတဲ့ အထဲမှာလည်း  ပါပါတယ်။  ဇူလိုင်  ၂၂ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ကိုဗစ်ကာကွယ် ဆေး ခုနစ်သိန်းခွဲ စတင်ရောက်ရှိမယ်။ ပြီးတဲ့အခါ ဇူလိုင် ၂၃ ရက်နဲ့  ၂၄ ရက်တို့မှာ  ဆက်ပြီးရောက်ရှိ မှာဖြစ်ပါတယ်။


ဩဂုတ်လ ပထမပတ်အတွင်းမှာ တရုတ်နိုင်ငံ က လှူဒါန်းတဲ့  နှစ်သန်းနဲ့   ကျွန်တော်တို့ နိုင်ငံက ဝယ်ထားတဲ့ လေးသန်း စုစုပေါင်း ကိုဗစ်ကာကွယ် ဆေး ခြောက်သန်းကို ယခုရက်ပိုင်းအတွင်း ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်    အိန္ဒိယနိုင်ငံကနေ  ဝယ်ယူ ထားတဲ့ ကာကွယ်ဆေး သန်း ၃၀ ထဲက နှစ်သန်းကို ရရှိပြီးဖြစ်တဲ့အတွက် ကာကွယ်ဆေး ၂၈ သန်း ထပ်မံ ရရှိဖို့ ရှိပါတယ်။   ဒါကို   အိန္ဒိယနိုင်ငံအနေနဲ့   ရောဂါ ဖြစ်ပွားမှု ကျဆင်းလာတဲ့အတွက် အသုတ်လိုက်ခွဲပြီး ပြန်လည်ရရှိဖို့ရှိပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ဆောင်ရွက်ထားတဲ့ Covax Facility အစီ အစဉ်ကလည်း ဆက်သွယ်လာတဲ့အတွက်   အဲဒီ ကနေ ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီပြီး ရဖို့ရှိပါ တယ်။   ရုရှားနိုင်ငံကနေ   ဝယ်ယူထားတာတွေနဲ့ နောက်ထပ် မှာယူထားတာတွေကလည်း ရရှိတော့ မှာဖြစ်ပါတယ်။

 


သတင်းကောင်းပါးလို 

 


ကျွန်တော်တို့အတွက်   သတင်းကောင်းက ကိုဗစ်ကာကွယ်ဆေးတွေဟာ    အသုတ်လိုက် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ရောက်ရှိလာမယ့် ကာကွယ်ဆေးပမာဏကလည်း သန်းဆယ်ဂဏန်း နဲ့ချီပြီး      ရောက်လာမယ့်အနေအထားရှိတာကို ဒီနေရာကနေ     သတင်းကောင်းပါးလိုပါတယ်။ ဒီကာကွယ်ဆေးတွေ  မရောက်ရှိမီ  ရုံးပိတ်ရက် ကာလမှာ အိမ်မှာနေပေးတဲ့အတွက် မိဘပြည်သူ တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒါမှ ကာကွယ် ဆေးရောက်တဲ့အချိန်အထိ        ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ တောင့်ခံပြီး ယခုတတိယလှိုင်း ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

 


ကာကွယ်ဆေးတွေ    ရောက်ရှိလာပြီဆိုရင် ယခင်ကာကွယ်ဆေးထိုးဖို့ ရေးဆွဲထားတဲ့စီမံချက် အပေါ် ခေတ်ကာလနဲ့အညီ အနည်းငယ်ပြုပြင်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ နံပါတ်တစ် ဦးတည် အုပ်စုက ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်း တွေ၊    ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှာ   တာဝန် ထမ်းဆောင်နေသူတွေ၊    နိုင်ငံတော်ရဲ့  စီးပွားရေး ဖွံ့ဖြိုးဖို့အတွက်   မဖြစ်မနေ ဆောင်ရွက်နေရတဲ့ (လမ်းပန်းဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ် နှင့် ခရီးသွား) အုပ်စုတွေ ဒါတွေက ဦးစားပေးအုပ်စု ထဲမှာ ပါပါတယ်။ ပြီးရင် ရောဂါဖြစ်ပွားမှုများပြားနိုင်တဲ့   ဒေသအလိုက်  ရောဂါဖြစ်ပွားလာရင် အသက်အန္တရာယ်ရှိနိုင်တဲ့ အသက် ၆၀ နှစ်အထက် အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ ရောဂါအခံရှိသူ တွေကို    ကာကွယ်ဆေးရရှိမှုအပေါ် မူတည်ပြီး ဦးတည်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမှာ    ဖြစ်ပါတယ်။   ကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ် အသေးစိတ်ကို ကာကွယ် ဆေးရောက်ရှိချိန်မှာ တစ်ပြိုင်နက်တည်း ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ ဦးတည်အုပ်စုအားလုံးကို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး အသုတ်လိုက်၊ အဆင့်အလိုက်၊ အပိုင်းအလိုက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ဦးတည်အုပ်စုတွေရဲ့ ၅၀    ရာခိုင်နှုန်းကို    ကာကွယ်ဆေးထိုးနှံပေးဖို့ လမ်းညွှန်ချက်တွေနဲ့အညီ       ဖြစ်မြောက်အောင် ဆောင်ရွက်နေပါတယ်။  ဒါက   ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေပါ။

