
နေပြည်တော် ဇူလိုင် ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က သတင်းအရ တာချီလိတ်မြို့နယ် မိုင်းဆတ်-တာချီလိတ် ကားလမ်း၊ လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်းကျေးရွာအနီးတွင် လီညာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နောင်ချိုမြို့နယ် သီပေါ-နောင်ချို သွားကားလမ်း နောင်ချိုမြို့ အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ရန်နိုင်ဆွေ မောင်းနှင်ပြီး ခိုင်လင်း(ခ)ကိုလေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား