ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ခုနစ်သောင်းခွဲကျော် ရှိလာ

 

ဖနောင်ပင်   ဇူလိုင်   ၂၈ 


ကမ္ဘောဒီးယားနိုင်ငံတွင်    ဇူလိုင် ၂၈ ရက်က   ပြည်ပကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၀၇ ဦး တိုးလာမှုနှင့်အတူ    စုစုပေါင်း ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ၇၆၆ ဦးရှိလာသောကြောင့် နိုင်ငံ အတွင်း     စုစုပေါင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ    ၇၅၁၅၂  ဦး အထိ   ရှိလာကြောင်း ကျန်းမာရေး     ဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်သည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ထပ် ၁၅ ဦး သေဆုံးကြောင်း မှတ်တမ်းတင်ဖော်ပြမှု  နှင့်အတူ     စုစုပေါင်း သေဆုံးသူ ၁၃၃၉ ဦး အထိ    ရှိလာကြောင်း ကျန်းမာရေး      ဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်လိုက်သည်။ 
နောက်ထပ်      ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုမှ     ပြန်လည် ကောင်းမွန်လာသူ    ၉၆၇  ဦး ရှိလာသောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည် နာလန်ထူလာသူပေါင်း ၆၇၆၉၂ဦး အထိ ရှိလာခဲ့သည်။ 
အရှေ့တောင်အာရှ     နိုင်ငံ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးခြင်းကို     ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့သည်။ 
ကမ္ဘောဒီးယား     နိုင်ငံတွင် ကိုဗစ်-၁၉    ကာကွယ်ဆေးထိုး ပြီးသူ ၆ ဒသမ ၉၄ သန်း သို့မဟုတ် ၆ သန်းခန့်ရှိသည်။ 
သို့သော်လည်း  မိမိတို့သည် မိမိတို့၏ ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖြေလျှော့ ပေးမည် မဟုတ်ကြောင်း ကျန်းမာ ရေး  ဝန်ကြီးဌာန၏    ပြောရေး ဆိုခွင့်ရှိသူ       အော်ဗန်ဒင်း က ပြောသည်။                  

ဆင်ဟွာ