 


မိဘပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံ ပေးမယ့်  အစီအစဉ်မှာ  ပူးပေါင်းပါဝင်ပေးကြဖို့၊ ကာကွယ်ဆေးထိုးနှံမှုကို စာရင်းဇယား စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးနှံခြင်း သတင်းပို့စနစ်မှာ  လိုအပ်ပါက ဒေသ အလိုက် ကာကွယ်ဆေးထိုးမယ့်စာရင်းမှာ မိမိရဲ့ နာမည်ကို ကြိုတင်မှတ်ပုံတင်ခြင်း အစီအစဉ်ကို ဒေသအလိုက်    ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝင်ပြီး မှတ်ပုံတင်ပေးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးတွေ မရရှိခင်ကာလမှာ တတ်နိုင်သမျှ မိမိရဲ့    အိမ်မှာနေပြီး   တောင့်ခံပေးကြပါဦးလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ပန်ကြားလိုပါ တယ်။

 


မြန်မာနိုင်ငံကို      ယခုရောက်ရှိလာမယ့် ကာကွယ်ဆေးတွေထဲမှာ တရုတ်နိုင်ငံက ထုတ်လုပ် တဲ့    Sinopharm ကာကွယ်ဆေး  လေးသန်းနဲ့ Sinovac ကာကွယ်ဆေး နှစ်သန်း ရရှိမှာဖြစ်တယ်လို့ ကနဦးအနေနဲ့   သိရှိရပါတယ်။  ဒီဆေးနှစ်မျိုးကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့   မတူပါဘူး။ နည်းပညာပိုင်းမှာ ဗိုင်းရပ်စ်ကို အားပျော့အောင် လုပ်တာခြင်းက တူညီ ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်က ထပ်ပြီးမပွား နိုင်ရေးအတွက်   ခန္ဓာကိုယ်ကနေ ပဋိပစ္စည်းတွေ ထွက်အောင် လုပ်ဆောင်ပေးပါတယ်။ ဆေးတွေရဲ့ ထိရောက်မှုတွေအနေနဲ့ကလည်း      ကမ္ဘာ့နိုင်ငံ အတော်များများမှာ ထိုးနှံပြီးသားဆေးတွေဖြစ်ပါ တယ်။


၇၈ နိုင်ငံ ခွင့်ပြုထား

 


Sinopharm ကာကွယ်ဆေးအနေနဲ့ ကမ္ဘာ ပေါ်မှာ ဆေးအသုံးပြုခွင့် အပြည့်အဝရထားတာက လေးနိုင်ငံ၊ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံး ပြုဖို့ ခွင့်ပြုထားတာက ၇၈ နိုင်ငံ  ခွင့်ပြုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီဆေးကို အရေးပေါ် ကာကွယ်ဆေးအနေနဲ့ အသုံးပြုဖို့ ခွင့်ပြုထားတဲ့ စာရင်းထဲမှာ ၂၀၂၁ ခုနှစ်  မေ  ၅ ရက်က ထည့်သွင်း ထားပါတယ်။ 

 


