ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၀၀၀ စံချိန်တင်တွေ့ရှိ

တိုကျို  ဇူလိုင်  ၂၈

 


ဂျပန်နိုင်ငံ  မြို့တော်တိုကျို၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်တက်လာခြင်းနှင့်အတူ ဂျပန်နိုင်ငံ တစ်ဝန်း၌   တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူ  ၉၀၀၀  တွေ့ရှိကြောင်း သိရသည်။ အဆိုပါအရေအတွက်သည်   နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် အများဆုံးဖြစ်လာခဲ့သည်။

 


နိုင်ငံအတွင်း၌   လက်ရှိတွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေနှင့်ပတ်သက်၍  ဆွေးနွေးရန် ဝန်ကြီးချုပ်ဆူဂါက ကျန်းမာရေးဝန်ကြီး နိုရီဟီဆာ တာမူရာအပါအဝင် ဝန်ကြီးအဖွဲ့ကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

 


ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတွင်းရှိ အခြားဒေသများသို့  ကူးစက်ပျံ့နှံ့သွားရာ  ယခုလ အစောပိုင်းက တစ်နိုင်ငံလုံး၌ နေ့စဉ်ရောဂါကူးစက် မှုနှုန်း ၂၀၀၀ အောက်သာရှိရာမှ ပြီးခဲ့သည့် သီတင်း တစ်ပတ်တွင် နေ့စဉ်ရောဂါကူးစက်မှုနှုန်း ၄၀၀၀ ကျော်၊ ဇူလိုင် ၂၂ ရက်တွင် ရောဂါကူးစက်မှုနှုန်း ၅၀၀၀ နှင့် ဇူလိုင် ၂၇ ရက်တွင်   ရောဂါကူးစက်မှုနှုန်း   ၇၀၀၀ စသည်ဖြင့် မြင့်တက်လာခဲ့သည်။

 


ထို့အပြင်   တိုကျိုမြို့နှင့်   အနီးတစ်ဝိုက်ရှိ ကာနာဂါဝါခရိုင်၌  ၁၀၅၁ ဦး၊  ဆိုင်တမာခရိုင်၌ ၈၇၀ နှင့် ချီဘာခရိုင်၌  ၅၇၇ ဦး စသည်ဖြင့် တစ်ရက်တာ အတွင်း  ကိုဗစ်-၁၉ ရောဂါ  အသီးသီးကူးစက်ခံခဲ့ရ ကြောင်း သိရသည်။        

 

  ကိုးကား - ကျိုဒိုနယူးစ်
ဘာသာပြန် - ဂျေတီ