Sinovac ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံး ပြုဖို့ ခွင့်ပြုထားတဲ့စာရင်းထဲကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှာ ထည့်သွင်းထားပါတယ်။ ဒီဆေးကို ကမ္ဘာ ပေါ်မှာရှိတဲ့ ၅၃ နိုင်ငံရဲ့ အရေးပေါ်ကာကွယ်ဆေး အနေနဲ့ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။ တရုတ်နိုင်ငံ မှာ ဒီဆေးကို အပြည့်အဝ အသုံးပြုခွင့်ပေးထားပါ တယ်။ ဒီဆေးကို ကမ္ဘာ့နိုင်ငံ ၃၆ နိုင်ငံမှာ ထိုးနှံနေ ပါတယ်။    လက်ရှိမှာ  တရုတ်နိုင်ငံကထွက်တဲ့ Sinopharm နဲ့ Sinovac အပါအဝင် ကာကွယ်ဆေး တော်တော်များများကို    တရုတ်နိုင်ငံအတွင်းမှာ ထိုးနှံမှုအနေနဲ့ ယမန်နေ့က ရရှိတဲ့သတင်းအချက် အလက်တွေအရ    ကာကွယ်ဆေးအရေအတွက် ၁ ဒသမ ၄ ဘီလီယံ ထိုးနှံပြီးသွားပါပြီ။ တရုတ်နိုင်ငံ အနေနဲ့ ကာကွယ်ဆေးထိုးနှံမှုအပိုင်းမှာ အတော်ကို ခရီးရောက်နေတဲ့ အနေအထားရှိပါတယ်။ 

 


နိုင်ငံတကာမှာလည်း ယခုလို ကာကွယ်ဆေး တွေကို ဦးစားပေးပြီး ထိုးနှံနေကြပါတယ်။ ဒီဆေး တွေရဲ့ အာနိသင်ထိရောက်မှုနဲ့ စိတ်ချရမှုအပေါ် သံသယရှိစရာမရှိပါဘူး။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေနဲ့ ကာကွယ်ဆေးတွေကို ကြည့်တဲ့အခါမှာ ဆေးရဲ့ အရည်အသွေး၊ ထိရောက်မှုနဲ့ လုံခြုံစိတ်ချရမှု ဆိုတဲ့ ၃ ချက်ကို ကြည့်ပါတယ်။ ဒီလိုကြည့်တဲ့နေရာ မှာ    ကာကွယ်ဆေးထုတ်လုပ်တဲ့   နည်းပညာနဲ့ ထုတ်လုပ်မှု အဆင့်အတန်း၊ ဆေးမှာပါဝင်တဲ့ ပစ္စည်း တွေရဲ့ အရည်အသွေး၊ ဆေးရဲ့အာနိသင်နဲ့ စိတ်ချ ရမှု ဒါတွေကို ကြည့်ပါတယ်။

 


Sinopharm   ကာကွယ်ဆေးရဲ့   ရောဂါ ကာကွယ်မှုအနေနဲ့     ၇၉ ရာခိုင်နှုန်းရှိပြီး  ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုနဲ့   အသက်သေဆုံးမှု နှုန်းကို ၇၉ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ Sinovac ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်မှုအနေနဲ့ ၅၁ ရာခိုင်နှုန်းရှိပြီး ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းက နေ ၁၀၀ ရာခိုင်နှုန်းအထိ     ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း သိရှိရပါတယ်။

 


မကြာခင်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အရေးပေါ်ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့ စာရင်းထဲမှာ ဆက်လက်ပြီး ထည့်သွင်းနိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်   ဇူလိုင် ၁၅ ရက်အထိ   ဆောင်ရွက် နေတဲ့ ကာကွယ်ဆေးပေါင်းက ၁၉ မျိုးရှိပါတယ်။ မကြာခင်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်တဲ့ စာရင်းထဲကို ထပ်မံရောက်ရှိလာမယ့်   ကာကွယ်ဆေးအနေနဲ့ Sputnik V ကာကွယ်ဆေးနဲ့ Covaxin ကာကွယ် ဆေးတွေ   ပါဝင်လာမှာဖြစ်ပါတယ်။  Covaxin ကာကွယ်ဆေးအနေနဲ့ ရှေ့တစ်ပတ်၊ နှစ်ပတ်အတွင်း မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Emergency Use List စာရင်းထဲမှာ ပါဝင်တော့မှာဖြစ်ကြောင်း သိရပါ တယ်။   Sputnik V   ကာကွယ်ဆေးအနေနဲ့ နောက်အကျဆုံး   အောက်တိုဘာလထဲမှာ  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့   အသိအမှတ်ပြုစာရင်းထဲမှာ ပါဝင်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ထပ် လည်း WHO EUL အသိအမှတ်ပြု ကာကွယ်ဆေး တွေနဲ့ အခြားအာနိသင် ထက်မြက်ပြီး ဘေးကင်းတဲ့  ကာကွယ်ဆေးတွေ    တိုးတက်ရရှိလာနိုင်မှာ အများကြီးရှိပါတယ်။ 

 


ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလှိုင်းတွေ အဆင့် လိုက်၊ အဆင့်လိုက် ဖြစ်နေရာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို   ကမ္ဘာတစ်ဝန်းလုံးမှာ ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံး

 

 


တစ်ခုတည်းသော ထွက်ပေါက်လို့လည်း ပြောလို့ ရတာက ကာကွယ်ဆေးဖြစ်ပါတယ်။  


ဘာဖြစ်လို့လဲဆိုတော့    ကာကွယ်ဆေးကို ထိုးလိုက်ရင်ရရှိတဲ့   အာနိသင်ကတော့    အများ နားလည်အောင်ပြောရရင် ဗိုင်းရပ်စ်ရဲ့ တည်ဆောက်ပုံ အစိတ်အပိုင်းလေးတွေအနေနဲ့  ပြောရရင်  ကိုရိုနာ ဗိုင်းရပ်စ်  SARS‑CoV‑2 ဗိုင်းရပ်စ်က သူ့ရဲ့ ပြင်ပမှာ ရှိတာက ဆူးချွန်လေးတွေရှိပါတယ်။ ဒါတွေကို Spike Protein လို့ခေါ်ပါတယ်။ နောက်တစ်ခုက အခွံထဲမှာရှိတဲ့ Protein ဖြစ်ပါတယ်။ ဒါက အဆီလွှာ တွေနဲ့ တွဲနေပါတယ်။ ဒါကို Envelope Protein လို့ ခေါ်ပါတယ်။ နောက်တစ်ခုက ပြင်ပအလွှာနဲ့ တွဲနေ တဲ့ အမြှေးပါး Membrane မှာပါတဲ့ Membrane Protein    ဖြစ်ပါတယ်။    အခွံရဲ့အထဲမှာတော့ Nucleocaspid Protein  နဲ့   မျိုးဗီဇ   Genetic Material သယ်ဆောင်တဲ့အရာပါ ပါတယ်။ အဲဒီ အထဲမှာ   ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က မှတ်မိပြီး တိုက်ခိုက်ဖို့ အလွယ်ဆုံးက ထွက်နေတဲ့ဆူးချွန်တွေ ဖြစ်ပါတယ်။   ဒါပေမယ့်  ဗိုင်းရပ်စ်ရဲ့သဘာဝက ဒီဆူးချွန်တွေမှာပဲ       မျိုးပြောင်းနေတဲ့အတွက် ကူးစက်မှုမြန်တာနဲ့ သေဆုံးမှုမြန်တာတွေ ဖြစ်ပေါ် နေတာပါ။
အဓိက ကာကွယ်ဆေးတွေ ဘယ်လိုအလုပ် လုပ်သလဲဆိုတာကို တင်ပြချင်ပါတယ်။ ခန္ဓာကိုယ် ထဲမှာ ခုခံအားစနစ်ဆိုတာရှိတယ်။ ခုခံအားစနစ်က ရောဂါဝင်ရောက်လာလို့   ပြန်လည်တိုက်ဖျက်တဲ့ အခါ  ပဋိပစ္စည်းတွေ ထုတ်လုပ်ပြီး တိုက်ရတာရှိတယ်။ နောက်တစ်ခုအနေနဲ့  အချို့ဆဲလ်တွေ  ကိုယ်တိုင် အလုပ်လုပ်ပြီး တိုက်ခိုက်ရတာရှိတယ်။

 


ခုခံအားစနစ်က တုံ့ပြန် 


     ဒီရောဂါက အရိုင်းပိုးအနေနဲ့ ဝင်လာတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ တုံ့ပြန်မှုစနစ်တွေက သူ့အတွက် အဆင်သင့်ဖြစ်မနေသေးဘူး။  အဲဒီအခါ ဗိုင်းရပ်စ် တွေက ဆဲလ်ထဲကို ဝင်ပြီးပွားလာတော့ ခန္ဓာကိုယ် ရဲ့    ခုခံအားစနစ်ကလည်း  သူ့ကို တုံ့ပြန်တယ်။ များသောအားဖြင့် ၈၀ ရာခိုင်နှုန်း ပြန်ကောင်းတယ် ဆိုတာ ဗိုင်းရပ်စ်ရဲ့ပွားတဲ့ပမာဏကို ခန္ဓာကိုယ်က ယဉ်ယဉ်လေးနဲ့  ထိန်းချုပ်လိုက်လို့  ပြန်ကောင်း တာဖြစ်ပါတယ်။   ဒါပေမယ့်   ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်တဲ့အခါ  ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခုခံအား စနစ်က ကစဉ့်ကလျားဖြစ်ပြီး ခုခံအားစနစ်ကိုယ်တိုင် ခန္ဓာကိုယ်ကို ပြန်ပြီးဒုက္ခပေးတာမျိုးတွေ ဖြစ်လာ ပါတယ်။    ဗိုင်းရပ်စ်ကို     သတ်ဖို့ကြိုးစားတယ်။ ကြိုးစားရင်းနဲ့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ထိခိုက်မှုတွေ ဖြစ်လာတယ်။ 

 


အဲဒီအခါ ၂၀ ရာခိုင်နှုန်းက ရောဂါပြင်းထန် တယ်။ ဒီအထဲမှာ ၅ ရာခိုင်နှုန်းက တော်တော်ကြီး ကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေက   တကယ့်ကို  ကစဉ့်ကလျားဖြစ်ပြီး ထွက်လာတဲ့ ဓာတ်တွေက ကိုယ့်ခန္ဓာကိုယ်ထဲမှာ အဆုတ်နံရံကို    ရောင်စေတာ၊  အဆုတ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်နဲ့ လဲလှယ် တဲ့     အသက်ရှူတဲ့ဖြစ်စဉ်ကို   သွားပြီးတိုက်ခိုက် တယ်။  အဆုတ်ကလည်း ရောင်လာတယ်။  ဒီလို ဖြစ်လာတဲ့အတွက် နောက်ဆုံးမှာ အသက်သေဆုံး တဲ့အထိ ဖြစ်လာပါတယ်။ ဒါက ဗိုင်းရပ်စ်အရိုင်းရဲ့ သဘာဝဖြစ်ပါတယ်။

 


ကာကွယ်ဆေးတွေထုတ်လုပ်တဲ့ နည်းပညာ က    ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့  ဆူးချွန်မှာပါတဲ့ အသားဓာတ်ပရိုတိန်းကို ခန္ဓာကိုယ်ထဲ ထိုးထည့်ပေး လိုက်တယ်။ တချို့ဆေးတွေက ဗိုင်းရပ်စ်ရဲ့ ဆူးချွန် လေးတွေပဲ ခန္ဓာကိုယ်က ထွက်စေအောင်လုပ်တာ ရှိတယ်။ တချို့ကလည်း ဗိုင်းရပ်စ်ကို အားပျော့ အောင်၊ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ လုံးဝမပွားနိုင် အောင်လုပ်ပြီး   ကိုယ်ခံအားစနစ်ကို  ယဉ်ပါးစေ အောင် လုပ်တာရှိတယ်။  

 


ဒီလို ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ရဲ့ဆူးချွန်တွေပဲ ထွက်လာတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်ကမပွားတော့ ပေမယ့်   သူ့ရဲ့အာနိသင်  ပုံပန်းသဏ္ဌာန်ဓာတ်တွေ ရှိတော့ ဒါတွေကို ခန္ဓာကိုယ်ခုခံအားစနစ်က သိရှိ လေ့ကျင့်ပြီး တဖြည်းဖြည်းနဲ့ ဒါကို တိုက်ခိုက်လာ တယ်။ တိတိကျကျတိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတယ်။    ခုခံအားဆဲလ်တွေကလည်း ဗိုင်းရပ်စ်ကိုမှတ်မိသွားတယ်။ ဒါက အချိန်တော့ ယူရပါတယ်။ 

 


ဒါကြောင့်    ပထမတစ်ကြိမ်    ထိုးပြီးရင် နောက်ထပ် သုံးပတ် သို့မဟုတ် လေးပတ်ခြားပြီးရင် နောက်ထပ် တစ်ခါထိုး၊   နှစ်ခါထိုးပြီးရင် သူက တော်တော်သိတယ်။ နောက်ထပ် နှစ်ပတ်ကြာတဲ့ အချိန်မှာ မှတ်မိသွားပြီ။ ဒါဝင်လာရင် နှိမ်နင်းမယ့် ကိုယ်ခံအားဓာတ်တွေ အများကြီး ခန္ဓာကိုယ်ထဲမှာ ရှိနေပြီ။
ဗိုင်းရပ်စ်ဝင်လာရင်       အဆင်သင့်ရှိနေတဲ့ ပဋိပစ္စည်းတွေက    ဗိုင်းရပ်စ်ကို   အုပ်လိုက်တယ်။ အဓိက ဆူးချွန်ကိုအုပ်တာပေါ့။ ဗိုင်းရပ်စ် ခန္ဓာကိုယ် ထဲမှာရှိတဲ့ ဆဲလ်ကိုဝင်မယ်ဆိုရင် ဆူးချွန်တွေက အရင်ဆုံးလာတယ်။ ဆူးချွန်မှာရှိတဲ့ Spike Protein က   ခန္ဓာကိုယ်ထဲမှာ   မျက်စိ၊ နှာခေါင်း၊ ပါးစပ်မှာ ရှိတဲ့  ACE2 receptor  မှာ   လာပေါင်းပြီး  လူရဲ့ ဆဲလ်ထဲကိုဝင်ပါတယ်။   ဒီအခါ   အသင့်ရှိနေတဲ့ ပဋိပစ္စည်းတွေက  ဆူးချွန်ကို  အုပ်လိုက်တဲ့အခါ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်ထဲကို ဝင်လို့ မရတော့ဘူး။ ဝင်လို့မရ‌တော့ ဗိုင်းရပ်စ်က ဘယ်လိုမှ ဒုက္ခပေးလို့ မရတော့ဘူး။ ပျက်စီးသွားတယ်။ 

 


ဒါကြောင့် ကာကွယ်ဆေးက အဓိကဖြစ်ပါ တယ်။ ကာကွယ်ရေးနည်လမ်းတွေကို ပြန်ကြည့်ရင် နည်းလမ်းတွေထဲမှာ ပါးစပ်နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။  ခပ်ခွာခွာနေပါ။ ဒါတွေက တတ်နိုင် သမျှ ရောဂါပိုး ကိုယ့်ဆီကိုမဝင်နိုင်အောင် လုပ်တာ ပါ။    ဒီကြားထဲကမှ   ပိုးကထပ်ပြီးဝင်လာရင် ကာကွယ်ဆေးထိုးထားတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိပစ္စည်းတွေက   ဝင်လာတဲ့ဗိုင်းရပ်စ်ကိုဖမ်းပြီး အုပ်လိုက်တဲ့အခါ ဘယ်လိုမှ ပွားလို့မရတော့ဘူး။ ရောဂါတွေ မဝင်နိုင်တော့ဘူး။ ရောဂါရဲ့ နောက်ဆက် တွဲ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ပရမ်းပတာ တွေ  ဖြစ်စရာမရှိတော့ ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းက ကျသွားတယ်။ ဒါက ကာကွယ်ရေး၊ ကုသရေးမှာ ကောင်းတဲ့အချက်ဖြစ်ပါ တယ်။


နောက်တစ်ခုက   မိသားစုထဲမှာ   ဘယ်လို ကောင်းကျိုးတွေရမလဲဆိုရင် ဗိုင်းရပ်စ်က နှာခေါင်း၊ ပါးစပ်က ဝင်လာတဲ့အခါ ပဋိပစ္စည်းတွေချေဖျက် လိုက်တော့  မတော်တဆ ပိုးဝင်သွားရင်တောင်မှ ဗိုင်းရပ်စ်က သူ့ခန္ဓာကိုယ်ထဲမှာ မရေတွက်နိုင်အောင် အကောင်တွေ    အများကြီးပွားလို့မရတော့ဘူး။ သူ့နှာခေါင်း၊ ပါးစပ်က ထွက်တာလျော့သွားမယ်။ လျော့သွားရင် သူ့မိသားစု၊ သူနဲ့ ထိတွေ့တဲ့သူတွေ ကူးဖို့အတွက် တော်တော်အခွင့်အလမ်းနည်းသွားပြီ။ ဒါကြောင့်  ကာကွယ်ဆေးတွေက  ကူးစက်မှုကို လျော့ကျစေတာ ဖြစ်ပါတယ်။ 

 


ခန္ဓာကိုယ်ထဲမှာ     ဗိုင်းရပ်စ်အကောင်တွေ အများကြီးပွားလို့မရတော့ဘဲ   ရောဂါပြင်းပြင်း ထန်ထန်ဖြစ်ပွားမှုကို  လျော့ကျစေတဲ့အရာကတော့    အလွန်ကောင်းကျိုးရှိတဲ့ကိစ္စပါ။ ကာကွယ်ဆေး တွေက   တစ်ဖက်က   ရောဂါကူးစက်မှုကိုလည်း   ဟန့်တားနိုင်တယ်။   ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားတာကို     လျော့ကျနိုင်တယ်။ သာဓကတွေ လည်း  အများကြီးရှိပါတယ်။  မကြာသေးခင်က တိုင်းကျန်းမာရေး     ဦးစီးမှူးတစ်ယောက်ဆိုရင် ရောဂါအခံတွေလည်းရှိတယ်။     ကာကွယ်ဆေး သာ မထိုးထားဘူးဆိုရင် ရောဂါပြင်းပြင်းထန်ထန် ဖြစ်နိုင်တဲ့အထဲမှာပါတယ်။ အဲဒါကို ဘာမှမဖြစ် ပါဘူး။   ကာကွယ်ဆေးတွေရဲ့ ကောင်းကျိုးက လက်တွေ့မှာလည်း  သိသိသာသာ  ထိရောက်ပါ တယ်။ 
ကမ္ဘာ့နိုင်ငံကြီးတွေက   ကာကွယ်ဆေးကို ရသလောက်၊ နိုင်သလောက် ထုတ်တယ်။ ကိုယ့်လူ တွေ၊   ကိုယ့်နိုင်ငံသားတွေကို  များများရအောင် ထိုးပေးနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောတာ Vaccine Equity ဆိုတဲ့ကိစ္စပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ ကာကွယ်ဆေးလွှမ်းခြုံ နိုင်မှုတွေက တက်နေတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ လိုသေးတယ်။ များများထိုးပေးကြပါဆိုပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပြောသွား တာလည်း တွေ့ပါတယ်။


ထပ်ပြီးမျိုးပွားဖို့မလွယ် 

 


အဲဒီလို ကာကွယ်ဆေးတွေ အများကြီးထိုးနှံ ပေးနေတဲ့အခါ လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းရှိတဲ့အခါ        ကာကွယ်တဲ့ဓာတ်တွေ များလာတယ်။ ပိုးက အဲဒီလူအုပ်စုထဲကို ဝင်ရောက်ဖို့ မလွယ်တော့ဘူး။ မျိုးပြောင်းလို့ ဝင်ရောက်လာခဲ့ ရင်တောင် ထပ်ပြီးမျိုးပွားဖို့မလွယ်တဲ့အခါ အဲဒီလို ကာကွယ်ဆေးလွှမ်းခြုံမှုများတဲ့   နိုင်ငံကြီးတွေ အေးအေးဆေးဆေး    နေနိုင်ပါတယ်။    အခု ‘ဒယ်လ်တာ’ ဝင်လာလည်း သိပ်ပြီးစိတ်မပူတော့တဲ့ အနေအထားဖြစ်နေတာကို တွေ့နိုင်ပါတယ်။ 

 


ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ်တယ်။ များများထိုးနှံဖို့လိုတယ်။   ဒါက  ကာကွယ်ရေး အပိုင်းပါ။  ရောဂါထိန်းချုပ်ရေးအပိုင်းမှာလည်း ဆေးထိုးထားတဲ့သူဆီက ထွက်တာကိုက နည်းသွား ပြီဆို‌တော့ ကူးစက်မှုနှုန်းတွေကလည်း လျော့သွား ပြီ။    နောက်တစ်ခုက    ကုသတဲ့အပိုင်းဆိုရင်လည်း ကာကွယ်ဆေးထိုးထားတဲ့သူက ဆေးရုံတက်ရတဲ့ ပမာဏက အတော့်ကို နည်းသွားပြီ။ ဆေးရုံလည်း  မတက်ရဘူးဆိုတော့      ဆေးရုံတွေကလည်း အေးအေးဆေးဆေးပဲ။ အခု လိုနေတဲ့အောက်ဆီဂျင် ပြဿနာ၊    ခုတင်မရှိတဲ့ပြဿနာ၊   ကျန်းမာရေး ဝန်ထမ်းတွေ      ပင်ပန်းတဲ့ပြဿနာတွေလည်း လျော့သွားမယ်။  ကာကွယ်ဆေးကြောင့်   ဒီလို ရောဂါဖြစ်ပွားမှုလှိုင်းတွေကို   ရင်ဆိုင်တဲ့အခါမှာ ကာကွယ်၊  ထိန်းချုပ်၊  ကုသတဲ့အပိုင်းမှာလည်း အားစိုက်ရတာ တော်တော် လျော့သွားပါမယ်။ 
ကာကွယ်ဆေးကို လူတိုင်းမရခင်ကာလမှာ ပါးစပ်နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ ဒါကို တွဲလုပ်ရပါဦးမယ်။ ဒီနှစ်မှာ ဦးတည်တဲ့အုပ်စုရဲ့ ထက်ဝက်လောက်ကို   ထိုးနှံမယ်။  လာမယ့်နှစ် နှစ်ဝက်လောက်မှာ ရည်ရွယ်ထားတဲ့ဦးတည်အုပ်စု အားလုံးနီးပါးလောက်ကို    ထိုးနှံနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက  ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းတဲ့နိုင်ငံဖြစ်လာမယ်။     လူအုပ်စုထဲမှာ တစ်ယောက်ကနေ တစ်ယောက်ကူးဖို့ မလွယ်တော့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ ခုခံအား ရှိနေပြီဖြစ်လို့ပါ။ 

 


အဲဒီအခါ   နိုင်ငံရဲ့   စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဒါတွေအကုန်လုံးပြန်ပြီး ဖွံ့ဖြိုးလာမယ်။ ကိုဗစ်ကြောင့် ပိတ်ခဲ့ရတာတွေ၊ Stay at Home နေခဲ့ရတာတွေက ရောဂါဖြစ်ပွားမှု ကျဆင်းလာတဲ့ အပေါ်မှာ မူတည်ပြီး အကုန်လုံးတဖြည်းဖြည်းနဲ့ ပြန်ပြီးပွင့်လာမယ်။ အဲဒီအခါ ကျွန်တော်တို့နိုင်ငံက ကိုဗစ်ကို ကျော်လွန်ပြီး ပြန်လည်ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းပေါ်အထိကို တက်သွားနိုင်ပါတယ်။ 

 


ဒါကြောင့် ကာကွယ်ဆေးထိုးနှံရေးက အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အားလုံးကလည်း ပူးပေါင်း ပါဝင်ပေးဖို့   လိုပါတယ်။    ကိုယ့်ကိုယ်ကိုယ် စပြီး ကာကွယ်မယ်။ မိသားစုကို ကာကွယ်မယ်။ ရပ်ရွာကို ကာကွယ်မယ်။ ဒါဆိုရင် မိမိနိုင်ငံအတွက်လည်း တာဝန်ကျေပါတယ်။ ဒါကြောင့်  အလွန်အကျိုး ကျေးဇူးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။    နောက်ထပ် လာမယ့်လှိုင်းတွေကိုလည်း မကြီးအောင် ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ 

 


အစီအစဉ်မှူး။    ။    ဆရာ့အနေနဲ့   အခြားဖြည့်စွက် 


            ပြောကြားလိုတာ   ရှိရင်လည်း ပြောကြားပေးပါ။

 


ဒေါက်တာသန်းနိုင်စိုး။    ။    ကမ္ဘာ့      ကျန်းမာ‌ရေး 
            အဖွဲ့က   “လူတိုင်း ကာကွယ်ဆေးထိုးသင့်တယ်”   လို့  ထောက်ခံ ပြောကြားထားပါတယ်။ နောက်ပြီး မိမိအတွက်ရတဲ့ ကာကွယ်ဆေးက     အကောင်းဆုံးဖြစ်တယ်။ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေဆိုတာ နိုင်ငံတကာကို ထုတ်ရောင်းတဲ့အခါ အမေရိကန် ဒေါ်လာ ၃၀ ပတ်ဝန်းကျင်နဲ့ ရောင်းပါတယ်။ နှစ်ခါ ထိုးမယ်ဆိုရင် ဒေါ်လာ ၆၀ ကျော်လောက် ကျပါတယ်။ မြန်မာငွေနဲ့ဆိုရင်    နှစ်ခါပြည့်ရင်  ကိုးသောင်း၊ တစ်သိန်းနီးပါးကျပါတယ်။   အိန္ဒိယကထွက်တဲ့ Covishield ကတော့ သက်သာပါတယ်။ တစ်ခါစာ ဆိုရင်  လေးဒေါ်လာ၊  နှစ်ခါထိုးရင်  ရှစ်ဒေါ်လာ လောက်ကျတယ်။

 


ဒါတွေကို နိုင်ငံတော်အပိုင်း၊ အလှူရှင်တွေ အပိုင်းနဲ့    တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း လှူဒါန်းတာရှိပါတယ်။ ကျွန်တော်တို့က ကာကွယ် ဆေးကို အခမဲ့ထိုးနှံရတာ ဖြစ်ပါတယ်။ ဒီလိုရနေတဲ့ အချိန်မှာ ပူးပေါင်းပါဝင်ထိုးနှံပြီး အားလုံးအတူတူ ကာကွယ်ဖို့လိုပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ရေရှည်အနိုင်တိုက်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံကြပါ စို့လို့    ကျွန်တော်  ဒီနေရာကနေ တိုက်တွန်း ပြောကြားလိုပါတယ်။

 


အစီအစဉ်မှူး။    ။    အခုလို ပြည့်ပြည့်စုံစုံဖြေကြား
            ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။